ကမန်လူကြီးမိဘများမှ သည် ကမန်လူထုသို့

Min Thein


ကမန်လူကြီးမိဘများအနေဖြင့် ကမန်တစ်မျိုးသားလုံး ၏ဂုဏ်သိက္ခာအတွက် မွန်မြတ်သော အလုပ်တစ်ခု အား လုပ်ပြခဲ့သည့်အတွက် ဂုဏ်ယူမိသည်။
ဦးတင်လှိုင်ဝင်း နှင့် ဦးတင်လှိုင်ဝင်းကဲ့သို့သော လူမျိုးများ၏ မယောဂ မကင်းသော အတွေးအခေါ် အယူ အဆများသည် ကမန်လူထုအားဒုက္ခ ရောက်စေနိုင်ပါသည်။ ရခိုင်အစွန်းရောက်တစ်ချို့၏ကမန်များမှ အခြား မွတ် ဆလာမ်များအား ကာ ကွယ်ပေးနေ သည်(သို့) အခြားမွတ်ဆလာမ်များနှင့်   ရောနှောနေသောကြောင့်   ရခိုင်ပြည်နယ်အတွင်း ကမန်လူမျိုးစုများ အကြမ်းဖက်ခံခဲ့ရခြင်းဖြစ်သည် ဟူသော  စွပ်စွဲပြောဆိုမှုများအား လက်ခံယုံကြည်နေသူများအား အလွန်တရာ အံ့သြမိသည်။ ဤကဲ့သို့သော လူပုဂ္ဂိုလ်များသည် ရခိုင်ပြည်နယ် အတွင်းနေထိုင်ကြသော ကမန်လူမျိုး များ၏ အခြေအနေမှန်အား မျက်ကွယ်ပြုနေသူများဖြစ် သည် ဟု ပြောကြား လိုသည်။
ရခိုင်ပြည်နယ်ရှိ အခြားမွတ်ဆလာမ်များနှင့်ရောနှော နေထိုင်သောကြောင့် ကမန်များအကြမ်းဖက်ခံခဲ့ရ သည် ဟု ယုံကြည်နေသူများအား ဥပမာ အနည်း ငယ်ပေးပြီး မေးခွန်းအချို့မေးလိုပါသည်။ မာန်အောင်ကျွန်း တွင် ရခိုင်လူမျိုး များနှင့် ရောနှော နေထိုင်ခဲ့သည်မှာ ကမန်လူမျိုးများမှ လွှဲပြီး အခြား မည်သည့် မွတ်ဆလာမ် အစုအဖွဲ့မှ မရှိခဲ့ပေ။ ကိုယ်းကွယ်ယုံကြည်မှု ဘာသာတရားတစ်ခုမှလွှဲ၍ အခြား မည်သည့်ကွဲပြားခြားနားမှုမှ ကမန်နှင့် ရခိုင်ကြားတွင် မရှိခဲ့ပေ။သို့ဆိုလျှင် အဘယ်ကြောင့် မာန်အောင်ကျွန်းမှ ကမန်လူမျိုးများအား မနေထိုင်နိုင်အောင်(ဘာသာကိုစွန့်လွှတ်မလား၊နယ်မြေကိုစွန့်လွှတ်မလား)ရခိုင်များပြုလုပ်ခဲ့ကြပါ သနည်း။    (စကားချပ်အနေဖြင့် ဘာသာတရားအားမစွန့်လွှတ်ဘဲ၊နယ်မြေအားစွန့် လွှတ်ခဲသော မာန်အောင် ကျွန်း မှ ကမန်မွတ်ဆလာမ်များအားဤနေရာမှ ဦးညွှတ် ဂုဏ်ပြု လိုက်ပါသည်)။ ပီပီပြင်ပြင်မြင်တွေ့နေ ရသော   မြင်ကွင်းတစ်ခုအား မိမိ၏အကျိုးစီးပွား(သို့) မိမိ ၏ အတ္တကြောင့် မဖုန်းကွယ်သင့်ပေ။
ဦးတင်လှိုင်ဝင်း ၏ မွေးရပ်ဇာတိဖြစ်သောရမ်းဗြဲ မြို့ နှင့်ပတ်သက်သော အကြောင်းအရာ အများကြီး ထဲမှ တချို့အား ပြောပြချင်သည်။ တိမ်ပြင်ရွာ နှင့် ကမန်လူမျိုးများ၏ ဆက်စပ်မှု အကြောင်းအား ရမ်းဗြဲမှ ကမန် လူမျိုးများ အထူးသဖြင့် ဘာသာရေးအားအလေးအနက်ထားသော ကမန်လူမျိုးများ မှ ပိုမို သိရှိကြပေမည်။ အဆိုပါ တိမ်ပြင်ရွာတွင် ကမန်မွတ်ဆလာမ်များ သာ ရခိုင်လူမျိုးများနှင့် အတူတူနေ ထိုင်ခဲ့ကြသည်။ တိမ်ပြင် ရွာမှ ကမန်မွတ်ဆလာမ်များအဘယ့်ကြောင့် တိန်းရှောင် ခဲ့ရပါသနည်း။ သမိုင်းဝင် တိမ်ပြင်ဗလီ ၏ အခြေ အနေမှာ မည်သို့ရှိနေသနည်း။ သူတော်စင်များစံပျော်ခဲ့ရာ ရမ်းဗြဲမြို့ရေမျက်တောင် ပေါ်တွင် ကမန်မွတ် ဆလာမ် များအဘယ်ကြောင့် လွှတ်လပ်စွာ အလှူအတန်းလုပ်ခွင့်အား ပိတ်ပင်ခံထား ရပါ သနည်း။ ကမန်မွတ်ဆလာမ်များ သာသိသန့်နေထိုင်သော အဆိုပါ နေရာဒေသ များတွင် ကမန်လူမျိုး များ၏ အခြေခံအခွင့်အရေးများ ဆုံးရှုံးခံခဲ့ရခြင်းသည် ရခိုင်အစွန်းရောက်များစွပ်စွဲနေသကဲ့သို့ အခြားမွတ်ဆလာမ် များကြောင့်လား၊ ဒါမှမဟုတ် ကမန်လူမျိုးများမွတ်ဆလာမ်ဖြစ်နေခြင်းကြောင်းလား။ အတ္တဟိတ အား ဖယ်ခွါပြီး ကြည့်စေချင်သည်။
ကမန်ပါတီသည် ကမန်လူမျိုးများနှင့် သက်ဆိုင်နေသည်။ ကမန်လူကြီးမိဘများနှင့် ကမန်လူထုမှ ငြင်းပယ်နေ သည့်တိုင်အောင် ပါတီမှလက်မခံဘဲ လူဦးရေ စရင်းကောက် ခံမည်ဆိုပါက ပါတီအနေဖြင့် လူထုအတွင်း သို့ဆင်း၍ ကောက်ခံရပေ မည်။ ကမန်လူထုမှ ပူးပေါင်းပါဝင်ပြီး စရင်းမပေးလျှင် ထိုလူဦးရေစရင်း အား မည်သည့်နေ ရာမှ ရရှိနိုင်မည်နည်း။ လူမျိုးစုတစ်ခုအားကိုယ်စားပြုထားသော ပါတီတစ်ခုအနေဖြင့် အဆိုပါ လူမျိုးစု၏ သဘောထားအား မေးမြန်းစုံစမ်းမှုမရှိဘဲ လူမျိုးစုတစ်ခုလုံးနှင့်ဆိုင်သော မူဝါဒတစ်ခုအား ချမှတ် အကောင်အထည်ဖေါ်ရန် ဆုံးဖြတ်ပြီး သတင်းထုတ်ပြန်ရဲသည်မှာ ဒီမိုကရေစီ၏ အခြေခံ စည်းမျဉ်း အား နားလည်မှု အားနည်းနေသေးသည်။
စာရေးသူအနေဖြင့် ကမန်လူငယ်ထုအားအကြံပြုလိုသည်မှာ ရခိုင်ပြည်နယ်ဒုက္ခသည် စခန်းများ အတွင်း   ရောက် ရှိနေသော ကမန်မိသားစု ၀င်များ၏ သဘောထား အမှန်အား ကောက်ခံပြီး လူအများ သိရှိနိုင် ရန်ဖေါ်ပြသင့်သည်။ ကမန်ပါတီ၏ သဘောထားထုတ်ပြန်ချက်အပေါ် ကမန်လူကြီးမိဘများ၏ သဘော ထားမှတ်ချက် များ၊ မြန်မာမွတ်ဆလာမ်ထု၏သဘောထားမှတ်ချက်များ အား အဆိုပါ ကမန်လူထု အတွင်း အသိပေးပြောပြသင့်ပေသည်။

မင်းသိန်း
(၂၈.၁၁.၂၀၁၃)

Comments

Popular posts from this blog

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း

တိုင်းရင်းသားလူမျိုးများ