မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း
by Myo Set (ပါးစပ်သမိုင်း၊ ပါးစပ်ရာဇဝင်နဲ့ နိုင်ငံရေးမှာအရေးကြီးတဲ့ကောက်ချက်တွေကို ဆွဲရင် အန္တရာယ် များတတ်တယ်။ ယမန်နေ့က သမိုင်းသုတေသနနဲ့ Political Behavior ကို ဆန်းစစ်ခြင်းကို အနည်း ငယ်ရေးပြခဲ့တယ်။ Research methodology in History ကိုရေးဖို့ရာမှာ ကျယ်ပြန့် လွန်းလို့အချိန်အခက်အခဲရှိလာတယ်။ကိုယ်အကျွမ်းတစ်ဝင်သိပ်ရှိနေတဲ့နယ်မှမဟုတ်တာကိုး။ ဒီတင် ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ စာကိုဖတ်မိတော့ မြန်မာနိုင်ငံကလိုအပ်တာနဲ့ကွက်တိပဲလို့ ခံစားမိတယ်။ ဒါကြောင့် စာပြန်စီပေးလိုက်ပါတယ်။) သမိုင်းသုနေသနအကြောင်းဟာ လူတွေအများကြီးသိရင်အကောင်းဆုံးပဲ။ သိတဲ့သူတွေကလဲ သုတေသန လုပ်သူတွေကို ကူညီရင်အကောင်းဆုံးပဲ။ ကျောင်းသားတွေဆိုရင် သမိုင်းသုတေ သန လုပ်နည်း လုပ်ထုံး သိထားရင် ကိုယ့်နယ်ကိုယ်ပြန်တဲ့အခါ ဘယ်ဟာက သမိုင်းအထောက်အထား ပစ္စည်းဆိုတာကို နား လည်ပြီး သုတေသနလုပ်သူကို ကူညီတတ်လာမှာပါ။ အခုပြောနေတာက အခုနားထောင်သူတွေထံက အကူအညီလိုလို့လဲပါပါတယ်။ မြန်မာနိုင်ငံသမိုင်းသုတေသနနဲ့ပတ်သက်လို့ အပိုင်း ၃ ပိုင်းခွဲခြားထားပါတယ်။ အဲ့ဒါတွေကတော့ (၁)ဘာကြောင့်သုတေသနလုပ်ရသလဲ (၂) သုတေသနနဲ့ပတ်သက်တဲ့ပြဿနာ (၃) သုတေသနနြဲ့...
Comments
Post a Comment