Breaking News ၂၉ – ၉ -၂၀၁၃ နေ့ည(၇)နာရီ သံတွဲမြို့သတင်း (စုစည်း)


Breaking News ၂၉ – ၉ -၂၀၁၃ နေ့ည(၇)နာရီ သံတွဲမြို့သတင်း
အခု ည (၇) နာရီ သတင်းအရ အကြမ်းဖက်ရခိုင်များက သံတွဲမြို့ရှိ မွတ်ဆလင်နေအိမ်များကို လိုက်လံမီးရှိုးနေကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ သတင်းရရှိသည်။
မီးရှိုးသည့်နေရာတွင် လုံခြုံရေးများ၊ လုံထိန်းများ မရှိပါ။အကြမ်းဖက်သမားများကို တမင်မီးရှိုး ရန် အကွက်ဆင်ပေးသကဲ့သို့ ရှိဖြစ် နေသည်။
သံတွဲနှင့် အဆက်သွယ်မရအောင် ဖုန်း လိုင်းများကို လည်းတောက်လျှောက် ဖြတ်တောက်ထားသည့် အတွက် အဆက်အသွယ်ပြတ်နေကြောင်း သတင်းရရှိသည်။
Breaking News ကြိုတင်အကွက်ဆင်၍ သံတွဲမြို့ကို အစွန့်ရောက် ရခိုင်များကမွတ်ဆလင်နေအိမ်များကို မီးရှိုးခြငိး
သံတွဲ ။ ။ ရခိုင် ပြည်နယ်၊ သံတွဲမြို့တွင် အစ္စလာမ် ဘာသာဝင် တစ်ဦးနှင့် ဗုဒ္ဓဘာသာ ၀င်တစ်ဦး သာမာန် စကားများ သည်ကို မဟုတ် မမှန် ၀ါဒဖြန့်၍ အစ္စလာမ် ဘာသာဝင် များ၏ နေအိမ် များကို ခဲများ ပစ်ပေါက်၍ အကြမ်းဖက် ဖျက်ဆီးရန် ကြိုးစား လျက်ရှိကြောင်း သတင်း ရရှိပါသည်။
ယမန်နေ့ နေ့လည်ပိုင်း အစ္စလာမ် ဘာသာဝင် ဖြစ်သူ ဦးကျော်ဇံလှ၏ ဆိုင်ရှေ့တွင် ၉၆၉ တံဆိပ် တပ်ဆင် ထားသော သုံးဘီး ဆိုင်ကယ် တစ်စီး ရပ်ထား ခဲ့ရာ၊ ဦးကျော်ဇံလှမှ ကုန်တင် ကုန်ချရန် မလွတ်ကင်း သောကြောင့် ဆိုင်ရှေ့မှ ဆိုင်ကယ်ကို ဖယ်ရှား ပေးရန် ဆိုင်ကယ် ပိုင်ရှင်ကို ပြောဆို ခဲ့သည်။ ဆိုင်ကယ် ပိုင်ရှင်မှ ဦးကျော်ဇံလှ အားဆဲဆိုပြီး၊ ၉၆၉ တံဆိပ်ကို စော်ကား၍ ပြောဆိုသည်ဟု မဟုတ် မမှန် ၀ါဒဖြန့် ခဲ့သည်။ ထို့နောက် သံတွဲမြို့ရှိ မွတ်စလင် များကို အကြမ်းဖက် ရန်ကြိုးစား နေသည့် အကြမ်းဖက် အုပ်စုမှ မြို့တော် ခန်းမ ရှေ့ရှိ ဦးကျော်ဇံလှ၏ အိမ်ကို ၀ိုင်း၍ အကြမ်းဖက် ရန် ကြိုးစား ခဲ့ကြသည်။ သို့သော်လည်း အာဏာပိုင် များရောက် ရှိလာပြီး ဦးကျော်ဇံလှ ကို ဖမ်းဆီး ခေါ်ဆောင် သွားသောကြောင့် အကြမ်းဖက်ရန် အကြံအစည် မအောင်မြင် ခဲ့ကြောင်း သိရှိ ရပါသည်။
အကြမ်းဖက် ရန်ကြိုးစားသည့် အုပ်စုသည် သံတွဲ ရဲစခန်းသို့ လိုက်သွားပြီး ရဲစခန်းကို ၀ိုင်း၍ ဦးကျော်ဇံလှ အားထုတ်ပေးရန် တောင်းဆို ခဲ့ကြပြီး၊ နေ၀င်သည့် အချိန်တွင် လူစု ကွဲသွား ခဲ့သည်။ အာဏာပိုင် များက ည ၉ နာရီ အချိန်တွင် ဖမ်းဆီး ခံရသော ဦးကျော်ဇံလှကို အာမခံဖြင့် ပြန်လည် လွှတ်ပေး ခဲ့သည်။
ယနေ့ နံနက်ပိုင်းတွင် ဦးကျော်ဇံလှကို ပြန်လည် လွှတ်ပေး လိုက်သည့် သတင်းကို အကြမ်းဖက် ရန်ကြိုးစား နေသည့် အုပ်စုမှ ကြားသိပြီး၊ ယနေ့ နေ့လည်ပိုင်းတွင် ဦးကျော်ဇံလှနှင့် အနီးရှိ နေအိမ် သုံးလုံးကို အကြမ်းဖက် အုပ်စုမှ ခဲများဖြင့် ထုခဲ့ကြောင်း သတင်း ရရှိပါသည်။
သံတွဲမြို့တွင် အကြမ်းဖက်သမားများမှ မွတ်စလင်မ်အိမ်များနှင့် ဗလီအား မီးရှို့ရန်ကြိုးပမ်း
===================
စက်တင်ဘာ ၂၉၊ ၂၀၁၃
M-Media
ထွန်းတောက်

မနေ့က ဖြစ်ပွားခဲ့သော သံတွဲမြို့ အခြေအနေတွင် ကမန်တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌအိမ်အား မီးရှို့ရန်လုပ်ဆောင်နေပြီး မအောင်မြင်မှုအပေါ် ယနေ့တွင် အကြမ်းဖက်သမားများမှ လူစုကာ ညနေ ၆း၄၅-နာရီခန့်က စတင်၍ အကြမ်းဖက် မီးရှို့မှုကို သံတွဲမြို့ပေါ်တွင် စတင် လုပ်ဆောင်နေပါတယ်။
ညနေ ၆း၄၅-နာရီခန့်က အမှတ်(၁)၊ မဟာဗန္ဓုလမ်း (၃)ရပ်ကွက်ရှိ ဦးလှမြင့်၏နေအိမ်အား စတင်ရှို့ခဲ့ပြီး တောင်ပေါ်ဗလီကိုလည်း မီးစတင်ရှို့ရန် ကြိုးပမ်းကြံစည်လုပ်ဆောင်နေ ကျ ကြောင်းသိရသည်။
ညနေ ၆း၃၀-နာရီခန့်က ကာဖျူးထုတ်ထားသော်လည်း အကြမ်းဖက် လူအုပ်ကြီးမှာ အကြမ်းဖက်မှုများကို ဆက်လက်လုပ်ဆောင်ဆဲဖြစ်သည်။
ယခုအခါ မီးလောင်နေမှုကြောင့် မီးသတ်ကား ရောက်ရှိသော်လည်း မီးမငြိမ်းသတ်နိုင်သေးပေ။
အစောပိုင်းတွင် ရဲနှင့် စစ်တပ်ရှိနေသော်လည်း မည်သို့မှ လုပ်ဆောင်ခြင်းမရှိပဲ ယခု ၇း၁၅-နာရီခန့် မိုးပေါ်သို့ သေနတ် ၄-ချက် ပစ်ဖောက်လိုက်သော်လည်း ထောင်နဲ့ချီသော လူအုပ်ကြီးကို  လူစုမခွဲနိုင်သေးပဲ ရှိနေပြီး အကြမ်းဖက်သမားများမှ မီးရှို့နေပါတယ်။
ယခု လက်ရှိအချိန်တွင် ဂန္ဓမာလမ်း (၃)ရပ်ကွက်ရှိ ရခိုင်အိမ် ၂-အိမ်ကြားရှိ ဦးယာစင်း၏ ၀င်းမျက်မှန်ဆိုင် ဖြိုဖျက်နေကြောင်း နောက်ဆုံး သတင်းရရှိပါတယ်။
နောက်ဆက်တွဲသတင်းများ ထပ်မံ ဖော်ပြပါမည်။

Comments

Popular posts from this blog

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း

တိုင်းရင်းသားလူမျိုးများ