ကင်တားနား၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန် ၂၀၁၄ အထိ ထမ်းဆောင်သွားမည်။


Friday, September 27, 2013

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ် စား လှယ် သောမတ်အိုဟေးကင်တားနား တာဝန်မှ ရပ်ဆိုင်းခြင်းမှာ သတင်းမှားသာဖြစ်ပြီး ၂၀၁၄ မတ် လရောက် မှသာ တာဝန်ပြီးဆုံးမည် ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာန ဆက်သွယ်ရေး အရာ ရှိ ဦးအေးဝင်းက ပြောကြားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တစ်ဦး၏ သက်တမ်းမှာ ခြောက်နှစ်ရှိပြီး ယင်းကိုယ်စား လှယ် များသည် အခကြေးငွေမယူဘဲ Independent Expert များအဖြစ် လုပ်ဆောင်သူများဖြစ်၍ သက်တမ်း ကုန် ဆုံးပါက ထပ်မံထမ်းဆောင်ခွင့် မပြုထားကြောင်း၊ ကင်တားနားသည် မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ၂၀၀၈ ခုနှစ်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာနမှ သိရှိရသည်။
“ကင်တားနား တာဝန်က အနားယူတာက ပုဂ္ဂိုလ်ရေးနဲ့လည်း မဆိုင်ဘူး။ သူရဲ့ လုပ်ဆောင်ချက်နဲ့လည်း မဆိုင်ဘူး” ဟု ဦးအေးဝင်းက ရှင်းပြသည်။

ကင်တားနား အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် တင်ပြမည် ဖြစ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကိုလည်း အစီရင်ခံစာ တစ်စောင်ကို တင်ပြပြီးပါက တာဝန်မှ အနားယူမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကင်တားနားနှင့်အတူ ၂၀၁၄ ခုနှစ်တွင် တာဝန်မှ သက်တမ်းကုန်ဆုံးမည့်သူ ၁၅ ဦး ရှိကြောင်း လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ထံမှ သိရှိရသည်။

မြန်မာနိုင်ငံတွင်လည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ထပ်မံထားရေး မထားရေးမှာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေပေါ် မူတည်ကာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ဆုံးဖြတ်ချက်ချကာ လုပ်ဆောင် မည် ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာနမှ သိရှိရ သည်။

ကင်တားနားသည် မြန်မာနိုင်ငံသို့ အရပ်သား အစိုးရသစ်လက်ထက် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် တရားဝင် လာရောက် လေ့လာခွင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံသို့ တရားဝင် ရှစ်ကြိမ်ထက်မနည်း ရောက်ရှိခဲ့သည်။

ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ရေးသားသည့် အစီရင်ခံစားများတွင် မွတ်ဆလင် အသိုင်းအဝိုင်း အခွင့်အရေး ချိုးဖောက်ခံနေရမှု၊ ပဋိပက္ခများတွင် အာဏာပိုင်များ ပါဝင်မှု၊ အကြမ်းဖက်မှုများကို လျစ်လျူရှုမှု၊ ရိုဟင်ဂျာ များ နိုင်ငံသား အခွင့်အရေးရရန် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဆင်ရန်၊ ရိုဟင်ဂျာများကို သွားလာခွင့် မပိတ်ပင်ရန်၊ ရခိုင်ပြည်နယ်ရှိ နှစ်ဖက် လူ့အဖွဲ့အစည်းများ ယုံကြည်မှု တည်ဆောက်ပြီး ငြိမ်းချမ်းစွာ အတူ နေထိုင်ရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် စသည့်အချက်များ ပါဝင်ခဲ့သည်ကို တွေ့ရှိရသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ပတ်သက်၍ ကင်တားနား ရေးသားသည့် အစီရင်ခံစာများတွင် ရိုဟင်ဂျာများ အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု တစ်ဖက်သတ် ရေးသားတင်ပြသည်ဟုဆိုကာ ၎င်း၏ ရခိုင်ပြည်နယ် ခရီးစဉ် လေးကြိမ်အနက် နှစ်ကြိမ်တွင် ရခိုင်ဒေသခံများ၏ ဆန္ဒပြ ကန့်ကွက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။

မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ်အဖြစ် ယခုနှစ်သြဂုတ်လ အတွင်းက ၁၁ ရက်ကြာ ရောက်ရှိခဲ့သည် ခရီးစဉ်၌ မိတ္ထီလာမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ကင်တားနား စီးနင်းလာသည့် ယာဉ်ကို ဒေသ ခံများ က ကန်ကျောက်ခြင်း၊ ထုနှက်ခြင်းနှင့် ကြုံတွေ့ခဲ့ရပြီး လုံခြုံရေး အကူအညီများလည်း မရှိခဲ့ဟု ၎င်း ကပြော ဆိုခဲ့ပြီး ယင်းအချက်ကို မြန်မာအစိုးရက ငြင်းဆိုထားသည်။

The Voice Weekly

Comments

Popular posts from this blog

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း

တိုင်းရင်းသားလူမျိုးများ