ရခိုင်ပြည်နယ် သန်းခေါင်စာရင်း ကောက်ယူမှုတွင် ပါဝင်ခွင့်ရရေး ကမန်အမျိုးသားတိုးတက်ရေး ပါတီ သမ္မတထံ စာတင်


Posted by in ပြည်တွင်းသတင်း
ရန်ကုန်၊ အောက်တိုဘာ ၁၄
ရခိုင်ပြည်နယ်၌ ၂ဝ၁၄ သန်း ခေါင်စာရင်း ကောက်ယူရာတွင် ပါဝင်ဆောင်ရွက်နိုင်ခွင့် ရရှိရန် ကမန် အမျိုးသားတိုးတက်ရေးပါတီမှ နိုင်ငံတော်သမ္မတထံသို့ ခွင့်ပြုချက်   တောင်းခံထားကြောင်း သိရသည်။
ကမန် အမျိုးသားတိုးတက် ရေးပါတီဥက္ကဋ္ဌ ဦးဇော်ဝင်းက ရခိုင် ပြည်နယ်အတွင်း နေထိုင်သော အစ္စလာမ် ဘာသာကိုးကွယ်သူများ သည် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရန်အတွက် တိုင်းရင်း သားဖြစ်   ကြောင်း ပြသရန်လိုအပ်ရာ ကမန် တိုင်းရင်းသားဟုဆိုကာ နိုင်ငံသား စိစစ်ရေးကတ်ပြား   ပြုလုပ်နေ မှုများ ရှိသည်ဟု ပြောသည်။
သို့ဖြစ်ရာ ၂ဝ၁၄ သန်းခေါင် စာရင်း ကောက်ယူရာ၌ လွဲမှားမှု များမရှိစေရန် ၄င်းတို့ပါတီအနေ ဖြင့် ပူးပေါင်းဆောင်ရွက်ခွင့်အတွက် နိုင်ငံတော်သမ္မတ၊ ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနဝန်ကြီး ဦးခင် ရီထံသို့ ခွင့်ပြုပေးရန်အကြောင်းကြား စာပေးပို့ထားကြောင်း ကမန်အမျိုး သားတိုးတက်ရေးပါတီမှ သိရသည်။
”ဘယ်သူဘယ်ရွာသား ဘယ် သူ့သားသမီးဆိုတာ ကိုယ့်လူကိုယ် သိတယ်”ဟု ပါတီဥက္ကဋ္ဌ ဦးဇော်ဝင်း က ပြောသည်။
ကမန်လူမျိုးများသည် နိုင်ငံ တော်မှ အသိအမှတ်ပြုထားသည့် လူမျိုးစု ၁၃၅ မျိုးအနက် ပါဝင်ပြီး ရခိုင် မျိုးနွယ် စုဝင်များ ဖြစ်ကြောင်း၊ သို့သော် အစ္စလာမ်ဘာသာ ကိုး ကွယ် သူများဖြစ်ရာ ရခိုင်ပြည်နယ် အရေးအခင်းဖြစ်သည့် ရခိုင်-ရို ဟင်ဂျာအရေး၌ ကြားညပ်ခံနေရသူ များဖြစ်သည်ဟု ဦးဇော်ဝင်း က ပြော သည်။
”ကမန်စစ်စစ်တွေက အ ကြောင်းကြောင်းကြောင့် ချို့တဲ့ တယ်။ စစ်စစ်ဖြစ်ပေမယ့် ကတ်မရ တဲ့သူတွေရှိ တယ်။ မတတ်နိုင်လို့ပါ” ဟု ၄င်းက ဆက်ပြောသည်။
ကမန်လူမျိုးများသည် စစ် တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲနှင့် သံ တွဲမြို့များတွင် နေထိုင်ကြသူများ ဖြစ်သည်။ ကမန် လူမျိုးများ အတွက် တည်ထောင်ထားသည့် ကမန် အ မျိုးသား တိုးတက်ရေးပါတီသည် ယင်းမြို့နယ် များတွင် ရုံးများ ဖွင့် လှစ်ထားသည်။ယင်းပါတီသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် စစ်တွေ၊   ကျောက်ဖြူ၊ ရမ်းဗြဲနှင့် သံတွဲမှ ဝင် ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံး နိမ့်ခဲ့သည်။
ဝေမာထွန်း


Comments

Popular posts from this blog

တိုင်းရင်းသားလူမျိုးများ

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း