Breaking News: ကြိုတင်အကွက်ဆင်၍ သံတွဲမြို့ကို အစွန့်ရောက် ရခိုင်များကမွတ်ဆလင်နေအိမ်များကို မီးရှိုးခြငိး
သံတွဲ ။ ။ ရခိုင် ပြည်နယ်၊ သံတွဲမြို့တွင် အစ္စလာမ် ဘာသာဝင် တစ်ဦးနှင့် ဗုဒ္ဓဘာသာ ၀င်တစ်ဦး သာမာန် စကားများ သည်ကို မဟုတ် မမှန် ၀ါဒဖြန့်၍ အစ္စလာမ် ဘာသာဝင် များ၏ နေအိမ် များကို ခဲများ ပစ်ပေါက်၍ အကြမ်းဖက် ဖျက်ဆီးရန် ကြိုးစား လျက်ရှိကြောင်း သတင်း ရရှိပါသည်။
ယမန်နေ့ နေ့လည်ပိုင်း အစ္စလာမ် ဘာသာဝင် ဖြစ်သူ ဦးကျော်ဇံလှ၏ ဆိုင်ရှေ့တွင် ၉၆၉ တံဆိပ် တပ်ဆင် ထားသော သုံးဘီး ဆိုင်ကယ် တစ်စီး ရပ်ထား ခဲ့ရာ၊ ဦးကျော်ဇံလှမှ ကုန်တင် ကုန်ချရန် မလွတ်ကင်း သောကြောင့် ဆိုင်ရှေ့မှ ဆိုင်ကယ်ကို ဖယ်ရှား ပေးရန် ဆိုင်ကယ် ပိုင်ရှင်ကို ပြောဆို ခဲ့သည်။ ဆိုင်ကယ် ပိုင်ရှင်မှ ဦးကျော်ဇံလှ အားဆဲဆိုပြီး၊ ၉၆၉ တံဆိပ်ကို စော်ကား၍ ပြောဆိုသည်ဟု မဟုတ် မမှန် ၀ါဒဖြန့် ခဲ့သည်။ ထို့နောက် သံတွဲမြို့ရှိ မွတ်စလင် များကို အကြမ်းဖက် ရန်ကြိုးစား နေသည့် အကြမ်းဖက် အုပ်စုမှ မြို့တော် ခန်းမ ရှေ့ရှိ ဦးကျော်ဇံလှ၏ အိမ်ကို ၀ိုင်း၍ အကြမ်းဖက် ရန် ကြိုးစား ခဲ့ကြသည်။ သို့သော်လည်း အာဏာပိုင် များရောက် ရှိလာပြီး ဦးကျော်ဇံလှ ကို ဖမ်းဆီး ခေါ်ဆောင် သွားသောကြောင့် အကြမ်းဖက်ရန် အကြံအစည် မအောင်မြင် ခဲ့ကြောင်း သိရှိ ရပါသည်။
အကြမ်းဖက် ရန်ကြိုးစားသည့် အုပ်စုသည် သံတွဲ ရဲစခန်းသို့ လိုက်သွားပြီး ရဲစခန်းကို ၀ိုင်း၍ ဦးကျော်ဇံလှ အားထုတ်ပေးရန် တောင်းဆို ခဲ့ကြပြီး၊ နေ၀င်သည့် အချိန်တွင် လူစု ကွဲသွား ခဲ့သည်။ အာဏာပိုင် များက ည ၉ နာရီ အချိန်တွင် ဖမ်းဆီး ခံရသော ဦးကျော်ဇံလှကို အာမခံဖြင့် ပြန်လည် လွှတ်ပေး ခဲ့သည်။
ယနေ့ နံနက်ပိုင်းတွင် ဦးကျော်ဇံလှကို ပြန်လည် လွှတ်ပေး လိုက်သည့် သတင်းကို အကြမ်းဖက် ရန်ကြိုးစား နေသည့် အုပ်စုမှ ကြားသိပြီး၊ ယနေ့ နေ့လည်ပိုင်းတွင် ဦးကျော်ဇံလှနှင့် အနီးရှိ နေအိမ် သုံးလုံးကို အကြမ်းဖက် အုပ်စုမှ ခဲများဖြင့် ထုခဲ့ကြောင်း သတင်း ရရှိပါသည်။
Comments
Post a Comment