ရှေးဘုရင်များလက်ထက်အစ္စလာမ်ဘာသာဝင်များ


ရခိုင်ပြည်တွင်အစ္စလာမ်ဘာသာပျံ့နှံ့ပုံလေ့လာရာတွင်ရခိုင်ရာဇဝင်ကို လေ့လာရန်လိုသည်။သို့ဖြင့်အကျဉ်းရုံး
သဘောဖြင့်အထောက်အထားနှင့်တကွ ရှင်းလင်းတင်ပြသွားမည်။
ဗိုလ်မှူးမျို့သန့်(ငြိမ်း) ရေးသော ကစ္စပနဒီ မှ ဓညဝတီသစ္စာ – (၂၀၀၈ ခု၊စာပေဗိမာန်ဆုရ စာအုပ်) ကို ကိုးကားထားပြီး ဘေးတွင်စာမျက်နှာနှင့် တကွဖေါ်ပြပေး ထားပါသည်။
ရခိုင်မျိုးရိုးဗီဇဆင်းသက်ပုံကိုထင်ကြေးပေးရာတွင် မွတ်ဆလင်တို့ကရခိုင်ကို မောဂ်(Magh)ဟု ခေါ် သည် ရခိုင်တို့သည် အရှေ့ မဇ္ဈိ မဒေသ မှဆင်းသက် လာသူ များဖြစ်ပြီး ရခိုင် နယ်မြေ သို့ဝင် လာခဲ့ သည် ဟုဆို သည်။ အိန္ဒိယသားတို့က ရခိုင်ပြည် ကိုအာရကန် ဟုခေါ် သည်။ သာကဋ ဘာသာ အရ အာရက္ခ မှဆင်းသက် သည်ဟု ဆိုသည်။ ၁၅ ရာစု ခန့် က ရခိုင်ပြည်ကို အာဂျာရီ (Argyre)ခေါ်ခဲ့ ရာ လက်တင် ဘာသာအရ ငွေမြဟုအဓိပ္ပါယ်ရသည်။(စာ-၈၂)
ဓညဝတီဆိုသည်မှာ ဆန်ရေစပါးပေါများခြင်းဖြစ်၍ ရခိုင်ပြည်တွင် ဆန်ရေစပါးပေါများ သဖြင့် ရခိုင်ပြည် ကို ဓညတီဟုခေါ်ဆိုခြင်းဖြစ်သည်။
ဓညဝတီခေတ် မာရယုမင်းလက်ထက်ကပင် သမိုင်းကြောင်းကြီးခဲ့သည်။မာရယုမင်း သည် ဘီစီ ၃၃၂၅ တွင်ထီးနန်းစံခဲ့ရာ ၆၂ နှစ်ကြာခဲ့သည် ဟုဆိုသည်။ ဓညဝတီခေတ်သုံးခေတ် ရှိခဲ့သည်။ မာရယု မင်းမှစ ၍ နှစ်ပေါင်း ၁၈၁၈ နှစ် ၊ဒုတိယဓညဝတီ၉၂၇ နှစ်ကြာခဲ့သည်။ ဘီစီ ၅၈၀ တွင် စန္ဒသူရိယမင်း က တတိယဓညဝတီ စတင် ထူထောင်ခဲ့သည်။(စာ-၁၁၇)
ဝေသာလီခေတ်ကို ခေတ်ကိုတည်ထောင်သောမင်းမှာ မဟာတိုးစန္ဒြာ ခေါ် ငဒွင်းစန္ဒြာ ဖြစ်သည်။ အေဒီ ၃၂၇ တွင်ထီးနန်းစံခဲ့သည်။(စာ-၁၂၈)
ရခိုင်ပြည် မြောက်ဦး အေဒီ ၁၄၃၀ မှ အေဒီ ၁၅၃၁ ထိနှစ်ပေါင်း ၁၀၁ နှစ် ဘုရင် မင်းစောမွန် တည် ထောင် သည်။ ဒုတ်ယမြောက်ဦခေတ်ကို အေဒီ ၁၅၃၁ မှ ၁၆၃၈ ထိ နှစ်ပေါင်း ၁၁ရ နှစ် မင်းဗာကြီး က တည်ထောင် သည်။ တတိယမြောက်ဦးကို အေဒီ ၁၆၃၈ မှ ၁၇၈၄ ထိ နှစ်ပေါင်း ၁၄၆ နှစ် နရပတိမင်းကြီးက ထူထောင်သည်ဟု ခေတ် သုံးခေတ်ကို ကဗည်းရေးထိုး မှတ်တမ်းတင် ထား သည် ကိုတွေ့ရ သည်။မြောက်ဦးခေတ် စုစုပေါင် စုစုပေါင်း ၃၅၅ နှစ်ကြာ ခဲ့ သည်။
မြောက်ဦးခေတ်တွင် ဒုတိယမြောက်ဦးခေတ်က အင်အားအကြီးမားဆုံးဖြစ်သည်။ မင်းဗာကြီး လက်ထက် မင်းရာဇကြီးအထိ ရေတပ် အင်အား၊ကြည်းတပ်အင် အားကြီးမားပြီး ဘင်္ဂလား ၁၂ ပြည်နယ် ကိုကောင်း စွာ အုပ် ချုပ် နိုင် ခဲ့သည်။မြောက်ဦးကို အင်းဝ ဘုရင် ဘိုး တော်မင်း တရား ၏ သားတော် အိမ်ရှေ့ ဥပရာဇ တိုက်၍ ပျက် စီး သွားခဲ့သည်။ ရခိုင် သက္ကရာဇ် ၇၉၂ (အေဒီ ၁၄၃၀) မင်းစောမွန် စတင်တည်ထောင်ခဲ့သော သက်တမ်း သည် မင်းဆက် ၄၈ ဆက် ရှိပြီး အေဒီ ၁၇၈၅ ခု မှာ ပျက်စီး သွားခဲ့သည်။(စာ ၂၃၃-၂၃၄)
မြောက်ဦးမြို့၏ထူးခြားချက်ကား ကုလားမွတ်ဆလင်များနေခြင်းဖြစ်သည်။ဤသို့ဖြစ်ရခြင်း က လည်း အ ဆန်း မဟုတ်ပေ။ဒုတိယမြောက်ဦးခေတ်တွင် ဘင်္ဂလား ၁၂ ပြည်နယ်ကို ပြန်လည် တိုက် ခိုက် သိမ်း ပိုက် ရာ`၌ စစ်သူကြီးဓမ္မဇေယျသည် ကုလားပြည်မှ ကုလားဘုရင်နှင့်တကွ သုံ့ပန်း တို့ကို ဖမ်းဆီး ခဲ့ရာတွင် မွတ်ဆလင် (၁၀၀၀၀) ကို ဆင်စာမြင်းစာရိတ်အစု၊ မွတ်ဆလင် (၂၀၀၀) ကို ဝါးခုတ်၊သစ်ခုတ် အစု၊ မွတ်ဆလင် (၁၀၀၀) ကိုလယ်လုပ်၊ မွတ်ဆလင် (၁၀၀၀၀) ကိုဟင်းသီးဟင်ရွက်၊ ငရုတ်၊ကြက် သွန်၊ကွမ်း ဆက်အဖွဲ့အစု မွတ်ဆလင် (၂၀၀၀) မိဖုရား၊သားတော်၊ သမီးတော်များ၊ အိမ် ၌ ရေခပ်၊ထင်းခွဲ၊ မွတ်ဆလင်(၂၀၀၀) လေးကိုင်းစစ်သည်၊ မွတ်ဆလင် (၁၀၀၀) ရက်ကန်းရက်မွတ်ဆလင်  (၁၀၀၀) ယာဉ်ထမ်း၊မွတ်ဆလင်  (၁၀၀၀)ဆားချက်၊မွတ်ဆလင် (၁၀၀၀)မြို့တွင်းမြို့ပြင် အမှိုက် ကျုံး၊ သန်ရှင်းရေး စသည်ဖြင့် ကုလားစုစုပေါင်း (၄၇၅၀၀) ဦး ဖမ်းဆီးလာကာတာဝန်ခွဲဝေ အပ် နှင်း ပေးခဲ့ သည် ဟုရေးသား ဖေါ်ပြ ထားသည်။(စာ ၂၅၇-၂၅၈)
ရှေ့ခေတ်ဘုရင်မင်းမြတ်က ဘာသာရေးသွေးခွဲမှု မရှီလွတ်လပ်စွာကိုးကွယ်ခွင့်ပြုသဖြင့် ဗုဒ္ဓ ဘာ သာ များ အပြင် မူဆလင် ဘာသာဗလီများထွန်း ကားခဲ့သည်။ထိုအပြင်ဘုရင်တပ်တွင် ကမန်မျိုး နွယ်စု တို့သည်   လေးကိုင်း စစ် သည် များအဖြစ်လည်းကောင်း၊ ဒိုင်းနက်တို့သည် ဒိုင်းကာ စစ်သည် အဖြစ် လည်းကောင်း ဖွဲ့စည်း ထား ခဲ့လေ သည်။ကမန်တို့သည် မူဆလင်ဘာသာကို ကိုး ကွယ် ကြ သည်။ထို့ကြောင်းပင် ပုဏ္ဏားကျွန်း၊ ဖရုံကာကျွန်း၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီး တောင် ခရီးတစ် လျှောက် ကုလားတို့ အခြေ အမြစ်မျိုးစုံဖြင့် နေထိုင်စားသောက်လုပ်ကိုင် နေ သည်ကိုတွေ့ခဲ့ ရလေ သည်။(စာ ၂၅၈)
(ကိုးကား ။ ။ကစ္စပနဒီမှ ဓညဝတီသစ္စာ – ၂၀၀၈ ခု၊စာပေဗိမာန်ဆုရ စာအုပ်)(သုတပဒေသာ – ဝိဇ္ဇာ)ဆုရ။ ပထမအကြိမ် ထုတ်ဝေသည့်ခုနှစ် ၂၀၁၀ ဇန္နဝါရီလ။ (စာရေးသူ ကလောင်အမည် မောင်မိုးယံ ၊ မူရင်းအမည် ဗိုလ်မှူးမျို့သန့်(ငြိမ်း)။စာပေဗိမာန် စာတည်းမှူးက မှတ်ပုံအမှတ် ၀၇၄၉၂ ဖြင့် ပုံနှိပ်၍ မှတ်ပုံတင်အမှတ် ၀၃၉၁၁ ဖြင့်ထုတ်ဝေသည်။
ရမ်းဗြဲ တောင်ကျောင်းဆရာတော် ရေး ရခိုင်ရာဇဝင်သစ် ပထမအုပ်စတုတ္ထတွဲ ၊ စာမျက်နှာ ၃၅၁/ ၃၅၂/ ၃၅၃ မို့တွင် ငနှလုံမင်း(၁၂၃၄ – ၁၂၃၇)လက်ထက် ကုလားပြာည်ကိုစစ်ထိုးရာ သုံ့ပန်းအဖြစ် (၄၇၅၀၀) ဦး ခေါ်လာပြီး မင်းသုံး၊မိဖုရားသုံး၊မင်းသားသုံး၊မင်းသမီးသုံး မှူးမတ်သုံး အတွက် အသီးသီး အစုနှင့် ခွဲတော်မူ သည်။ ဤကားဓညဝတီအရေးတော်ပုံ`၌ပါသော ငနှလုံမင်း အကြောင်း တည်းဟု ရေး သားဖေါ်ပြ ထားသည်။
Francois Bernier ၏မှတ်တမ်းနှင့် Father Delaunoite ၏ Catholic encyclopedia အရ ၁၆၂၁ မှ ၁၆၂၄ ခှုနှစ်အတွင်းဖမ်းဆီးခေါ်ဆောင်လာသူများမှာ (၄၂၀၀၀) လေးသောင်းနှစ်သောင်း ရှိ သည်ဟု ဆို၏ ဆာအာသာဖယ်ယာက ဖမ်းဆီးခေါ်ဆောင်လာသူဦးရေးသည် ရခိုင်ပြည် စုစုပေါင်း လူဦး ရေး၏ ၁၅ % ရှိသည် ဟု ဆိုထားသည်။ ရခိုင်ဘုရင်ကထိုဖမ်းဆီးယူလာသောလူထဲတွင် အတတ်ပညာ ရှင် ဖြစ် သူ လေးပုံတစ်ပုံ ခန့်ကိုယူ ထားပြီး ကျန်လူများကို တစ်ဦးလျှင် (20 Rs မှ 70 Rs ဖြင့် )ဈေးတင် ရောင်း ချ ခဲ့သည်။ ထိုဖမ်းဆီးကျွန်များကို လက်ဖဝါးဖေါက်ပြီး ကြိမ်လုံးဖြင့်ချည်နှောင်ကာ ကြက်၊ငှက် ကဲ့ သို့ သင်္ဘော ကုန်တွင်း ထဲ ထည့်သွင်းပြီး သယ်ဆောင် လာခဲ့သည်ဟုဆို၏။
(Harvey,Outline of Burmese History Page, 94
မင်းဘာကြီး ခရစ်ဝက္ကရာဇ်(၁၅၃၁ – ၁၅၅၃) နှင့် မင်းရာဇကြီးတို့လက်ထက်က သောင်းထီး ကျွန်းမှ ကုလားလေးထောင်စီ ဖမ်းဆီးခေါ်လာခဲ့ကြောင်း၊ မင်းရာဇာ ပဲခူးသို့ စစ်ချီခဲ့ရာတွင် ကုလား မွတ်ဆလင် သူရဲကောင်း ၅၀၀၀၀ (ငါးသောင်း) သားတော် အိမ်ရှေ့မင်းသား မင်းခမောင်း ပိုမော်တင် ချောင်း၊ သံလျှင်မြို့သို့  စစ်ချီလေသည်ဟု ပါရှိသည်။
မောရစ်ကောလစ်ရေး ဒုတိယတွဲ စာမျက်နှာ ၁၂ တွင် (ထို့ကြောင်းရခိုင်ပြည်သည် ပထမနှစ် (၁၀၀၀) အတွင်းကုလားမင်းများ အဆက်ဆက် အုပ်ချုပ်ခဲ့သည်) ဟူ၍လည်းကာင်း၊စာမျက်နှာ (၁၃) တွင် ခရစ် ၉၅၇ ခှုစ် နောက်ပိုင်းတွင် ရခိုင်ရာဇဝင် စတင်ခဲ့တောသည် ) ဟု လည်းကောင်း စံရွှေပု ကဆိုသည်ဟူ၍ လည်းကောင်း ၊စာမျက်နှာ ၂၁ တွင် ခရစ်နှစ် ၉၅၇ မတိုင်မီက ရခိုင်ပြည်သည် ကုလား ပြည်တစ်ပြည်ဖြစ် ခဲ့သည်ကတောမှန်ပေ၏ ဟူ၍ လည်းကောင်း – စသည်ဖြင့် ဖေါ်ပြထားသည် ။
ရခိုင်ပြည်ကို ဟိန္ဒူဘာသာဝင်များက အေဒီ ၁ ရာစုမှ ၁၁ ရာစု အထိ နှစ်ပေါင်း (၁၀၀၀) ကျော်စိုးမိုး အုပ်ချုပ်ခဲ့သည်ဟု ရေးသားထားသည်။
အထက်ပါစာအုပ်၏နောက်တစ်နေရာတွင် တရံရောအခါ စစ်တွေကျွးန်ကုလားတို့ကို ဓါးပိုင် ကြီး   သောက်ကြယ် က ခေါ်၍ ဆုလာဘ်ပေးကြောင်း ၊မင်းမသိအမတ် မြို့သစ်စား ရွှေသဲ သိစေလျှင် ထို အကြောင်း ကိုလျှေက်ထား လေသော်ဟုပါရှိရာ (ပြည့်ရှင်မင်းမဟာရာဇာ လက်ထက်) စစ်တွေမှာ ထိုစဉ် ကပင် ကုလားမွတ်ဆလင်များ ရှိနေကြောင်းထင်ရှားနေသည်။
ရခိုင်အမျိုးသားစာရေးဆရာများ၏အထက်ပါမှတ်တမ်းများအရ ထိုစဉ်က မူဆလင်ဦးရေ အများ အပြာရှိ သည် ကိုခန့်မှန်း နိုင် သည်။ ဤ အရပ်ရပ် မူဆလင်များသည်ရှူးဂျားမင်းသား ၁၆၆၀ ခုနှစ်ရခိုင် သိုခိုလှုံလာသည် ကာလ ထက် အချိန်ကာလ အားဖြင့် စော နေကိုတွေ့ရသည်။ ရခိုင်ဘုရင် လေးသည် (ကမန်)တပ်ဖွဲ့ဝင် ရှားရှူးဂျား မင်းသား နောက် လိုက်များထက် ရှေးကျသူများဖြစ် သည် ထိုသူတို့ သည် ယနေ့ရခိုင်မွတ်ဆလင်(သို့မဟုတ်)ရိုဟင်ဂျာ များ၏မျိုးဆက်ဟောင်း (Ancestors) များသာဖြစ်သည်။
ရခိုင်ဒေသတွင်ဗုဒ္ဓဘာသာဝင်တစ်ချို့အစ္စလာမ်ဘာသာသို့ကူးပြောင်းခဲ့သည်ဟုဓညဝတီဆရာ တော် ဦးညာဏ ၏ ရခိုင်ရာဇဝင်ဒုတိယတွဲ စာမျက်နှာ (၁၆၁- ၁၆၂) `၌လည်းကောင်း၊ ဦးကြည် မြန်မာ သမိုင်း စာမျက်နှာ (၁၆၀ )`၌လည်းကောင်း ဦးလှထွန်းဖြူ ၏ ငွေစကားရည်လုပွဲစာအုပ် စာမျက်နှာ (၄၇) တွင် လည်း   ကောင်းရေးသားဖေါ်ပြထားသည်ကိုတွေ့ရှိရသည်။
ဤအချက်ကိုထောက်ရှုကြည့်လျှင် ရခိုင်ပြည်တွင် ရခိုင်လူမျိုးများ အစ္စလာမ် ဘာသာကူးပြောင်း ကိုးကွယ်ကြသည်ကို အငြင်းမပွါးးနိုင်ပေ။ ဘာသာကူးပြောင်းကိုးကွယ်သော ရခိုင်များသည် ရခိုင် မူဆလင် များသည်။ ယနေ့ ရခိုင်မျိုးတွင် အစ္စလာန် ဘာသာ မရှိဟု ရခိုင်လူမျိုးများက ပြောဆိုခြင်းသည် တမင် လုပ်ကြံ လီဆယ်ပြီးပြောဆိုခြင်းဖြစ်သည်။
Maurice Collis ရေးသော The Land Of the Great Image အား ဦးလှဒင်က ရွှေရတနာ မြေ အမည်ဖြင်ပြန်ဆိုရေးသာဘာသာပြန်ဆုရစာအုပ်၏ စာမျက်နှာ (၁၉၁) တွင် အေဒီ ၆၃၀ ခုနှစ် က ရခိုင်ပြည် သည် အိန္ဒိယနိုင်ငံအတွင်းပါဝင်ခဲ့၍နေထိုင်သောလူမျိုးများမှလည်း ဘင်္ဂလားပြည် မှလူမျိုး များ နှင့်အသွင် တူကြ သည်။ ထိုနည်းတူဟိန္ဒူဗုဒ္ဓဘာသာနှင့်ဗုဒ္ဓဘာသာ နှစ်မျိုးစလုံးပြိုင်တူထွန်းကားခဲ့ သည့်အထောက် အ ထား များ ရှိသည်ဟုဖေါ်ပြသည်။
အိန္ဒိယတိုက်ငယ်တွင်အထူးသဖြင့်ပါကိစ္စတန်နှင့်ဘင်္ဂလားနယ်တွင် ဟိန္ဒူဘာသာဝင် အများစု သည် အစ္စလာမ် ဘာသာသို့ကူးပြောင်းကိုးကွယ်ရာဘင်္ဂလားပြည်နယ်နှင်ဆက်စပ်လျက်ရှိသော
ရခိုင်ပြည်`၌လည်းမြောက်ပိုင်း`၌လည်းရခိုင်လူမျိုးဟိန္ဒူဘာသာဝင်အများစုမှာအစ္စဘာသာသို့ကူးပြောင်းကိုးကွယ်
လာကြသည်။ ထိုသူများမှာရိုဟင်ဂျာများဖြစ်သည်။
တစ်ချိန်ကပြည်သည်ဘင်္ဂလားသစ္စာတော်ခံအဖြစ်လည်ူကောင်း၊ဘင်္ဂလား(၁၂)မြို့ခေါ် ဘင်္ဂလား ဒေသ သည် ရခိုင်ပြည်၏အင်ပါယာအဖြစ်သို့လည်းကောင်း အပြန်အလှန်ကျရောက်ခဲ့ကြကြောင်း History Of Burma နှင့် သမိုင်းစာအုပ်များတွင်ဖေါ်ပြထားသည်ကိုတွေ့ရသည်။
မှတ်ချက်။ ။ဤသို့ပါလာသောလူများသည် ရခိုင်ပြည်တွင်အခြေချနေ ထိုင်သွားခဲ့ သည်။ ၎င်းတို့သည် ထိုခေတ်ထိုအခါကပင်ရှိနေသော (ယနေ့ရခိုင်ပြည်တွင်တွေ့ရှိရသော) အစ္စလာမ် ဘာသာဝင် များဖြစ် သည်။ ဘင်္ဂလားက မနေ့ တစ်နေ့ က ကူးလာ သော နိုင်ငံခြား သားဘင်္ဂလီ လူမျိုး မဟုတ်ပေ။ ရာစုနှစ်   ပေါင်းများစွာအရင်ကရောက်ရှိနေသော ရခိုင်မူဆလင်(သို့မဟုတ်) ရိုဟင်ဂျာ များဖြစ်ကြောင်း သမိုင်း အ ထောက်အထားအရခိုင်လုံနေသည်။
၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကို ဗမာ ဘုရင် သိမ်းပိုက် သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသရှိ ဂေါလ်ဒေသသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်။   ဂေါလ်ကကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန်ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်း ကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည် ၍ မြောက် ဦးခေတ်ကို စတင် တည်ထောင် ခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရပ်မှစစ် သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါ အမှုတော်တမ်းခဲ့သည်ကိုတွေ့ရှိရ သည်။ ယင်းအာရပ်မှစစ်သည်တော် မျိုးဆက် အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်း ကျင်တွင် နေထိုင်ကြပါသည်။ ယင်း တို့ကို ရခိုင်တို့က ကမန် ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်း သား မျိုးနွယ်စုအဖြစ် အသိ အမှတ်ပြု ထားပါသည်။ ယင်းမူဆလင် ဘာသာဝင် ကမန်တို့သည် ရခိုင်ပြည် ၌ ပြဿနာဖန်တီးခြင်း၊ ရခိုင်တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြု လုပ်ခြင်း မရှိဘဲ၊ ရခိုင်ပြည် နှင့်ရခိုင် လူမျိုး အပေါ် သစ္စာရှိရှိဖြင့် ရခိုင် တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြသော ကမန်လူမျိုး တစ်မျိုးများရှိ သကဲ့သို့ အထက်တွင်ဖေါ်ပြခဲ့သော အစ္စလာမ် ဘာသာကူးပြောင်းြေ့ပာင်း ကိုးကွယ်ကြသောလူတစ်စုမှာ ယနေ့ရခိုင်ပြည်တွင်ခေါ် ဆိုနေသော အစ္စလာမ် ဘာသာကိုးကွယ်ကြ သည့် ရခိုင်မွတ်ဆလင် တိုင်းရင်းသား သို့မဟုတ် (ရိုဟင်ဂျာ) လူမျိုး များပင်ဖြစ်ပါသည်။အထက်ပါ မှတ်ချက် တွင်ရှင်းပြ သကဲ့သို့ ရှိနေခဲ့ သည်။
မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ ပြန့်နှံ့ပုံကို လေ့လာခဲ့ရာ အေဒီ ၈-ရာစုနှင့် ၁၆-ရာစု အတွင်း ပါရှန်း နှင့် အာရဗ်သင်္ဘောများ ရေကြောင်းသွားလာခြင်းသည် အရှေ့ဖျား ပင်လယ်များ တွင်ပင် လယ်များတွင် လွှမ်းမိုး ခဲ့သည်။ ၎င်းပြင် မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေးစခန်း များသို့ လည်း ပါရှန်နှင့် အာရဗ်ကုန်သည်တို့ အခြေ ချ နေထိုင်ခဲ့သည်။ အေဒီ ၁၆၆၀ တွင် အိန္ဒိယ ပြည် ၌ ရှာဂျဟန် ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှာရှုဂျာ သည် နောင်တော် သြရန်အဇစ်နှင့် နန်းလုခဲ့ရာ အရေးနိမ့် သဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂-၁၆၈၄) ထံ အကူအညီတောင်း ခိုဝင်လာခဲ့သည်။ စန္ဒသုဓမ္မ မင်းအား ကတိ မတည်ဟုဆိုရာ ရှာရှုဂျာက ပုန်ကန် ခဲ့ရာ ရှာရှုရျာကျဆုံးခဲ့ပြီး သူ၏ အခြွေအရံများ ကမန် (လေး သည်တော်)တို့အား ရခိုင် ဘုရင်၏ ကိုယ်ရံတော် တပ်ဖွဲ့ ခန့်ထားခဲ့သည်။
စန္ဒ၀ိဇယ (၁၇၁၀-၁၇၃၁)လက်ထက်ကျမှ ထိုကမန်တို့အား နှိပ်ကွပ်ခဲ့သည်။ များစွာ သော ကမန် တို့အား ရမ်းဗြဲ ကျွန်း၊ စစ်တွေအနီး သင်းဂနက်၊ သာယာကုန်းကျေးရွာများသို့ ပို့ထားခဲ့သည်။ ရခိုင် ပြည်နယ် ကမန်မွတ် စလင်မ် တို့အပြင် စစ်တွေမြို့ အရှေ့ပိုင်းဒေသ များ၊ ရမ်းဗြဲကျွန်းနှင့် သံတွဲ တစ်ဝိုက်တွင် တိုင်းရင်းသားဖြစ်ကြ သော အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ရခိုင်များ အနှံ့အပြားရှိ နေသည်။
၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉ အေဒီတွင် တောင်ငူဘုရင် ပဲခူးကို တိုက် ခိုက်ခဲ့စဉ်တွင် ဖမ်းဆီးရမိသော မွတ်စလင်မ်များ ၁၅၄၇ အေဒီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ ကို ၀င်တိုက် ခဲ့စဉ် နှင့် ၁၇၀၇ အေဒီတွင် စနေမင်း၏ အရာရှိများ သံတွဲကို တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့ သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက်ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့စဉ် သန် လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက် မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီးစ အချိန်နှောင်း မှ ရောက် ရှိလာသော သင်္ဘော များမမွတ်စလင် များအား ရွှေဘိုခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့် ခံလူး၌ လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌ လည်း ကောင်း၊ ရမည်းသင်းခရိုင် ယင်းတော် တို့၌လည်းကောင်း နေရာချထားခဲ့ ကြောင်းတွေ့ ရသည်။
ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃-ခုနှစ် (၁၈၀၁ အေဒီ) နယုန်လပြည့်ကျော် ၂-ရက် တွင် ရွှေတိုက်ပုရပိုက်မှ ကျောက်တစ်လုံးကို ဗိုလ်မင်းရဲလှ ကျော်ထင် ရေးကူးသော စစ်တမ်း တွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀၇၆ အထိ နန်းစံသော အင်းဝ စနေမင်း လက်ထက်တွင် ရခိုင်ဘက်မှ ၀င် ရောက်လာသောမွတ်စလင် ၃၀၀၀ ကျော်အား မြန်မာသက္ကရာဇ် ၁၀၇၀ (၁၇၀၉ အေဒီ) တွင်    အောက် ဖော်ပြပါ ၁၂-နေရာ ၌ နေရာချထားခဲ့ ကြောင်းတွေ့ရသည်။

(၁) တောင်ငူ (၂) ရမည်းသင်း (၃) ညောင်ရမ်း (၄) ယင်းတော် (၅) မိတ္ထီလာ (၆) ပင်းတလဲ (၇) တဘက်ဆွဲ (၈) ဘောဓိ (၉) သာစည် (၁၀) စည်ပုတ္တရာ (၁၁) မြေဒူး (၁၂) ဒီပဲယင်း စသည်တို့ တွင် ဖြစ်သည်

အ ထက် ဖော်ပြ ပါ အတိုင်း အစ္စလာမ်ဘာသာဝင်တို့သည် အာရဗ်သင်္ဘောများပျက်၍ ၀င်ရောက်နေ ထိုင် ခဲ့ခြင်းဖြင့် လည်းကောင်း၊ အာရဗ်ပါရှန်ကုန်သည်များ ကူးသန်း ရောင်း ၀ယ် ရေး စခန်း များ ဖွင့်လှစ် ခဲ့ခြင်းဖြင့်လည်း ကောင်း၊ ရေကြည်ရာ မြက်နုရာ သို့ ရွေှ့ပြောင်းနေထိုင် ခဲ့ခြင်းဖြင့် လည်းကောင်း ပျံ့နှံ့လာ ခဲ့ကြောင်း သိရှိရသည်။

ကိုးကားသော ကျမ်းစာအုပ်များ

(1)- Edward Alia, The Arab page – 5
(2)-က (Mosheyegar, The Muslim Of Burma page-10 -1972)
-ခ ဒေါ်ကြည်ဝင်း၏မြန်မာနိုင်ငံပြည်ပကုန်သွယ်ရေး သုတေသနစာတမ်း၊ ၁၉၆၆ ခု သုတေသန ညီလာခံ
-ဂ- မြန်မာသမိုင်းအခြေပြ၊ပထမတွဲ ၊မဆလ .ဌာနချုပ်၊ စာ- ၁၉၆၊
-ဃ-D.G.E Hall,Burma,1950, page-51
3(3)-ဒေါက်တာခင်မောငညွန့်၏(၁၆-၁၇) ရာစု ပေါ်တူဂီ-မြန်မာဆက်ဆံရေးတက္ကသိုလ် ငွေရတုသဘင်ဂျာနယ်။
(4)-a- Dr. Abul Fazl,Anin Akhare (trns:H,Blochan,Culcutta,(1873-1877)
- b-Mirza Nathan,Bahristan Ghaibi,( trns: M Borah Gauhati,1936
- c-Shiha buddin Ahmed,Faty Barria( trans: J.N.Sarkar,Bodlein Librry,Oxford)
(5)- (Dr.S.BN.Kanungo ,The History Of Chattagong Vol,1, page 132)
(6)- (Elliot and dowson,page-73 , History OfIndiatold by its own Historian)
(7)- (မြန်မာဓန မဂ္ဂဇင်း ၊၁၉၉၉ ခု ဇွန်၊ဇူလိုင် ထုတ် နှင့် ကလျာ မဂ္ဂဇင်း ၁၉၉၄ ခု သြဂုတ်လထုတ် ဒေါက်တာသန်းထွန်း၏ (မြောက်ပိုင်းကုန်သွယ)ဖွံ့ဖြိုးတိုးတက် ရေးဆောင်းပါး) မှာအထက်ပါ ပထဝီဆရာ သမိုင်းဆရာများအားကိုး ကားတင်ပြသည်။)
(8)- Sir H . Yule In the Procceding of society Nov. 1832)
(9)- Dr. Kanungo,History of Chattagong, Vol.1 /1979
(10)- ( C-H MOND AF Narary : The Dcca Review Page , 35)
(11)- (သာသနာရောဝါထွန်စေဖို့ ၊ နဝတ အစိုးရထုတ် စာ-၆၇)
(12)- ( Dr. S.B Kanaungo Vol- 1, Page 233, 234)
(13)- History ofBurma, Sir Ather Phyre ,Page-172
(14)- (က) -ဗိုလ်မှူး ဘရှင် ၏ အနော်ရထာ အယင်ကမြန်မာနိုင်ငံ၊
- (ခ)- နိုင်ငပန်းလှ၏ Working People Daily ပါဆောင်းပါး၊ ၃၁ – ၁- ၁၉၇၃ ။
(15)- (Dr.S.B Kanungo, History ofChittagong, Vol. -1
(16)- (Dr.S.B Kanungo, History ofChittagong, Charter-11,Section-3
(17)- Asiatic Research, Calcutter,Vol-5,1881
(18)- Bangla Distric Gezetter,Chittagong,Page-115 AD-1798
(19)- Dr.S.B Kanungo, History ofChittagong,page-22,23 (1979)
(20)- ဒေါက်တာအေးချမ်း၏ ၁၉၇၅- ၇၆ ရခိုင်တန်ဆောင်မဂ္ဂဇင်းအမှတ်(၁၄) ဆောင်းပါး
(21)- (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၀၃-၂၀၀၄ နှစ်ပတ်လည်မဂ္ဂဇင်း စာ၊ ၈၁-၈၄ တွင်ဆောင်းပါး ရေးသူ ဒေါ်စန်းစန်းဝင်း၊တွဲဖက်ပါမောက္ခ၊အရှေ့ပိုင်းဌာန)
(22)- (ရခိုင်ပြည် ဗိုလ်မှူးထွန်းကျော်ဦး(ငြိမ်း)လက်စွဲ စာစောင်-အတွဲ ၆ ၊ခွင့်ပြုမိန့် အမှတ် နသ/ ၀၆၆-၁၉၉၀(စာမျက်နှာ -၂၉)

Comments

Popular posts from this blog

တိုင်းရင်းသားလူမျိုးများ

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း