Posts

Showing posts from December, 2013

မြန်မာနိုင်ငံတောင်ဖျားရှိအစ္စလာမ်ဘာသာဝင် ပသျှူးလ မျိုး (မောင်မောင်ကြီး(မန်း)

Image
မြန်မာနိုင်ငံတောင်ဖျားပိုင်း၊တနင်္သာရီကမ်းမြောင်ဒေသပင်လယ်ကမ်းရိုးတန်းတွင်ပသျှူး                                                                        လူမျိုးများအစုအဝေးလိုက်နေထိုင်ကြသည်။ပသျှူးလူမျိုးတို.မှာမြန်မာနိုင်ငံ၏(RacialGene)    မူလမျိုးနွယ်ရင်းများဖြစ်သည်။(Primitiveman)ရှေးကျသောလူများလည်းဖြစ်၍မြန်မာစာပေ            လောကတွင်ဘီလူးဟုခေါ်တွင်ပြီး၊ရက္ခပူရတိုင်းသား၊ရေဘီလူးဟု၊ဓမ္မစေတီကျောက်စာ၊မွန်                                 တို.၏ကလျာဏီကျောက်စာတို.တွင်ရေးထိုးထားကြသည်...

ကမန်အမျိုးသားတိုးတက်ရေးပါတီအား အကြံပြုချက်

Image
လက်ရှိ မြန်မာနိုင်ငံအတွင်းမှာဖြစ်နေတဲ့ ပြသနာ တနည်း အားဖြင့် ရခိုင်ပြည်နယ်အတွင်းမှာ ကမန် လူမျိုးတွေ မတရား မီးရှိုး၊ဖျက်ဆီး၊ သတ်ဖြတ် ခံနေ ရတဲ့ပြသနာကို ဒါမှမဟုတ် အကြမ်းဖက်ခံရပြီး ဒုက္ခ သည်စခန်း ထဲ ကိုရောက်နေတဲ့ ကမန်လူမျိုးတွေရဲ့ ဘ၀ ပြန်လယ်ထူထောင်နိုင်ရေး အတွက် ကမန် လူဦးရေ စရင်းကောက် ခံယုံနှင့် မပြေလည်နိုင်ပါ။ ပါတီ၏ထုတ်ပြန်ထားသော မူဝါဒ သည် ဒုက္ခ   ရောက်    နေသော ကမန်လူမျိုး များအား ကောင်း ကျိုးမပြုနိုင်သည့် အပြင် ကမန်လူမျိုးစုတစ်ခုလုံးအား ဆိုးကျိုး ပိုမိုသက်ရောက်နိုင်ပါသည်။ နိုင်ငံရေးခြုပ်   ထွေးနေသော ကာလတွင် လူမျိုးစုတစ်ခုနှင့်သက် ဆိုင်သော အဖွဲ့အစည်းတစ်ခု၏ ဆုံးဖြတ် ချက်သည် ကောင်းဆိုးအကျိုးသက်ရောက်မှုအား တွက်ချက် စဉ်းစား ရမည့်အပြင် မိမိလုပ်ဆောင်ချက်သည် တခြားအဖွဲ့အစည်းများ၏ အသုံးပြုခြင်းကိုလည်း ခံရနိုင်ပါသည်။ ရခိုင်ပြည်နယ်အတွင်း အခြားမွတ်ဆလင်မ် များနည်းတူ ကမန်မွတ်ဆလာမ်များလည်း အစိုးရ၏ Politicide လုပ်ခြင်းခံခဲ့ရသည်။ ပိုဆိုးသည်မှာ မိမိတို့နှင့် ရာစုနှစ်ပေါင်းအများစွာအတူတကွ နေထိုင်လာခဲ့သော ရခိုင်လူမျိုးများကိုယ်တိုင် အစိုးရနည်းတူ မိမိတို.အား Social Exclusion (လူ့အဖွဲ့အတွင်း...

ကမန်မျိုးနွယ်စု သမိုင်း

History of Kaman by M-Media

ကမန်တိုင်းရင်းသား လူကြီးမိဖများ၊ ကမန်တိုင်းရင်းသား“ကွန်ရက်”များနှင့် ကမန် အမျိုးသား တိုးတက်ရေး ပါတီ ဥက္ကဌနှင့် ဒုဥက္ကဌ(၂)တို့ တွေ့ ဆုံဆွေး နွေး၊ဥက္ကဌ ကြီးက မိမိအနေဖြင့်နိုင်ငံရေး နားမလည်းကြောင်းပြောကြား

Image
  ၁၆.၁၂.၂၀၁၃ နေ့ ကမန်တိုင်းရင်းသားလူကြီးမိဖများ၊ကမန်တိုင်းရင်းသားကွန်ရက်များနှင့်ကမန်အမျိုးသား တိုးတက်ရေးပါတီဥက္ကဌဦးဇော်ဝင်းတို့ တွေ့ ဆုံဆွေးနွေးပွဲတခုကိုကျင်းပပြုလုပ်ခဲ့ပါသည်၊ထိုသို့ ဆွေးနွေးရာ တွင်ဦစွာပထမ ဦးမောင်မောင် (တရားလွှတ်တော်ရှေ့ နေကြီး)က ဥက္ကဌကြီးအားပုဂ္ဂိုလ်ရေးအရ အလွန်လေး စား ပါကြောင်း သို့ သော် ဥက္ကဌကြီး၏ပါတီမှအထွေထွေတွင်းရေးမှူးဆိုသူမှာ ပါတီ၏ အထွေထွေ အတွင်း   ရေး မှူး ဆိုသော ဂုဏ်ပုဒ်ကိုယူကာ ပြည်တွင်းပြည်ပသတင်းမီဒီယာများတွင် ကမန်တမျိုးသားလုံး ကိုထိ ခိုက်စေ မည့်  အင်တာ ဗျူးများအား ကမန်တမျိုးသားလုံးသဘော ဆန္ဒကိုမျက် ကွယ်ပြု   ပြောကြားနေ   သောကြောင့် ကမန် လူကြီးမိဖများနှင့်ကမန်လူထု၏ သဘောဆန္ဒကို နားထောင်နိုင်စေ ရန်တွေ့   ဆုံ ရ ခြင်း ဖြစ်ကြောင်း ဥက္ကဌကြီး အနေဖြင့်အချင်းချင်းစိတ်ဝမ်း ကွဲပြားမှူမရှိအောင် ထိမ်းကျောင် နိုင်စေ   ရန် အလေးထားနားထောင်ပေးစေလိုကြောင်းဦစွာပြောကြားခဲ့ပါသည် ထိုနောက်တက်ရောက်လာသူများမှ ဦးညီညီ(ကမန်အမျိုးသားလူငယ်ကွန်ရက်) အတွင်းရေးမှူးအနေဖြင့်အပြောအဆိုဆင်ခြင်စေလိုကြောင်းသူခိုးဓါးရိုးကမ်းသောလုပ်ရပ်များကိုရှောင်...

စစ်တွေ ကမန်၊ သာရေး နာရေး လူမှုရေး အသင်း မှ ပြည်မရောက် ကမန်များ သိရှိရန် ကျေညာ ချက် ထုတ်ပြန်

Image

ကမန်တိုင်းရင်းသားလူကြီးမိဖများမျက်နှာစုံညီအစည်းအဝေးကျင်းပ ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီအတွင်းရေးမှူးအားနုတ်ထွက်ပေးရန် ထပ်မံတောင်းဆို

Image
 ကမန်တိုင်းရင်း သားလူကြီးမိဖ များမျက်နှာစုံညီအစည်းအဝေးကို(၈.၁၂.၂၀၁၃) နေ့ တွင်ကျင်းပပြုလုပ်ရာ ကမန်တိုင်း ရင်း သားဂုဏ် သရေရှိလူကြီးမိဖများ စစ်တွေ၊ကျောက်ဖြူ၊ရမ်းဗြဲ၊ သံတွဲးမြို့ များနှင့်ပြည်မရောက် ကမန်တိုင်း ရင်း သား များ၊ကမန်အရေးတက်ကြွလှုပ်ရှားသူများ၊ကမန်တိုင်းရင်း သားကွန်ရက်များစုံညီ စွာ တက်ရောက် ကြပါ သည်။ အဆိုပါအစည်းအဝေးတွင် သဘာပဓိအဖြစ် အငြိမ်းစားကျောင်း ဆရာကြီး ဦးကျော်မြင့် မှဆောင် ရွက်၍ သဘာပဓိအဖွဲ့ ဝင် များအဖြစ် ဦးဖေတင် (တရားလွှတ်တော်ရှေ့ နေ)၊ ဦးကိုကိုကျော် (ဥက္ကဌ- ကမန် သာရေးနာရေးဗဟို)၊ဦးထွန်းသိန်း (ရဲအရာရှိငြိမ်း)၊ ဦးခင်မောင်လတ် (အင်ဂျင်နီ ယာ)တို့ ကဆောင် ရွက်ပြီး အခမ်းအနားမှူးအဖြစ်ဦးမောင်မောင်ဦး(ကမန်တိုင်း ရင်းသား လူမှုကွန် ရက်) ကဆောင်ရွက်ပါသည် သဘာ ပဓိဦးကျော်မြင့်မှအဖွင့်အမှာ စကားပြောကြားပြီး၊ ဦးထွန်းသိန်း မှအစည်းအဝေးခေါ်ယူရခြင်းအကြောင်း အရင်း ကိုရှင်းလင်းတင်ပြရာ ကမန်အမျိုးသား တိုးတက်ရေးပါတီမှ အတွင်းရေး မှုး ဦးတင်လှိုင်ဝင်း မှကမန် တမျိုး သားလုံးဆန္ဒ နှင့်ဆန့် ကျင်သော၊ ကမန်တိုင်းရင်းသား များအကျိုးထိခိုက်နစ်နာစေသော ကိစ္စရပ်များ ကိုဆောင် ရွက်နေသောကြောင့်၊ကမန်အမျိုးသား အကျိုး ကို...