ကမန်တိုင်းရင်းသားလူကြီးမိဖများမျက်နှာစုံညီအစည်းအဝေးကျင်းပ ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီအတွင်းရေးမှူးအားနုတ်ထွက်ပေးရန် ထပ်မံတောင်းဆို

 ကမန်တိုင်းရင်း သားလူကြီးမိဖ များမျက်နှာစုံညီအစည်းအဝေးကို(၈.၁၂.၂၀၁၃) နေ့ တွင်ကျင်းပပြုလုပ်ရာ ကမန်တိုင်း ရင်း သားဂုဏ် သရေရှိလူကြီးမိဖများ စစ်တွေ၊ကျောက်ဖြူ၊ရမ်းဗြဲ၊ သံတွဲးမြို့ များနှင့်ပြည်မရောက် ကမန်တိုင်း ရင်း သား များ၊ကမန်အရေးတက်ကြွလှုပ်ရှားသူများ၊ကမန်တိုင်းရင်း သားကွန်ရက်များစုံညီ စွာ တက်ရောက် ကြပါ သည်။ အဆိုပါအစည်းအဝေးတွင် သဘာပဓိအဖြစ် အငြိမ်းစားကျောင်း ဆရာကြီး ဦးကျော်မြင့် မှဆောင် ရွက်၍ သဘာပဓိအဖွဲ့ ဝင် များအဖြစ် ဦးဖေတင် (တရားလွှတ်တော်ရှေ့ နေ)၊ ဦးကိုကိုကျော် (ဥက္ကဌ- ကမန် သာရေးနာရေးဗဟို)၊ဦးထွန်းသိန်း (ရဲအရာရှိငြိမ်း)၊ ဦးခင်မောင်လတ် (အင်ဂျင်နီ ယာ)တို့ ကဆောင် ရွက်ပြီး အခမ်းအနားမှူးအဖြစ်ဦးမောင်မောင်ဦး(ကမန်တိုင်း ရင်းသား လူမှုကွန် ရက်) ကဆောင်ရွက်ပါသည် သဘာ ပဓိဦးကျော်မြင့်မှအဖွင့်အမှာ စကားပြောကြားပြီး၊ ဦးထွန်းသိန်း မှအစည်းအဝေးခေါ်ယူရခြင်းအကြောင်း အရင်း ကိုရှင်းလင်းတင်ပြရာ ကမန်အမျိုးသား တိုးတက်ရေးပါတီမှ အတွင်းရေး မှုး ဦးတင်လှိုင်ဝင်း မှကမန် တမျိုး သားလုံးဆန္ဒ နှင့်ဆန့် ကျင်သော၊ ကမန်တိုင်းရင်းသား များအကျိုးထိခိုက်နစ်နာစေသော ကိစ္စရပ်များ ကိုဆောင် ရွက်နေသောကြောင့်၊ကမန်အမျိုးသား အကျိုး ကိုရှေ့  ရှု၍ အချိန်မှီတာဆီးနိုင် ရန်ခေါ်ယူရ ခြင်း ဖြစ်ကြောင်း ရှင်းလင်းတင်ပြပြီး ဦးဖေတင် (တရား လွှတ်တော်ရှေ့ နေ)မှဦးတင်လှိုင်ဝင်း၏ လုပ်ရပ် များကြောင့် ဖြစ်ပေါ် လာနိုင်သောပြသနာ များ၊ကမန်တိုင်း ရင်းသားများသန်းခေါင်စာရင် ဆိုင်ရာသိမှတ် ဖွယ်ရာ များ ကိုရှင်းလင်း တင်ပြပြီးတက်ရောက်လာသူများမှ ကမန်တိုင်းရင်းသားများရင်ဆိုင်နေရ သည့် အခက် အခဲ များနှင့် ဦးတင်လှိုင်ဝင် ၏လုပ်ရပ်များကြောင့် ကမန်တိုင်းရင်းသားများ ထိခိုက်နစ် နာစေမည့် ကိစ္စ များ ကို ၀ိုင်းဝန်း တင်ပြကြရာ အစည်း အဝေး တက်ရောက် လာသူများအနက်မှသံတွဲး မြို့ နယ်ကိုစားပြု ဦးကျော် လင်းမှ ဦးတင်လှိုင်ဝင်း အားပါတီ အတွင်းရေးမှူးတာဝန် မှအမြန်ဆုံးနုတ်ထွက်ပေးရန်နှင့် ကမန် အမျိုးသား တိုး တက်ရေး ပါတီ ဗဟိုအလုပ် မှုဆောင်အဖွဲ့ အား အများဆန္ဒနှင့်အညီပြန်လည်ရွေးချယ်ရန် အဆိုကို တင် သွင်း ရာအစည်း အဝေးတက်ရောက်လာသူများကကန့် ကွက်မှုမရှိ တညီတညွှတ် တည်း ထောက်ခံ ကာ၊ ကမန် အမျိုးသာတိုးတက်ရေးပါတီအနေဖြင့်ဦးတင်လှိုင်ဝင်းအား တာဝန်မှမရပ်စဲပါက မိမိတို့ ပါတီဝင် အဖြစ် မှနုတ်ထွက်ကြောင်းကော်မရှင်သို့  နုတ်ထွက်စာလက်မှတ်ရေးထိုးပေးပို့ မည်ဖြစ်ကြောင်ဆန္ဒပြုခဲ့ကြတယ်လို့  သိရှိရပါသည်။ ဇာခရိ (၈.၁၂.၂၀၁၃)



 
 

 

 




Comments

Popular posts from this blog

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း

တိုင်းရင်းသားလူမျိုးများ