ကမန်အမျိုးသားတိုးတက်ရေးပါတီအား အကြံပြုချက်
လက်ရှိ မြန်မာနိုင်ငံအတွင်းမှာဖြစ်နေတဲ့ ပြသနာ တနည်း အားဖြင့် ရခိုင်ပြည်နယ်အတွင်းမှာ ကမန် လူမျိုးတွေ မတရား မီးရှိုး၊ဖျက်ဆီး၊ သတ်ဖြတ် ခံနေ ရတဲ့ပြသနာကို ဒါမှမဟုတ် အကြမ်းဖက်ခံရပြီး ဒုက္ခ သည်စခန်း ထဲ ကိုရောက်နေတဲ့ ကမန်လူမျိုးတွေရဲ့ ဘ၀ ပြန်လယ်ထူထောင်နိုင်ရေး အတွက် ကမန် လူဦးရေ စရင်းကောက် ခံယုံနှင့် မပြေလည်နိုင်ပါ။ ပါတီ၏ထုတ်ပြန်ထားသော မူဝါဒ သည် ဒုက္ခ ရောက် နေသော ကမန်လူမျိုး များအား ကောင်း ကျိုးမပြုနိုင်သည့် အပြင် ကမန်လူမျိုးစုတစ်ခုလုံးအား ဆိုးကျိုး ပိုမိုသက်ရောက်နိုင်ပါသည်။ နိုင်ငံရေးခြုပ် ထွေးနေသော ကာလတွင် လူမျိုးစုတစ်ခုနှင့်သက် ဆိုင်သော အဖွဲ့အစည်းတစ်ခု၏ ဆုံးဖြတ် ချက်သည် ကောင်းဆိုးအကျိုးသက်ရောက်မှုအား တွက်ချက် စဉ်းစား ရမည့်အပြင် မိမိလုပ်ဆောင်ချက်သည် တခြားအဖွဲ့အစည်းများ၏ အသုံးပြုခြင်းကိုလည်း ခံရနိုင်ပါသည်။
ရခိုင်ပြည်နယ်အတွင်း အခြားမွတ်ဆလင်မ် များနည်းတူ ကမန်မွတ်ဆလာမ်များလည်း အစိုးရ၏ Politicide လုပ်ခြင်းခံခဲ့ရသည်။ ပိုဆိုးသည်မှာ မိမိတို့နှင့် ရာစုနှစ်ပေါင်းအများစွာအတူတကွ နေထိုင်လာခဲ့သော ရခိုင်လူမျိုးများကိုယ်တိုင် အစိုးရနည်းတူ မိမိတို.အား Social Exclusion (လူ့အဖွဲ့အတွင်းမှ ဖယ်ထုတ်ခြင်း) လုပ်ခဲ့သည်။ ဤဖြစ်စဉ်သည် ကျွန်တော်လက်ရှိနေ ထိုင်နေသော ဂျာမဏီ နိုင်ငံအတွင်း ဂျူးလူမျိုးများအား မျိုးတုန်းသတ်ဖြတ်မှု မလုပ်မည် နာဇီ ဟစ်တလာ၏ ကြိုတင် စီမံကိန်းချလုပ်ဆောင်ခဲ့သော လုပ်ရပ်များနှင့် တထစ်ချ တူညီနေပါသည်။ မြန်မာနိုင်ငံအတွင်း ဘာသာရေးကိုအခြေခံသော လူမျိုးတုန်း သတ်ဖြတ်မှု တစ်ခု ဖြစ်လာနိုင်သည်ဟု ကမ္ဘာ့ ပညာရှင်များ ခန်းမှန်းထားသည်ကို အလေးထားစဉ်းစားသင့်ပေသည်။ ဤအဖြစ်အပျက်အား ကြိုတင်တားဆီးနိုင်ရန် နိုင်ကာတကာ အဖွဲ့အစည်းများမှ လိမ္မာ ပါးနပ်စွာ ကိုင် တွယ်ဖြေရှင်းနေကြသည်။ လိုအပ်လာပါက စစ်ရေး အရ စစ်ရေးအရ ၀င်ရောက်စွပ်ဖက်နိုင်ပါသည်။ နိုင်ငံရေး ပါတီတစ်ခုအနေဖြင့် ကမ္ဘာအခြေ အနေ၊မြန် မာ့ အခြေအနေ၊ မြန်မာအစိုးရ၏ နိုင်ငံရေး လှည့် ကွက်များ၊ အမေရိကန်နိုင်ငံ၏ အရှေ့အရှ ဘက် သို့မျှားဦး လှည့် လာသော နိုင်ငံခြားရေး ပေါ်လစီ၊ တရုတ် နှင့် အမေရိကန် တို့၏ ပထ၀ီ နိုင်ငံရေးအခင်းအကျင်း စသည်ဖြင့် အခြေအနေအရပ်ရပ်အား မျက်ခြေမပြတ်ဖို့ တိုက်တွန်းလိုသည်။ပါတီအနေဖြင့် လူဦးရေစ ရင်းကောက်ပြီးနိုင် ငံတော် သို့တင် လျှင် ဖြစ်လာနိုင်သော ကောင်းဆိုးအကျိုးဆက်များ......
(၁) မြန်မာနိုင်ငံအတွင်း တခြား မွတ်ဆလာမ် များနှင့် ရောထွေးမှုမရှိသော ကမန်လူဦးရေ စရင်းအား အစိုးရအား တင်ပြသော အဆိုပါစရင်းဝင်ကမန်လူမျိုးများအား တခြားဘာသာခြားတိုင်ရင်းသားများနည်းတူ တူညီသောနိုင်ငံသားအခွင့်အရေးပေးမည်ဟု မျှော်လင့် နိုင်မည်လား။
ပါတီခေါင်းဆောင်များအနေဖြင့် အစိုးရနှင့်ဆွေးနွေးရာတွင် ထိုကဲ့သို့စရင်းပြုစုတင်ပြပေးပါက ကမန်လူမျိုးစုအတွက် အများနည်းတူ အခွင့် အရေး ရရှိမည်ဟု ကတိပြုမှု တစ်ခု ရရှိထားပါက ကမန်လူထုအားပွင့်ပွင့်လင်းလင်းချပြသင့်သည်။
(၂) ပါတီ၏သတင်းထုတ်ပြန်မှုသည် ကမန်လူထုအတွင်း စိတ်ဝမ်းကွဲစရာဖြစ်လာနိုင်သည်။
(၃) ကမန်လူထုအပေါ် မြန်မာမွတ်ဆလာမ်အသိုင်းအ၀ိုင်း၏ ယုံကြည်မှု ပျက်ပြားသွားနိုင်သည်။ (ဤအချက် အားလေးလေးနက်နက်ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။)
အချုပ်ဆိုရသော် မိမိလူမျိုးစု တစ်ခု လုံး ၏ ဂုဏ် သိက္ခာနှင့် ကျန်အကြောင်းခြင်းရာ အားလုံးအား မျက်ကွယ်ပြုပြီး မသေချာသော အခွင့်အရေးတစ်ခုအား ဦးစားပေးနေခြင်းသည် မိမိလူမျိုးစု၏အနာဂါတ်အား ကြိုးတိုက်အတွင်းသို့ ဆွဲခေါ်ရာ ရောက်နေပါသည်။
(ပါတီမှ လူဦးရေစရင်းကောက်ခံမှုအပေါ် ကမန်လူမျိုးများမည်သို့သဘောထား ကြသနည်း)
Comments
Post a Comment