ည ၈း၄၅ မိနစ်နောက်ဆုံးရသံတွဲမြို့ အ ကြမ်း ဖက် မှု သ တင်း များ



သံတွဲမြို့ နောက်ဆုံးရသတင်း
29.9.2013

သံတွဲမြို့တွင် ရခိုင် အကြမ်းဖက်သမားများ အကြမ်းဖက်ခြင်းများ ဆက်လက်ပြုလုပ်လျက်ရှိရာ အံတော် ကွက်သစ်ရှိ ဦးကိုကြီးမောင်၏ ဆီဆိုင်ကို ည ၁၀ နာရီ ၀န်းကျင်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် အချိန်ဖြစ်သော်လည်း ရခိုင်အကြမ်းဖက်သမားများမှာ သွားလာ လှုပ်ရှားနိုင် လျက်ရှိသည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ အမှတ် (၃) ရပ်ကွက်၊ ဂန္ဓမာလမ်းနှင့် တာဝတိသာလမ်း ထောင့်ရှိ ဦးလှမြင့် ၏ နေအိမ်ကို ရခိုင် အကြမ်းဖက် သမားများက ည ၇း၃၀ နာရီတွင် မီးရှို့ဖျက်ဆီး လိုက်ကြောင်း သတင်း ရရှိပါသည်။
လုံခြုံရေးများက ဟန့်တား တားဆီးခြင်း မရှိဘဲ၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် အချိန်ထက် ကျော်လွန်လျှင် ဖမ်းဆီးမည် ဟု အသံချဲ့စက်များဖြင့် အော်လျက်ရှိသော်လည်း၊ ယခုကဲ့သို့ မီးရှို့ဖျက်ဆီး နေခြင်းကို အာဏာပိုင် များမှ လွှတ်ထားကြောင်း သိရှိ ရပါသည်။
သံတွဲမြို့ အကြမ်းဖက်မှုများ ဦးဆောင်သူများကို အာဏာပိုင်များ သိရှိသော်လည်း အရေးယူမှု မရှိ ( ၈း၄၅-နာရီ နောက်ဆုံးရသတင်း)
==============
စက်တင်ဘာ၊ ၂၉
M-Media
သံတွဲမြို့လယ်ရှိ ဂျာမေ့ဗလီအား ဖျက်ဆီးမည်စိုး၍ ဗလီအား စောင့်ရှောက်ရန် ရောက်ရှိနေသော မွတ်စ လင်မ် အမျိုးသားများအား လူစုခွဲရန် အသံချဲ့စက်မှပြောသောကြောင့် မွတ်စ လင်မ် အမျိုးသား များမှာ မိမိတို့ နေအိမ်သို့ ပြန်လည် သွားရောက်နေပြီဖြစ်သည်။
သံတွဲအမှတ်(၄)ရပ်ကွက်ရှိ တောင်ပေါ်ဗလီကိုလည်း ဖျက်ဆီးရန် ကြိုးပမ်းလုပ်ဆောင်နေကြကြောင်း သိရှိရသည်။
ယခု အကြမ်းဖက်မှုများကို ဦးဆောင်နေသူမှာ သံတွဲမြို့နေ ကျော်ကျော် ခေါ် သန်းထွန်းကျော် ဖြစ်သည်ဟု သိရှိရသော်လည်း တရားဥပဒေအရ အရေးယူခြင်း မရှိကြောင်း သိရသည်။


ဓါတ်ပုံ- သံတွဲမြို့မှ ဂျာမေ့ဗလီဖြစ်ပါသည်။ (photo-google)

သံတွဲမီး အံတော်ကို ကူးပြီ
Myanmar Muslim Media

စက်တင်ဘာ ၂၉၊ ၂၀၁၃။ (ည ၁၀း၀၀ နာရီ)
သတင်း – မိုးကြယ်စဉ် (MMM) စက်တင်ဘာ ၂၉ ည ၁၀း၀၀ နာရီ အံတော်ဒွါရာဝတီ ကွက်သစ်ဘက် မှာ နေရပ်စွန့်ခွာ သွားသော မွတ်စ်လမ် အိမ်များအား မီးစတင်ရှို့နေပြီလို့ ဒေသခံတွေက မြန်မာမွတ်စ်      လင်မ် မီဒီယာကို သတင်းပေးပို့ပါတယ်။ “အံတော်ဘက်မှာက လွန်ခဲ့တဲ့လက ပြသနာဖြစ်ပြီး မွတ်စ် လင်မ်တွေ မနေတော့ဘူး အဲဒီက အိမ်အလွတ်တွေကို ရခိုင်တွေ မီးရှို့နေတယ် လောလောဆယ် တစ်လုံးပါသွားပြီ သံတွဲ၊ တောင်ကုတ် လမ်းပေါ်က ဓါတ်ဆီဆိုင်ကိုလဲ မီးရှို့ဖို့ ကြိုးစားနေတယ်” လို့ ဒေသခံ  တစ်ဦးက မြန်မာမွတ်စ်လင်မ် မီဒီယာကို သတင်းပေးပို့ ထားပါသည်။ အံတော်ဘက်တွင် အကြမ်းဖက်မှု အန္တရာယ်ကြောင့် နေရပ်စွန့် ခွာသွားသော မွတ်စ်လင်မ် အိမ်လွတ် အလုံး ၅၀ ဝန်းကျင်ခန့် ရှိကြောင်း သိရှိရပါသည်။အံတော်မြို့တွင် မီးရှို့၊ အကြမ်းဖက်မှု စတင်သော အချိန်မှာ ည ၉း၃၀ ဝန်းကျင်ခန့် ဖြစ်ကြောင်း သံတွဲမှ သတင်းပေးပို့ထားပါသည်။
ယခု အံတော် အကြမ်းဖက်ခံရမှုသည် ဒုတိယအကြိမ်မြောက် အကြမ်းဖက်ခံရမှုဖြစ်ကြောင်းသိရှိရပါသည်။
Jack Marson’s status သံတွဲသတင်း နောက်ဆက်တွဲ

အာမီရ်ဆာဗ်ပိုင်တဲ့ ဦးတင်လှိုင်တို့နေတဲ့ အိမ်နှင့် မျက်မှန်ဆိုင် လုပ်တဲ့ ဦးယာဆင်အိမ်၊အာမီရ်း ဆပ်အိမ်ရဲ့ လမ်းတဖက်ခြမ်းဦးအောင်သိန်အိမ်အဖျက်ခံရတယ်၊ အာမီရ်ဆာဗ် အိမ်တော့ မှန်တွေ ကွဲသွားပါ တယ်။အခု လောလောဆယ် အခြေအနေမှာ တည်ငြိမ်နေပြီး မွတ်စလင်မ်တွေ ရွာအပြင် မထွက်ရဘူးလို့ သတင်းရပါတယ်

Comments

Popular posts from this blog

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း

တိုင်းရင်းသားလူမျိုးများ