ရခိုင်ပြည်နယ်၊ သံတွဲမြို့ အခြေအနေ သတင်းပေးပို့ချက်



၂၉ စက်တင်ဘာ၊ ၂၀၁၃။ (ညနေ - ၁၈:၂၀)
သတင်း - နိုင်ဦး (MMM)

စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရခိုင်ပြည်နယ် သံတွဲမြို့ မြို့တော်ခန်းမ အနီးရှိ နေအိမ်သုံအိမ်အား ရခိုင် ဗုဒ္ဓ ဘာသာ အကြမ်းဖက် သမားအချို့ ကျောက်ခဲနဲ့ ဝိုင်းဝန်း ပစ်ပေါက် အကြမ်ဖက်မှု့ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တစ်ဦးမှ မြန်မာမွတ်စ်လင်မ် မီဒီယာသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် သတင်းပေးပို့ထားပါတယ်။

ဆက်လက်၍ ၎င်း ဒေသခံမှ ...
"မနေ့က စက်တင်ဘာ ၂၈ရက်နေ့က ဆိုင်ကယ် တက္ကဆီသမားများက အိမ်တစ်အိမ်ရှေ့မှာ ပိတ်ရပ်ထားပါတယ် အဲဒီ အိမ် က ကားထွက်မလို့ ဆိုင်ကယ် တွေကို ဖယ်ပေးဖို့ပြောတော့ သူတို့တွေက မဖယ်ပေးဘူး ဆိုပြီး ကား ဒရိုင်ဘာနဲ့ စကားများတယ်၊ စကားများတဲ့ အပေါ်မှာ အဲဒီ့ ဆိုင်ကယ် တက္ကဆီသမားတွေက ရခိုင်ပါတီကို သွားတိုင်တယ် မွတ်စ်လင်မ်တွေက ဒီလိုလုပ်တယ် ကုလားတွေက ဒီလိုလုပ်တယ်ဆိုပြီး သွားတိုင်တဲ့ အပေါ်မှာ ရခိုင်  ပါတီက လူတွေရောက်လာကြပြီး အဲဒီအိမ်ကို ပြဿနာရှာကြတယ်။ အဲဒီမှာ ရဲကရောက်လာပြီးတော့ အိမ်ရှင်ကို ရဲစခမ်း ခေါ်သွားတယ်။ နောက်ထပ် တခြားရွာက လူတွေ အယောက် ၁၀၀ လောက် ရောက်လာကြပြီး ရဲစ ခမ်းရှေ့မှာ ဝိုင်းပြီးစောင့်နေပြီး ကြိမ်းမောင်းနေကြတယ်။ နောက်ပြီး ရဲတွေ၊ မီးသတ်တွေနဲ့ မြို့နယ်အုပ်ချုပ်ရေး က ရောက်လာတော့ မနေ့က လူစုကွဲသွားတယ်"

ဒီကိစ္စမဖြစ်ခင် တစ်ခုက သံတွဲမြို့မှာ ပထမဆုံး အကြမ်းဖက်ဖို့ လုပ်ဇတ် ခင်းခဲ့တာက တောင်ကုတ်မြို့နယ်က မိန်းကလေး တယောက်ကို မုဒိန်းကျင့်တယ်ဆိုပြီး လုပ်ဇတ်ခင်း ဖမ်းခံထားရတဲ့ မွတ်စ်လင်မ် အမျိုးသား တယောက် ကို တရားရုံးက အမှု့ မခိုင်လုံလို့ အာမခံပေးလိုက်တာကို မကျေနပ်ကြလို့ ပြဿနာ ကို နည်းမျိုးစုံ လိုက်ရှာနေကြ တာ ဖြစ်တယ် လို့ ထို ဒေသခံမှ ဆက်လက် ပြောကြားခဲ့ပါတယ်။

အခုနောက်ဆုံး အခြေအနေက - ဒီနေ့ အဲဒီပြဿနာ ဖြစ်ခဲ့တဲ့ အိမ်နဲ့ အဲဒီ့အနီးမှာရှိတဲ့ မွတ်စ်လင်မ် အိမ် သုံးအိမ်ကို မျက်နှာဖုန်းစွပ်ထားတဲ့ လူတယောက်က အုပ်ခဲပိုင်းနဲ့ အိမ်တွေကိုထုပြီး လူတွေ ဝိုင်းအုံနေကြပြီး လက်ရှိ အခြေ အနေမှာ ရဲတွေရောက်လာတယ် အပျက်အဆီးတော့ မရှိသေးပေမဲ့ အကြမ်းဖက်မှု့များပြုလုပ်ရန် အကြမ်းဖက်လူ  အုပ်ကတော့ အဆင်သင့် စောင့်နေကြောင်း မြန်မာမွတ်စ်လင်မ် မီဒီယာသို့ သတင်းပေးပို့ထားပါ တယ်။

Comments

Popular posts from this blog

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း

တိုင်းရင်းသားလူမျိုးများ