= = = သံတွဲခရိုင်မှ ကမန်၊ မြေဒူး၊ အိန္ဒိယ ဇာတိသားများ၊ အိန္ဒိယ စကားပြောသူများ၊ မဟိုမေဒင် နှင့် ဟိန္ဒူ = = = KMS 4 OCT 2013
သံတွဲ စီရင်စု (ယခု အခေါ်ဖြင့် သံတွဲ ခရိုင်) - Sandoway District= လူဦးရေ - Population =
ခရိုင်၏ လူဦးရေသည် ၁၈၂၈ ခုနှစ်တွင် ၂၀၀၀၀ ခန့်မှ ၁၉၁၁ ခုနှစ်တွင် ၁၀၂,၈၀၃ သို့ တိုးလာသည်။
The population of the district has increased from about 20,000 in 1828 to 102,803 in 1911.
ထိုအချိန် (၁၈၆၅ ခုနှစ်)မှ စ၍ အရေအတွက်သည် အောက်ပါ ကိန်းဂဏန်းများက ပြဆိုသည့်အတိုင်း မှန်မှန် တိုးလာခဲ့သည်။
၁၈၇၂ - ၅၅,၃၂၅ ။ ၁၈၈၁ - ၆၃,၁၈၂ ။ ၁၈၉၁ - ၇၈,၅၀၉ ။ ၁၉၀၁ - ၉၀,၉၂၇ ။ ၁၉၁၁ - ၁၀၂,၈၀၃ ။
Since then (1865), the number has steadily increased, as the following
enumerations show: 1872, 55,325; 1881, 63,182; 1891, 78,509; 1901,
90,927; 1911, 102,803.
= ဗမာ မဟိုမေဒင်များ - Burman Mahomedans =[Burman Gazetteer: Sandoway District – Volume I – 1912 - W D Tydd - စာမျက်နှာ ၁၈ နှင့် ၁၉]
ဗမာ မဟိုမေဒင်များတွင် ကွဲပြားသော အုပ်စုနှစ်ခု ရှိသည်။ လေးကို ခေါ်သည့်
အူရဒူ စကားလုံးမှ ယူထားသော ကမန် ဟူ၍ သိကြသည့် အရေအတွက်ပိုများပြီး
ပိုရှေးကျသော အုပ်စုမှာ ကံမကောင်းရှာသော ရှာရှုဂျာ ၏ နောက်လိုက်နောက်ပါများ
အနက်မှ လေးသမားများ၏ အဆက်အနွယ်များ ဖြစ်ကြ၏။ သူ အသတ်ခံ ရပြီး
နောက်ပိုင်းတွင် ၎င်းတို့သည် ရခိုင်ဘုရင်များ လက်အောက်၌ အမှုထမ်းကြ၏။ ဤနေရာသို့
သူတို့သည် ရမ်းဗြဲမှ လာကြကာ ရခိုင်လေသံဖြင့် ပြောဆိုကြလျှက် သံတွဲမြို့
အနောက်ဖက် ၃မိုင်အကွာရှိ ရွာလေးရွာနှင့် သံတွဲမြို့ မြောက်ဖက်
သှဒေးတိုက်နယ်ရှိ ရွာသုံးရွာတွင် တွေ့ရသည်။
There are two distinct
groups of Burman Mahomedans. The more numerous and older group known as
Kamans from the Urdu word for a bow, are descendants of the archers
among the followers of the unfortunate Shah Shuja. These after he had
been murdered took service under the Arakanese kings. They came here
from Ramree, speak the Arakanese dialect, and are found in four villages
3 miles west of Sandoway in three villages of Thade circle north of
Sandoway.
မြေဒူးဟု သိကြသော အခြားအုပ်စုကို သံတွဲမြို့ပေါ်၌သာ တွေ့ရသည်။
သူတို့သည် ဗမာစကားပြောကြ၍ ဗမာတို့၏ အောင်နိုင်မှု နောက်ပိုင်း သံတွဲတွင်
ထားရစ်ခဲ့သော ခံတပ်မှ မဟိုမေဒင် အစိတ်အပိုင်း၏ အဆက်အနွယ်များဖြစ်သည်ဟု
ဆိုကြ၏။ သူတို့၏ အထက်အဆက်များသည် နောက်ဆုံးနေရာအဖြစ် ရွှေဘိုစီရင်စု
(ခရိုင်) ရှိ မြေဒူးမှ လာကြသောကြောင့် သူတို့ကိုယ်သူတို့ မြေဒူးဟု ခေါ်သည်။
The other group known as Myedu is found only in Sandoway town. They
speak Burmese and claim to be descendants of the Mahomedan portion of
the garrison left in Sandoway after the Burman conquest. They call
themselves Myedu because their progenitors came lastly from Myedu in the
Shwebo District.
၁၈၅၂ ခုနှစ်တွင် အုပ်စုနှစ်ခုစလုံးတွင်
ပါဝင်သူများသည် အရေအတွက် ၁၅၀၀ မျှ ဖြစ်၏။ ၁၈၇၂ ခုနှစ်တွင် စုစုပေါင်းမှာ
၁၅၈၇ သာ ဖြစ်၏။ သို့သော် ၁၉၀၁ ခုနှစ်တွင် အရေအတွက်ကို ၃၀၀၀ ခန့်ဟု
စာရင်းပေးထား၏။ (၁၉၁၁)ခုနှစ်တွင် (၃၆၇၆)ဟု ပေး၏။ သူတို့၏ ဘာသာရေးတွင်၊
သူတို့၏ ဘာသာရေးက ညွှန်ကြားသည့် လူမှုရေးထုံးစံများတွင် မှတပါး ထို ဗမာ
မဟိုမေဒင်များကို သူတို့၏ ဗမာနှင့် ရခိုင် အိမ်နီးချင်းများမှ
ခွဲမရနိုင်ပေ။
In 1852 the members of both groups numbered about
1500; in 1872 the total was only 1587, but in 1901 the number was given
as about 3000 and in 1911 as 3676. Except in their religion and in the
social customs their religion directs, these Burman Mohomedans are not
distinguishable from their Burmese and Arakanese neightbours.
= အိန္ဒိယ ဇာတိသားများ - Natives of India =
[Burman Gazetteer: Sandoway District – Volume I – 1912 - W D Tydd - စာမျက်နှာ ၁၉]
ခရိုင်အတွင်း ကြာရှည်စွာ အခြေချခဲ့ကြပြီးဖြစ်သည့် ကျောက်ဖြူ[ခရိုင်]မှ
မဟိုမေဒင်နှင့် ဟိန္ဒူ မိသားစုများ ကဲ့သို့ပင် အများအပြားမှာ
[အင်္ဂလိပ်အင်ပါယာသို့] သွပ်သွင်းမှုတွင် [ပြည်ကျော်၍]အပို့ခံရသော အရာရှိများ၏
အဆက်အနွယ်များ ဖြစ်ကြ၏။ [ကုလားစစ်ဗိုလ်၊ ကုလားအရာရှိများ၏ အဆက်အနွယ်များဟု
ဆိုလိုဟန် တူသည်။ ? ပညာရှင်များ ဝေဘန်ပေးကြပါဟု မေတ္တာရပ်ခံပါသည်။] အိန္ဒိယ
ဇာတိသားများအနက် ကျန်သူတို့တွင် အများစုသည် ဘင်္ဂေါနှင့် စစ်တကောင်းမှ
ရွှေ့ပြောင်း ၀င်ရောက်လာကြသူများ ဖြစ်သည်။ အနည်းငယ်မှာ မဒရပ် [ယခု
ချင်နိုင်း]ကမ်းခြေမှ ငါးဖမ်းသမားများ ဖြစ်၏။ သူတို့သည် ၁၈၇၂ ခုနှစ်တွင်
၅၀၄ ဦး အရေအတွက် ရှိပြီး ၁၉၀၁ ခုနှစ်တွင် ၁၄၇၄ ဖြစ်ကာ ၁၉၁၁ ခုနှစ်တွင် ၉၆၁
သာ ရှိသည်။
As in the case of Kyaukpyu families of Mahomedans and
Hindus have long been established in the district, many are descendants
of officials imported at the annexation. The rest of the natives of
India are immigrants mostly from Bengal and Chittagong. A few are
fishermen from the Madras coast. They numbered 504 in 1872, 1474 in
1901, and only 961 in 1911.
= ဘာသာစကားများ - Languages =
[Burman Gazetteer: Sandoway District – Volume I – 1912 - W D Tydd - စာမျက်နှာ ၁၉]
အိန္ဒိယဘာသာစကားများကို ၉၆၀ ဦးက ပြောသည်။ ယင်းအနက် အဓိကမှာ ဘင်္ဂေါစကား စစ်တကောင်းလေသံ ဖြစ်၏။
Indian languages (are spoken) by 960, the chief of which is the Chittagonian dialect of Bengal.
= ဘာသာရေး - Religions =[Burman Gazetteer: Sandoway District – Volume I – 1912 - W D Tydd - စာမျက်နှာ ၁၉ နှင့် ၂၀]
၁၉၀၁ ခုနှစ်တွင် လူဦးရေ၏ ၈၇ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်၏။ [၁၉၀၁ - ၉၀,၉၂၇ ဖြစ်ရာ ၈၇ ရာခိုင်နှုန်းမှာ - ၇၉၁၀၆.၄၉။]
In 1901, 87 per cent of the population were Buddhists.
မဟိုမေဒင်များမှာ ၃၉၀၀ အရေအတွက်ရှိပြီး ဟိန္ဒူ ၅၅၈ ဦး ရှိသည်။ Mahomedans numbered 3900 and there are 558 Hindus. ၁၉၀၁ခုနှစ်တွင် ခရစ်ယာန်ဘာသာဝင် ၅၂၈ ဦး အရေအတွက်ရှိသည်။
The 528 Christians enumerated in 1901.
[Gazetteer of Burma 1880 – Volume II - ဒုတိယအကြိမ်၊ ၁၉၈၇၊ စာမျက်နှာ ၆၁၉
တွင် မဟိုမေဒင် ဦးရေကို ၂၀၂၀၊ စာမျက်နှာ ၆၂၀ တွင် ၂၁၂၀ ပေးထားရာ Burma
Gazetteer: Sandoway District 1912 ပါ ၁၈၇၂ ကမန်၊ မြေဒူးနှင့် အိန္ဒိယ
ဇာတိသား မဟိုမေဒင် အားလုံးပေါင်းလျှင် ၁၅၈၇+၅၀၄=၂၀၉၁ ဖြစ်ရာ ၇၁ ပိုသည်
သို့မဟုတ် ၂၉ ဦး လျော့သည်။ ၂၁၂၀ ဟူသော ကိန်းဂဏန်းက ပိုမို နီးစပ်မှု ရှိမည်
ထင်သည်။ သို့သော် ထို ၅၀၄ ဦးတွင် ဟိန္ဒူများ ပါနိုင်သည်ကို သတိပြုရာ၏။
ဟိန္ဒူဦးရေမှာ ၁၉၀၁ ခုနှစ်တွင် ၅၅၈ ဦး ရှိသည်။ ၁၉၁၁ ခုနှစ်တွင် အများစုမှာ
ဘင်္ဂလီစကားပြောသည့် အိန္ဒိယစကားပြောသူ ၉၆၀ ရှိသည်။ ထိုကိန်းဂဏန်းသည် ၁၉၁၁
ခုနှစ်ရှိ အိန္ဒိယ ဇာတိသား ၉၆၁ ဦးနှင့် တစ်ဦးသာ ကွာ၏။ ၁၉၀၁ ခုနှစ်တွင်
မဟိုမေဒင် ဦးရေမှာ ၃၉၀၀ ဟု ဆိုသည်။
မည်သို့ဆိုစေ ၁၉၀၁ ခုနှစ်
ကမန်နှင့် မြေဒူး နှစ်မျိုးပေါင်း ၃၀၀၀ ရှိသည်ဟု ဆိုပြီး ၁၉၁၁ တွင် ၃၆၇၆
ရှိလာသည်ဟု ဆိုရာ ထို ၁၀နှစ်အတွင်း လူဦးရေ တိုးနှုန်းမှာ ၂ရာခိုင်နှုန်းထက်
အနည်းငယ် ကျော်သည်။ ၁၉၀၁ ခုနှစ်တွင် ရှိသည်ဟု ဆိုသော မဟိုမေဒင်ဦးရေ ၃၉၀၀
ကို ယူ၍ ပုံမှန်တိုးလျှင် ဖြစ်လာနိုင်သည့် မဟိုမေဒင်အရေအတွက်ကိုလည်းကောင်း၊
၁၉၁၁ ခုနှစ်တွင် ရှိသည်ဟု ဆိုသော ကမန်နှင့် မြေဒူး ဦးရေ ၃၆၇၆ ကို ယူ၍
ပုံမှန်တိုးလျှင် ဖြစ်လာနိုင်သည့် ကမန်နှင့် မြေဒူး နှစ်မျိုးပေါင်း
အရေအတွက်ကိုလည်းကောင်း၊ (၁၉၁၁)ခုနှစ်တွင် ဟိန္ဒူဘာသာဝင်များပါ ပါဝင်သည့်
အိန္ဒိယစကားပြော ဦးရေ ၉၆၀ ရှိသည်ဟု ဆိုရာ ယင်း ကိန်းဂဏန်းကို ယူ၍
ပုံမှန်တိုးလျှင် ဖြစ်လာနိုင်သည့် အိန္ဒိယစကားပြော ဦးရေကို လည်းကောင်း
လူဦးရေတိုးနှုန်း ၂ ရာခိုင်နှုန်းဖြင့် တွက်ကြည့်ရာ ၂၀၁၄ခုနှစ်တွင်
မဟိုမေဒင် ၃၆,၅၅၀၊ ကမန်နှင့် မြေဒူး နှစ်မျိုးပေါင်း ၂၈၂၆၁၊
အိန္ဒိယစကားပြောသူ ၇၃၈၁ ရှိလာနိုင်ကြောင်း အဖြေရပါသည်။ ထို မဟိုမေဒင်
တို့ထဲတွင် ကမန်နှင့် မြေဒူးတို့ ပါဝင်ကြောင်း သတိပြုရမည်ဖြစ်ပြီး
အိန္ဒိယစကားပြောသူ အားလုံးသည် မဟိုမေဒင် မဟုတ်ကြောင်းကိုလည်း
သတိပြုရမည်ဖြစ်ပါသည်။ အိန္ဒိယစကားပြောသူ၊ အိန္ဒိယဇာတိသားများ တွင်
ယာယီသဘောလာရောက်သည့် ငါးဖမ်းသမားများပါ ပါဝင်သည်ကိုလည်း သတိပြုသင့်ပါသည်။
ထို့အပြင် ဒုတိယ ကမ္ဘာစစ် အစရှိသော လူတို့ အနေပျက်စေသည့်
အဖြစ်အပျက်ကြီးများအတွင်း လူဦးရေ အပြောင်းအလဲ ဖြစ်စေမှုကို ထည့်သွင်း
စဉ်းစားထားခြင်း မရှိပါ။
အိန္ဒိယဇာတိသားများသည်
အိင်္ဂလိပ်ကိုယ်လိုနီခေတ်တွင် ရောက်ရှိသူများ ဖြစ်ကြောင်း Burman Gazetteer:
Sandoway District – Volume I – 1912 - W D Tydd - စာအုပ်တွင် အတိအလင်း
ဖော်ပြထားပါသည်။]
Comments
Post a Comment