ကမန်တိုင်းရင်းသား လူကြီးမိဖများ၊ ကမန်တိုင်းရင်းသား“ကွန်ရက်”များနှင့် ကမန် အမျိုးသား တိုးတက်ရေး ပါတီ ဥက္ကဌနှင့် ဒုဥက္ကဌ(၂)တို့ တွေ့ ဆုံဆွေး နွေး၊ဥက္ကဌ ကြီးက မိမိအနေဖြင့်နိုင်ငံရေး နားမလည်းကြောင်းပြောကြား



 


၁၆.၁၂.၂၀၁၃ နေ့ ကမန်တိုင်းရင်းသားလူကြီးမိဖများ၊ကမန်တိုင်းရင်းသားကွန်ရက်များနှင့်ကမန်အမျိုးသား
တိုးတက်ရေးပါတီဥက္ကဌဦးဇော်ဝင်းတို့ တွေ့ ဆုံဆွေးနွေးပွဲတခုကိုကျင်းပပြုလုပ်ခဲ့ပါသည်၊ထိုသို့ ဆွေးနွေးရာ
တွင်ဦစွာပထမ ဦးမောင်မောင် (တရားလွှတ်တော်ရှေ့ နေကြီး)က ဥက္ကဌကြီးအားပုဂ္ဂိုလ်ရေးအရ အလွန်လေး စား ပါကြောင်း သို့ သော် ဥက္ကဌကြီး၏ပါတီမှအထွေထွေတွင်းရေးမှူးဆိုသူမှာ ပါတီ၏ အထွေထွေ အတွင်း   ရေး မှူး ဆိုသော ဂုဏ်ပုဒ်ကိုယူကာ ပြည်တွင်းပြည်ပသတင်းမီဒီယာများတွင် ကမန်တမျိုးသားလုံး ကိုထိ ခိုက်စေ မည့်  အင်တာ ဗျူးများအား ကမန်တမျိုးသားလုံးသဘော ဆန္ဒကိုမျက် ကွယ်ပြု   ပြောကြားနေ   သောကြောင့် ကမန် လူကြီးမိဖများနှင့်ကမန်လူထု၏ သဘောဆန္ဒကို နားထောင်နိုင်စေ ရန်တွေ့   ဆုံ ရ ခြင်း ဖြစ်ကြောင်း ဥက္ကဌကြီး အနေဖြင့်အချင်းချင်းစိတ်ဝမ်း ကွဲပြားမှူမရှိအောင် ထိမ်းကျောင် နိုင်စေ   ရန် အလေးထားနားထောင်ပေးစေလိုကြောင်းဦစွာပြောကြားခဲ့ပါသည်

ထိုနောက်တက်ရောက်လာသူများမှ


ဦးညီညီ(ကမန်အမျိုးသားလူငယ်ကွန်ရက်)
အတွင်းရေးမှူးအနေဖြင့်အပြောအဆိုဆင်ခြင်စေလိုကြောင်းသူခိုးဓါးရိုးကမ်းသောလုပ်ရပ်များကိုရှောင်ကျင်
သင့်ကြောင်း

ဦးကျော်လင်း(သံတွဲးကိုယ်စားပြု)
အထွေထွေအတွင်းရေးမှူး၏သြဇာမှာ ဥက္ကဌ ကိုကျော်လွန်နေသည်ဟုထင်မြင်ကြောင်း ကမန်လူထုလက် ခံနိုင်သောပါတီဖြစ်လာစေရန်ဥက္ကဌကြီးအားကျွန်တော်တို့ အနေဖြင့်မည်သို့ ကူညီရမည်ကိုပွင့်ပွင့်လင်းလင်း
ပြောကြားစေလိုကြောင်း

ဦးတင်ထွန်းနိုင်(ကမန်တိုင်းရင်းသားလူမှုကွန်ရက်)
ဥက္ကဌကြီးတို့ ၏ပါတီအနေဖြင့် အမှန်တကယ်ကမန်လူထုကိုကိုယ်စားပြုမည်ဆိုပါက ကမန်လူထု၏ အသံ ကိုနားထောင်ရန်လို အပ်ကြောင်းပါတီ၏ပေါ်လစီမှာ ကမန်တမျိုးသားလုံးအကျိုးဖြစ် ထွန်းပြီကမန် တမျိုး သား လုံးလက်ခံသောပေါ်လစီသာဖြစ်စေချင်ကြောင်း ပြောကြားရာခဲ့ရာ

ကမန်အမျိုးသားတိုးတက်ရေးပါတီဥက္ကဌ ဦးဇော်ဝင်းမှပြန်လည်ပြောကြားရာတွင်
++++++
မိမိအနေဖြင့်နိုင်ငံရေးနားမလည်းကြောင်း ပင်စင်ယူပြီးပျော်ပျော်နေရန်သာ ရည်ရွှယ်ခဲ့ကြောင်း ခေါင်းရှုပ် ရမည့်အလုပ်မလုပ်လို၍ရှေ့ နေလိုင်စင်ပင်မယူခဲ့ကြောင်း နောက်မှလိုလို မယ်မယ်ယူ ခဲ့သောကြောင့်လိုင် စဉ်အမှတ်မှာနောက်ကျ ခဲ့ ရကြောင်း ကမန်အသိုင်းအ၀ိုင်းနှင့်လည်းကင်းကွာပါကြောင်းမိမိ ကိုယ် ကိုယ် ကမန်ဟုပင်မသိခဲ့ ကြောင်း မိမိဖခင်ကိုယ်တိုင်းကလည်းမပြောပြ ခဲကြောင်း၊၂၀၀၀ခုနှစ်နောက်ပိုင်းမှ ကိုယ့် ကိုကိုယ်ကမန်မှန်းသိခဲ့ရကြောင်း ၊ဦးကျော်ငြိမ်းနှင့်ဦးလှတိုး တို့ အမျိုးသားရေးလုပ်ရန်လာရောက်ခေါ်ယူ ပါကြောင်း ထိုနောက်တွင် ကမန်အမျိုးသားတိုးတက်ရေးပါတီထူထောင်သော အခါမမျှော်လင့် ဘဲဥက္ကဌနေ ရာ ရခဲ့ကြောင်း မမျှော်လင့်ဘဲဥက္ကဌနေရာရခဲ့သည်ဆိုခြင်းမှပါတီဥက္ကဌနေရာသည်ရာထူကြီးသည်ဟုဆို လိုခြင်း မဟုတ်ကြောင်း မိမိပါတီဥက္ကဌ အဖြစ်တာဝန်ယူသည်အချိန်ကပင် ယနေထိပါတီ အစည်းအဝေး တိုင်းတွင်ပါတီ C.E.C (၁၆)ဦးစလုံးစုံညီစွာတက်ရောက်ခဲ့ သည်ဟူ၍မရှိခဲ့ ကြောင်း ပါတီC.E.C (၈)ဦးခန့် 
တက်ရောက်သောအစည်အဝေးမှာပါတီသက်တန်းတလျှောက်(၅)ကြိမ်မျှသာရှိကြောင်းအထွေထွေ
အ တွင်း   ရေး မှုး ၏ ပြောဆိုမှုများမှာ မပြောသင့်ဘူးဆိုတာလက်ခံပါကြောင်း မိမိကိုလည်းမတိုင်ပင်ပါကြောင်း သို့ သော်ပါတီ၏အထွေထွေအတွင်းရေးမှုးကိုထုတ်ပြစ်နိုင်သည်အာဏာမိမိတွင်မရှိပါကြောင်း၊ မိမိအနေဖြင့် အတွင်းရေးမှုးအား“ပြောသင့်မပြောသင့်” မပြောလိုကြောင်း အဘယ်ကြောင့် ဆိုသော် အတွင်းရေးမှုးမှာ ထမင်း စားသူတဦးဖြစ်ပါကြောင်း၊ကမန်လူဦးရေကိုလည်းမည်မျှရှိမည်ဟုမိမိမသိပါကြောင်းဦးလှတိုးပြော ၍ ကမန်လူဦးရေတစ်သိန်းရှိသည်ဟုဖြေဘူးပါကြောင်း မိမိတို့ ပါတီအနေဖြင့် မတ်တပ်စမ်းသောအရွှယ် သာ ရှိ ပါကြောင်း အပြေးလေ့ကျင့်ရန်မဖြစ်နိုင်ကြောင်း မိမိအနေဖြင့်နိုင်ငံရေးကိုစိတ်မ၀င်းစာခဲ့ကြောင်း
သို့ ဖြစ် ၍နိုင်ငံရေးနားမလည်းဘူးလို့ ပြောထားပြီးဖြစ်ကြောင်းပြောကြားခဲ့ရာ

ဦးကျော်လင်း(သံတွဲးကိုယ်စားပြု) မှ 
ကမန်အမျိုးသားတိုးတက်ရေးပါတီသည်နိုင်ငံရေးပါတီတခုအဖြစ်မှတ်ပုံတင်ထားခြင်းမှာနိုင်ငံရေးလုပ်ရန်သာ
ဖြစ်သင့်ကြောင်း နိုင်ငံရေးပါတီတခု၏ ဥက္ကဌတဦးအနေဖြင့်နိုင်ငံရေးလုပ်ရန်တိုက်တွန်းပါကြောင်း တိုက် တွန်းပြောကြားပါသည်

ဦးထွန်းသိန်း(ရဲအရာရှိငြိမ်း) မှ 
ကမန်အမျိုးသားတိုးတက်ရေးပါတီအတွင်းရေးမှုအားပါတီအနေဖြင့်အရေးယူဆောင်ရွက်သင့်ကြောင်းပါတီ
ဥက္ကဌကြီးအားပြောကြားခဲ့သည်

ဦးညီညီ(ကမန်အမျိုးသားလူငယ်ကွန်ရက်)မှ
ကမန်အမျိုးသားတိုးတက်ရေးပါတီအတွင်းရေးမှုး၏ပြောဆိုမှုများမှာပါတီ၏မူဝါဒဟုတ်မဟုတ်သိရှိလို ပါ   ကြောင်း အကယ်၍ပါတီ၏မှုဝါဒမဟုတ်လျှင်ပါတီ၏ မှုဝါဒမဟုတ် ကြောင်းကမန် လူထုသိရှိစေရန် ပါတီ အနေဖြင့်တရားဝင်ကြေငြာပေးနိုင်ခြင်းရှိမရှိသိရှိလိုပါကြောင်းမေးမြန်းရာ

ကမန်အမျိုးသားတိုးတက်ရေးပါတီဥက္ကဌ မှမိမိအနေဖြင့်C.E.C အစည်းအဝေးခေါ်ယူမည်ဖြစ်ကြောင်းပြန် လည်ပြောကြားခဲ့ပါသည်အဆိုပါတွေ့ ဆုံဆွေးနွေးပွဲးသို့  ရမ်းဗြဲး၊ကျောက်ဖြူ၊ သံတွဲးမြို့ များမှကမန် တိုင်းရင်း သားများအပြင်စစ်တွေမှဦးသာဒင်(တွဲဖက်အထွေထွေအတွင်းရေးမှူး)ကမန်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(၉၀)၊ဦးကျော်မင်း(ခ)ဦးနိုနို(ဗဟိုအလုပ်အ
မှုဆောင်အဖွဲ့ ဝင်)အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(၉၀)တိုလည်းတက်ရောက်ခဲ့ ကြပါသည်

ကမန်တိုင်းရင်းသားလူမှုကွန်ရက်
(၁ရ.၁၂.၂၀၁၃)
(4 photos)

Comments

Popular posts from this blog

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း

တိုင်းရင်းသားလူမျိုးများ