ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမှုတွင် "ပန်းသေး" လူမျိုးများအတွက် အကြံပြုချက် ထုတ်ပြန်
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄
M-Media
ချို
မတ်လ ၃၁ ရက်နေ့မှ ဧပြီ ၁၀ ရက်နေ့ အထိ ကောက်ခံမည့် ပြည်လုံးကျွတ် သန်းခေါင်
စာရင်းကောက်ခံမှုတွင် ပန်းသေး လူမျိုးစုများအတွက် အကြံပြုချက် တစ်စောင်ကို
ပန်းသေးဗလီ ဂေါပက အဖွဲ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဆိုပါကြေညာချက်မှာ ယခု သန်းခေါင်စာရင်းမှာ မြန်မာနိုင်ငံ အရပ်ရပ်တွင် နေထိုင်သည့် "ပန်းသေး" လူနည်းစုတို့၏ လူဦးရေ စာရင်းအား တရားဝင်ထုတ်ပြန်နိုင်ရန် အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း၊ ဗြိတိသျှ၊ ကိုလိုနီခေတ် နှင့် လွတ်လပ်ရေး ရပြိးခေတ်များ တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းများတွင် "ပန်းသေး" လူမျိုး လူနည်းစု အုပ်စုအဖြစ် အစဉ်အဆက် လူဦးရေ စာရင်း တိကျစွာ ထုတ်ပြန်ကြေညာပေးခဲ့ပြီး၊ တိုင်းရင်းသား လူနည်းစု လူမျိုးအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ကြောင်း၊ သိုဖြစ်ပါ၍ ယခင် အိမ်ထောင် စု ဇယားနှင့် နိုင်ငံသားစိစစ်ရေး ကဒ်များတွင် လူမျိုးအမည်ကို မည်သို့ပင် ရေးသွင်းထား သည်ဖြစ်စေ ယခုကောက် ယူမည် သန်းခေါင်းစာရင်း မေးခွန်း (၈) လူမျိုးနေရာတွင် " 914" "ပန်းသေး" ဟူသော အမည်ကို တညီတညွတ် ထဲ ဖြေကြားပေးရန် အကြံပြုတိုက်တွန်းထားပါသည်။
M-Media Link =>http://www.m-mediagroup.com/news/24601
ပန်းသေး သမိုင်း ဖတ်လိုလျှင် => http://www.m-mediagroup.com/news/19622
Image via- ပန်းသေးလူငယ် စာကြည့်တိုက် FB စာမျက်နှာမှ ယူပါသည်။

Comments
Post a Comment