၁၂ ရက်ကြာ ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် ဒေါ်လာ ၅၈ သန်းကျော်ကုန်ကျမည်


 
ပြည်ထောင်စု ၀န်ကြီးဦးခင်ရီက ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် မီဒီယာများ၏ မေးမြန်း ချက်များကို ဖြေကြားနေစဉ်

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ရှင်းလင်းပွဲကို အောက်တိုဘာ ၂၆ ရက်က ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက “ကျွန်တော်တို့ ဒီနေ့ ၂၀၁၄ ခုနှစ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင် ရွက်သွားမယ့် သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီးတော့ သိသင့်သိအပ်တဲ့ ကိစ္စ တွေကို ပြောမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ကျွန်တော်တို့ ၀န်ကြီးဌာနတစ်ခုတည်းက အဓိကဆောင် ရွက်သွားရတာဖြစ်ပါတယ်။ သန်းခေါင်းစာရင်း ကောက်ယူရေးဆိုင်ရာ ကိစ္စရပ်တွေမှာအချက်အလက်တွေ  ကိုတိတိကျကျနဲ့ မှန်မှန်ကန်ကန်ပြည်သူတွေအနေနဲ့ လိုက်နာဆောင်ရွက်ပေးစေလိုပါတယ်” ဟု ပြောကြား သည်။
ယင်းအပြင် ပြည်ထောင်စုဝန်ကြီးမှ ယခုသန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံ တကာမှ ကောက်ခံ ယူလေ့ ရှိသည့်နည်းအတိုင်း နေမြဲအရပ်တွင် ကောက်ခံသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက် ယူမှုမှာ စစ်ရေး၊ နိုင်ငံရေးနှင့် ပတ်သတ်ခြင်းလုံးဝမရှိကြောင်း၊ ပိုင်ဆိုင်မှု အထောက်အထားများ ကို   ကောက် ယူရာတွင်လည်း အခွန် ဆောင်စေရန်အတွက် မဟုတ်ကြောင်းကို အလေးထားအသိပေး မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
သန်ခေါင်းစာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံ ၄၁ ချက်နှင့် အဖွဲ့အစည်း (စစ်တပ်၊ အကျဉ်းထောင်၊ ဆေးရုံ) အစရှိသည်တို့ကို မေးခွန်းပုံစံ ၁၁ ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီးဖြေကြားချက်အတိုင်း ထည့်သွင်း သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ မှန်ကန်စွာ ဖြေကြားရန်လိုအပ်ကြောင်း ယင်းအခြေ အနေမှန်ဖော်ပြနိုင် မှသာ နိုင်ငံတော်မှ ရေရှည်စီးပွားရေးအကျိုးအတွက် မည်သို့လုပ်ဆောင်နိုင်မည် ကို ဖော်ဆောင်နိုင် မည်ဖြစ်ကြောင်း ဦးခင်ရီကဆိုသည်။
ထို့ပြင် ၁၂ ရက်ကြာကောက်ယူမည့် ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက် ယူရေး အတွက်   ဒေါ်လာ ၅၈ သန်းကျော်ကုန် ကျမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက အဆိုပါရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက် ကိုထည့် သွင်း ဖြေကြားခဲ့သည်။
“လူတစ်ဦးကို တစ်ဒေါ်လာနှုန်းခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ နိုင်ငံတော်အနေနဲ့ ဒေါ်လာ ၁၅ သန်းထည့်ဝင်ဆောင်ရွက်ထားပါတယ်။ ကုလသမဂ္ဂကလည်း ဒေါ်လာ ငါးသန်းလှူထားပါတယ်။ ဘက် ဂျက်လိုငွေကတော့ ၃၀ ဒသမ ၈ သန်းပေါ့။ အဲဒီအတွက် လည်း နိုင်ငံတကာ အလှူရှင်တွေနဲ့တွေ့ ဆုံနေသလို ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂရံပုံငွေ အဖွဲ့နဲ့လည်း ပူပေါင်းဆောင်ရွက်နေပါတယ်” ဟု   ပြည်ထောင် စု ၀န်ကြီး ဦးခင်ရီက ပြောကြားသည်။
နိုင်ငံတကာမှ သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုသည့် စက်များနှင့်သန်း ခေါင်စာရင်းကောက် ယူရေးအတွက် မူလတန်းအဆင့်သင်ကြားသော ကျောင်းဆရာမတစ် သိန်းနှင့် စာရင်းစစ်အတွက် အလယ် တန်းနှင့် အထက်တန်းပြဆရာမ ၂၀၀၀၀ ခန့် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းခေါင် စာရင်းကို အိမ်ထောင်စုနှင့် အဖွဲ့အစည်းဟူ၍ နှစ်မျိုးခြားခွဲကောက်သွားမည်ဖြစ်ပြီး အိမ်ထောင် စုစာရင်းတွင် ဖြည့် စွက်ရန် မေးခွန် ၄၁ ခုပါဝင်ကြောင်း၊ အဖွဲ့အစည်း (စစ်တပ်၊ ဆေးရုံ၊ အကျဉ်းထောင်၊   ဂေဟာ) အစရှိသည်တို့ကို မေးခွန်းပုံစံ ၁၁ မျိုးဖြင့် ကောက်ယူသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့်   ပြည်သူအင်အားဦးစီးဌာနမှ သိရသည်။ မြန်မာနိုင်ငံမှာ ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် ၁၀ နှစ်စီခြားကာ သန်းခေါင်စာရင်းကိုကောက်ယူခဲ့ပြီး ကျန်ရှိသည့် ကာလများတွင် အကြောင်း အမျိုးကြောင့် ကောက်ခံနိုင်မှုမရှိခဲ့ကြောင်းသိရသည်။
နှစ်သုံးဆယ် ခန့်ကြာမြင့်ပြီးနောက် ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီလ ၁၀ ရက်ထိ ၁၂ တာ တစ်နိုင်ငံ လုံးအတိုင်းအတာ ဖြင့် ကောက်ခံမည်ဖြစ်ကြောင်း၊ လက်ရှိလူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ အင်အား ဦးစီးဌာန၏ အခြေခံကိန်းအရ မြန်မာနိုင်ငံတွင် အိမ်ထောင်စု ၁၁ သန်းရှိပြီး လူဦးရေသန်း ၆၀ ရှိကြောင်း၊ ခရိုင် ၇၀၊ မြို့နယ်ပေါင်း ၃၃၀၊ ရပ်ကွက်ပေါင်း ၃၀ ၅၁၊ ကျေးရွာအုပ်စု ပေါင်း ၆၄၃၄၆၊ ကောက် ကွက်ပေါင်း ၉၁၀၀၀ လူမျိုးစု ၁၃၅ စုနှင့် ဘာသာကြီးငါးခု (နတ်အပါအ၀င်) ဖြစ်ကြောင်း သိရသည်။
ယင်းရှင်းလင်းပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာနပြည် ထောင်စုဝန်ကြီး ဦးခင်ရီ တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးမှ ၀န်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်အချို့၊ စက်ရုံ၊ အလုပ် ရုံ၊   ဟိုတယ်၊ မိုတယ်အစရှိသည့် အဖွဲ့အစည်းအသီးသီမှ လူဦးရေ ၃၀၀ ခန့် တက်ရောက်ခဲ့သည်။
 သတင်း ELEVEN

Comments

Popular posts from this blog

တိုင်းရင်းသားလူမျိုးများ

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း