ကမန်အမျိုးသားတိုတက်ရေးပါတီမှဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်အချို့ မှ ကမန်သန်းခေါင် စာရင်း ကောက်ယူတင်ပြရန်ကိစ္စ နှင့်ပတ်သက်၍ ကမန်တိုင်းရင်းသားလူမှုကွန်ရက်၏ သဘော ထားထုတ်ပြန်



 
 
 
 
 
 
 
 
 
ကမန်တိုင်းရင်းသားလူမှုကွန်ရက်၏ လစဉ်ပုံမှန်အစည်းအဝေးကို(၂၂-၉-၂၀၁၃)နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကမန်သန်းခေါင်စာရင်း ကောက်ယူရန်ကိစ္စနှင့် ပတ်သတ်၍ တက်ရောက်လာကြသော ကမန်တိုင်း ရင်း သား အဖွဲ့ အစည်းအသီးသီနှင့် ကမန်တိုင်းရင်းသားလူကြီးမိဘများ၏ ဆန္ဒသဘောထားများ ကို့ တောင်ခံ ခဲရာ အောက်ပါအတိုင်းသိရှိရပါသည်။

၁။ သန်းခေါင်စာရင်း ကောက်ယူရန်ကိစ္စအား နိုင်ငံတော်ကပြည်လုံးကျွတ်ကောက် ယူရန်ပြင်ဆင်နေပြီးဖြစ် ရာ ကမန်အမျိုးသားတိုးတက်ရေပါတီအနေဖြင့် ဆောင်ရွက်ရန်မလိုဟုထင်မြင်ပါသည်။

၂။ ကမန်အမျိုးသားတိုးတက်ရေပါတီအနေဖြင့် ကောက်ခံမည်ဆိုပါက သန်းခေါင်စာရင်းကောက်ယူမှုနှင့် ဆိုင်သော အတတ်ပညာ ၊နည်းပညာများအာနည်းခြင်း လေ့ကျင့် ထားမှုမရှိခြင်း တို့ကြောင့် မည်သို့ မျှ ခိုင်လုံ တိကျမှန်ကန်သောစာရင်း ဖြစ်လာနိုင်မည်မဟုတ်ဟုယုံကြည်ပါသည်။

၃။ ကမန်တိုင်းရင်းသားများသည်၊ ခိုင်လုံသောသမိုင်းကြောင်းများအရ ရှေ့ယခင်ကပင် ရခိုင်ပြည်နယ်တွင် သာမက ပြည် မသို့ ပါရောက်ရှိပျံနှံ့ နေပြီးဖြစ်ရာ မိမိလက်လှမ်းမှီသလောက် ကောက်ခံတင်ပြသည့် စာရင်း သည်မည်သို့ မျှမှန်ကန်လိမ့် မည်မဟုတ်ပါ လည်းကောင်းအပြင် ကမန်တိုင်းရင်းသား တို့ ကိုလည်း ကိုယ်စားပြုလိမ့် မည်မဟုတ်၊ နောင်တွင်အမျိုးသားအချင်းချင်းမလိုလားအပ်သောပြသနာများ ၊အငြင်းပွားမှု များ၊ ဆိုးကျိုးများသာဖြစ်လာနိုင်သည်။

၎။ နိုင်ငံရပ်ခြားရောက်ရှိနေသော ကမန်တိုင်းရင်းသားများနှင့် ပြည်တွင်ရှိကမန်မျိုးနွယ်များအား နိုင်ငံတော် ကသာ တိကျမှန်ကန်စွာကောက်ယူနိုင်မည်ဟု အပြည့်အ၀ယုံကြည်ပါသည်။

၅။ ရခိုင်ဘုရင် ငနှလုံးမင်းမတိုင်မီကပင် စစ်မှုထမ်းခဲ့ ပြီး မင်းဘာကြီးလက်ထက်တွင် ကမန်စစ်သည် သူရဲကောင်း(၇၀၀၀၀)ကျော်နှင့် မှီခိုသူ (၂၀၀၀၀၀)ကျော်ရှိခဲ့သည့် လူမျိုးတစ်မျိုးအား ခိုင်လုံသော အထောက် အထားမရှိပဲ ကမန်လူဦးရေး သုံးသောင်းသာရှိသည်ဟု ရမ်းဆပြောကြားမှုများအား အပြင် အထန် ရှုတ်ချကန့် ကွက်ကြောင်း

၆။ ကျွန်တော်များကမန်တိုင်းရင်းသားလူမှုကွန်ရက်သည်လည်းကမန်တိုင်းရင်းသားအဖွဲ့အစည်း အသီး သီးနှင့် ကမန်တိုင်းရင်းသားလူကြီးမိဖများ၏ သဘောထားနှင့် တထပ်တည်းရှိကြောင်း ထုတ်ပြန်ကြေငြာ လိုက် သည်။
ကမန်တိုင်းရင်းသားလူမှုကွန်ရက်
 

Comments

Popular posts from this blog

တိုင်းရင်းသားလူမျိုးများ

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း