သံတွဲမြို့ အကြမ်းဖက်မှုများ ဦးဆောင်သူများကို အာဏာပိုင်များ သိရှိသော်လည်း အရေးယူမှု မရှိ ( ၈း၄၅-နာရီ နောက်ဆုံးရသတင်း)

စက်တင်ဘာ၊ ၂၉
M-Media

 
 ဓါတ်ပုံ- သံတွဲမြို့မှ ဂျာမေ့ဗလီဖြစ်ပါသည်။ (photo-google)

 သံတွဲမြို့လယ်ရှိ ဂျာမေ့ဗလီအား ဖျက်ဆီးမည်စိုး၍ ဗလီအား စောင့်ရှောက်ရန် ရောက်ရှိနေသော မွတ်စလင်မ် အမျိုးသားများအား လူစုခွဲရန် အသံချဲ့စက်မှပြောသောကြောင့် မွတ်စလင်မ်အမျိုးသားများမှာ မိမိတို့ နေအိမ်သို့ ပြန်လည် သွားရောက်နေပြီဖြစ်သည်။

သံတွဲအမှတ်(၄)ရပ်ကွက်ရှိ တောင်ပေါ်ဗလီကိုလည်း ဖျက်ဆီးရန် ကြိုးပမ်းလုပ်ဆောင်နေကြကြောင်း သိရှိရသည်။

ယခု အကြမ်းဖက်မှုများကို ဦးဆောင်နေသူမှာ သံတွဲမြို့နေ ကျော်ကျော် ခေါ် သန်းထွန်းကျော် ဖြစ်သည်ဟု သိရှိရသော်လည်း တရားဥပဒေအရ အရေးယူခြင်း မရှိကြောင်း သိရသည်။

Comments