ကမန် လူမျိုးစု နိုင်ငံသားစိစစ်ရေးကဒ် အခက်အခဲကို လက်မှတ်စုဆောင်းတင်ပြ

 

ရခိုင် ပြည်နယ်တွင်းရှိ ကမန် တိုင်းရင်းသားများ၏ နိုင်ငံသားစိစစ်ရေးကဒ် လုပ်ဆောင်ရာတွင် ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားရေးမှတ်ပုံတင်ရေးဦးစီးဌာနက ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပြဋ္ဌာန်းချက် များနှင့် ဆန့်ကျင်လျှက် ဆောင်ရွက်နေခြင်းကြောင့် သံတွဲမြို့နယ်မှ ကမန်တိုင်းရင်းသားများ စုပေါင်း လက်မှတ်ရေးထိုး၍ ဇန်န၀ါရီ ၁၁ က နိုင်ငံတော်သမ္မတထံ တင်ပြလိုက်ကြသည်။
နိုင်ငံသားစီစစ်ရေးကဒ်ပြားပြုလုပ်ပေးခြင်းတွင် အခြားတိုင်းရင်းသားများအား ရပ်ကွက်၊ကျေးရွာများသို့ ကွင်း ဆင်းဆောင်ရွက်ပေးသော် လည်း ကမန်တိုင်းရင်းသားများကိုမူ ပြည်နယ်သို့တင်ပြ၍ စစ်ဆေးမှုခံ ယူစေခြင်း ကြောင့်ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားခဲ့သူ ဦးအောင်နိုင်မြင့် ကပြောသည်။
ကမန်လူမျိုးစုဝင်များ အနေဖြင့် နိုင်ငံသား စိစစ်ရေးကဒ် လုပ်ဆောင်ရာတွင်   ပြည်နယ် အဆင့်သို့ တင်ပြ   ဆောင်ရွက်နေရပြီး အခြားတိုင်းရင်း သားများ ပြုလုပ်ရန်မလိုသည့် ထောက်ခံချက် များ ၊ စာရွက် စာတမ်း များ ရယူနေရသဖြင့် ငွေကြေးကုန်ကျမှုများပြားကာ အချိန်ကြန့်ကြာမှုများ လည်းရှိနေကြောင်း    ဒေသခံ ကမန် များက ပြောသည်။
“နိုင်ငံသားစီစစ်ရေး ငါးဦးကော်မတီရဲ့ လက်မှတ်သွားယူရတယ်။ ငွေတစ်သောင်းကျော်ကုန်တယ်။
အခုတော့ စေတနာရှိသလောက်ပေးရတယ်လို့ကြားတယ်” ဟု နိုင်ငံသားစိစစ်ရေးကဒ်ရရှိရန် ရှစ်လကျော် အထိ   ကြာမြင့်စွာစောင့်ခဲ့ရသူ တစ်ဦး ကပြောသည်။
“အခုဆိုရင် ပြည်နယ်က မှတ်ပုံတင်ကျလာပြီး ရုံးမှာမကြေငြာပဲထားတာတွေ့ရတယ်။သွားပြီးတော့ ရင်းနှီးတဲ့ လူတွေကိုစုံစမ်းမှ သိရတယ်” ဟုလည်း ဒေသခံတစ်ဦးကပြောသည်။
ကမန်လူမျိုးစုမှာ အစ္စလာမ်ဘာသာကိုးကွယ်သည့် လူမျိုးစုများဖြစ်သော်လည်း ရခိုင်မျိုးနွယ်စု တစ်ခုဖြစ်၍ တိုင်းရင်းသား ၁၃၅ မျိုးတွင်ပါဝင်ကြောင်း ဦးအောင်နိုင်မြင့်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)ပုဒ်မ(၃၄၅) တွင် တိုင်းရင်းသားမိဘနှစ် ပါးမှ မွေးဖွား လာသူ များကို နိုင်ငံသားဖြစ်ကြောင်း သတ်မှတ်ထားပြီး ပုဒ်မ(၃၄၇)တွင် ဥပဒေအရာ၌ နိုင်ငံသားအားလုံး တန်း တူညီမျှအခွင်းအရေး ရရှိစေရမည်ဟုလည်းကောင်း ၊ ပုဒ်မ(၃၄၈)တွင်မည်သည့် နိုင်ငံ သားကိုမျှလူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဋ္ဌာန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ၊ ချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရဟုပြဋ္ဌာန်းပါရှိသည်။
၎င်းက “ဒါဟာဥပဒေကိုလုံးဝဆန့်ကျင်ပြီး ဆောင်ရွက်နေတာပါ။ဒါကို သမ္မတကြီးသိရှိအရေးယူနိုင်ဖို့ တင်ပြ လိုက် တာပါ။
အဓိက တောင်းဆိုတာကတော့ ရခိုင်ပြည်တွင်းမှာရှိတဲ့ ကမန်တွေအားလုံးကို သက်ဆိုင်ရာ(မြို့နယ်)လ.၀.က ရုံးတွေက နိုင်ငံသားစိစစ်ရေးကဒ် ပြုလုပ်ပေးနိုင်ဖို့အတွက်ပါ” ဟုကပြောသည်။
စာတင်ပြရာတွင် သံတွဲမြို့တမြို့နယ်တွင်သာ လက်မှတ်ကောက်ခံမှု ပြုလုပ်နိုင်ခဲ့သဖြင့် လက်မှတ်ပေါင်း (၄၀၀)   ကျော် လက်မှတ် ရေးထိုးခဲ့ကြသည်။
ဖွဲ့စည်းပုံ ဥပဒေပုဒ်မ(၂၂၄)တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၀န်ကြီးဌာနများသည် ယင်းတို့လက်အောက်ရှိ ဌာန ၊ အဖွဲ့အစည်းများက လုပ်ငန်းတာဝန်များ ဆောင်ရွက်ကြရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဋ္ဌာန်း ချက် များနှင့် အညီဖြစ်စေရန်လည်းကောင်း ၊ တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီဖြစ်စေရန် လည်းကောင်း   စိမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း ၊ ကြီးကြပ်ခြင်း ၊ စစ်ဆေးခြင်းပြုရမည်ဟု ပြဋ္ဌာန်းထားသည်။       ။

Comments

Popular posts from this blog

တိုင်းရင်းသားလူမျိုးများ

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း