ည ၈း၄၅ မိနစ်နောက်ဆုံးရသံတွဲမြို့ အ ကြမ်း ဖက် မှု သ တင်း များ
သံတွဲမြို့ နောက်ဆုံးရသတင်း 29.9.2013 သံတွဲမြို့တွင် ရခိုင် အကြမ်းဖက်သမားများ အကြမ်းဖက်ခြင်းများ ဆက်လက်ပြုလုပ်လျက်ရှိရာ အံတော် ကွက်သစ်ရှိ ဦးကိုကြီးမောင်၏ ဆီဆိုင်ကို ည ၁၀ နာရီ ၀န်းကျင်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် အချိန်ဖြစ်သော်လည်း ရခိုင်အကြမ်းဖက်သမားများမှာ သွားလာ လှုပ်ရှားနိုင် လျက်ရှိသည်။ Tin Aung Moe ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ အမှတ် (၃) ရပ်ကွက်၊ ဂန္ဓမာလမ်းနှင့် တာဝတိသာလမ်း ထောင့်ရှိ ဦးလှမြင့် ၏ နေအိမ်ကို ရခိုင် အကြမ်းဖက် သမားများက ည ၇း၃၀ နာရီတွင် မီးရှို့ဖျက်ဆီး လိုက်ကြောင်း သတင်း ရရှိပါသည်။ လုံခြုံရေးများက ဟန့်တား တားဆီးခြင်း မရှိဘဲ၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် အချိန်ထက် ကျော်လွန်လျှင် ဖမ်းဆီးမည် ဟု အသံချဲ့စက်များဖြင့် အော်လျက်ရှိသော်လည်း၊ ယခုကဲ့သို့ မီးရှို့ဖျက်ဆီး နေခြင်းကို အာဏာပိုင် များမှ လွှတ်ထားကြောင်း သိရှိ ရပါသည်။ သံတွဲမြို့ အကြမ်းဖက်မှုများ ဦးဆောင်သူများကို အာဏာပိုင်များ သိရှိသော်လည်း အရေးယူမှု မရှိ ( ၈း၄၅-နာရီ နောက်ဆုံးရသတင်း) ============== စက်တင်ဘာ၊ ၂၉ M-Media သံတွဲမြို့လယ်ရှိ ဂျာမေ့ဗလီအား ဖျ...