ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများကို မြန်မာအစိုးရ ကိုင်တွယ်ဖြေရှင်ဖို့ ဗြိတိန်ပြောပြီ

မွတ်ဆလင်နှင့် အခြားလူနည်းစု ဘာသာဝင်များအပေါ် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများ ကို မြန်မာ အစိုးရအနေဖြင့် ကိုင်တွယ်ဖို့လိုကြောင်း ဗြိတိန်အစိုးရက စက်တင်ဘာ ၂၆ရက်နေ့ တွင်ပြုလုပ်သော ကုလ သမဂ္ဂ ၏ မြန်မာ့မိတ်ဆွေများအစည်းအဝေးတွင် ပြောဆိုလိုက်သည်။

မြန်မာအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ရိုဟင်ဂျာအသိုင်းအဝိုင်း၏လိုလားချက်များ ကို ပြောဆိုဖို့လိုကြောင်း ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး ဝန်ကြီး ဟူဂို ရွှားက ပြောဆိုခဲ့သည်။ ဗြိတိသျှသံရုံး၏ ကြေညာချက်အတွင်း လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲများသည် ယုံကြည်လက်ခံနိုင်ဖွယ်ရှိသည်ဟု ယူဆပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်း လဲရေး အတွက်   မြန်မာအစိုးရက ထောက် ခံမည်ဟု   မျှော် လင့်ကြောင်း   နိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုချက်ကို ဖော်ပြထားသည်။
မြန်မာ့မိတ်ဆွေများ (friends of Myanmar) အစည်းအဝေးသို့ မြန်မာအစိုးရက ပထမဆုံးတက်ရောက်ခဲ့သည့်အတွက် အဖွဲ့ဝင်နိုင်ငံများက ဝမ်းမြောက်ကြောင်း အသီးသီးထုတ်ဖော်ပြော ဆို ခဲ့ကြပြီး ဖြစ်ပွားခဲ့သည့် ဘာသာရေး လူမျိုးရေး ဆိုင်ရာ အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ အစိုးရအသီးသီးက သဘောထားများ ထုတ်ဖော်ခဲ့ကြသည်။
ကမာရွတ်မီဒီယာမှ ကူးယူဖော်ပြပါသည်။
Link >>https://www.facebook.com/KamayutMedia/posts/739919056025293

Comments

Popular posts from this blog

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း

တိုင်းရင်းသားလူမျိုးများ