ကမန်အမျိုးသားတိုးတက်ရေး ပါတီ၏ ဆုံးဖြတ်ချက်လည်းမရှိ၊ ကမန် တိုင်းရင်းသား များ၏ သဘောထားလည်းမရဘဲ သန်းခေါင် စာရင်း ကောက်ခံခြင်း ကိုကန့်ကွက်ခြင်း



ပထမတစ်ကြိမ် သန်းခေါင်စာရင်းကောက်ခံခြင်းကိုကန့်ကွက်ပါလျက် နှင့် ထပ်မံ၍ ပါတီ အလုပ် အမှု   ဆောင်  ၏ ဆုံးဖြတ်ချက်လည်း မရှိ၊ အစိုးရက တာဝန်ပေး ထားခြင်းမရှိဘဲ မိမိသဘော အလျောက် ရခိုင် အစွန့်ရောက် များနှင့် ပူးပေါင်း လက်ဝါးရိုက် ပြီး ကမန် လူဦးရေ စာရင်း ကောက်ခံမည်ဆိုပါက မည်သည်နည်းမျှ မှန်ကန်မှု မရှိနိုင်ပါ။ ၎င်းတို့မှာ အတွေ့အကြုံ လည်းမရှိ၊နည်းပညာ လည်းမရှိ၊ ဗဟုသုတ လည်းမရှိ သူများဖြစ်သည်။ ၎င်းတို့ ကမန်သန်ခေါင်းစာရင်း ကောက်ခံခြင် ထပ်မံ ပြုလုပ်ရန် ကြိုးစားခြင်းသည် ရိုးသားစွာ ပြု လုပ်သော အလုပ်မဟုတ်ပါ။ ရခိုင်တိုင်းရင်းသား အပေးအယူလုပ်ပြီး ကမန်တိုင်းသားများ ကို အဓမ္မ လျှော့ ချရန် ကြိုတင်အကွက်ဆင် လုပ်ဆောင်ခြင်းဖြစ်သည်။

ပထမဦးဆုံး အကြိမ် ပါတီအနေနဲ့ သန်းခေါင်စာရင်းခံ ကောက်ရန် ကြံရွယ်စဉ်က စုံစမ်းကြည့် ရာ ဦးဇော်အေးမောင်   ကောက် ခိုင်းလို့ ကောက်ခံ ပေးရမယ်ဟု ဦးတင်လှိုင်ဝင်း က ပြော ခဲ့သည်။ ကမန် တိုင်းရင်း သား လူကြီးပိုင်းက ၀ိုင်း ကန့်ကွက် တာနဲ့ မကောက်ဖြစ်ခဲ့ ပါ။ ထိုနေ့ထိုအချိန် က ဦစောဝင်း နဲ့  ကိုထွန်းငွေ တို့က ကအဓိက ကန့်  ကွက်သူ များဖြစ် ပါသည်။ အခြားလူကြီးတွေလဲလက်မခံကြဘူး။ အခု တစ်ခါ ရခိုင်တိုင်းရင်းသူဒေါ် ခင်စော တင့်   ကိုသွားတွေ့ ပြီးလူဦးရေစာရင်းကောက်ပေးပါမယ်လို့  အာမခံ ခဲ့ ပြန် တယ်။

ဤ လုပ်ရပ်သည် ပါတီရဲ့ သဘောထားမဟုတ်ဘဲ အဓိက လုပ်ဆောင်သူမှာ ဦးဇော်ဝင်း ၊ ဦးတင်လှိုင်ဝင်း ၊ ဦးလှတိုး ၊ ဦးခင်ဖေ၊ တို့ ရဲ့ သဘောဖြင့် လုပ်ဆောင်ခြင်းသာဖြစ်ပါသည်။ ကမန်တိုင်းရင်းသား များ အပေါ် မမှန် မကန်၊မရိုးမသား ပြုလုပ် ၍ ကမန်တိုင်းသားများ လုံ့ဝထိခိုက်သွားနိုင်ပါ သည်။


သို့ဖြစ်ရာ တစ်နိုင်ငံလုံးပျံ့နှံ့ရောက်ရှိနေသော ကမန် တိုင်းရင်းသားများ၏ သန်းေ ခါင် စာရင်းကို အစိုးရ က သာ စနစ်တကျကောက်ခံ စေလိုပါကြောင်း၊ လူတစု က အချင်း ချင်းလက်ဝါးရိုက်ပြီး ကမန်လူဦးရေစာရင်း အဓမ္မ လျော့ ချရန် အကွက်ဆင်ကို လုံ့ဝ လက် မခံနိုင်ပါ။ဤကဲ့သန်ခေါင်စာရင်ကောက်ခံလိုသူမှာ ဦးဇော်ဝင်း ၊ ဦးတင်လှိုင်ဝင်း ၊ ဦးလှတိုး ၊ ဦးခင်ဖေ၊ တို့ ဖြစ်ပါသည်။ ထိုကဲ့သို့သန်းခေါင် စာရင်း ကောက် ခံ မည်ကို ကမန်တိုင်းရင်းသားများကမလိုလားသဖြင့် လုံ့ဝကန့်ကွက်ပါကြောင်း အသိပေးပါသည်။


  1. ကမန်အမျိုးသားတိုတက်ရေးပါတီမှဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်အချို့ မှ ကမန်သန်းခေါင် စာရင်း   ကောက် ယူ တင်ပြရန်ကိစ္စ နှင့်ပတ်သက် ၍ကမန်တိုင်းရင်းသားလူမှုကွန်ရက်၏သဘောထား
    နေ့ စွဲ။ ။၂၃-၉-၂၀၁၃

    ကမန်တိုင်းရင်းသားလူမှုကွန်ရက်၏ လစဉ်ပုံမှန်အစည်းအဝေးကို (၂၂.၉.၂၀၁၃)ှနေ့ တွင်ကျင်း ပပြု လုပ် ခဲ့ရာ ကမန်သန်းခေါင်စာရင်း ကောက်ယူရန်ကိစ္စနှင့် ပတ်သတ် ၍ တက်ရောက်လာကြသော ကမန် တိုင်းရင်းသားအဖွဲ့ အစည်းအသီးသီနှင့်ကမန်တိုင်းရင်းသားလူကြီးမိဘများ၏ဆန္ဒ သဘော ထား များ   ကို့ တောင် ခံခဲရာ အောက်ပါအတိုင်းသိရှိရပါသည်

    ၁။သန်းခေါင်စာရင်း ကောက်ယူရန်ကိစ္စအား နိုင်ငံတော်ကပြည်လုံးကျွတ်ကောက် ယူရန်ပြင် ဆင်နေ ပြီးဖြစ် ရာ ကမန်အမျိုးသားတိုးတက်ရေပါတီအနေဖြင့် ဆောင်ရွက်ရန်မလိုဟုထင်မြင်ပါသည်။

    ၂။ကမန်အမျိုးသားတိုးတက်ရေပါတီအနေဖြင့် ကောက်ခံမည်ဆိုပါက သန်းခေါင်စာရင်းကောက် ယူ မှုနှင့်   ဆိုင်သော အတတ်ပညာ ၊နည်းပညာများအာနည်းခြင်းလေ့ကျင့် ထားမှုမရှိခြင်း တို့ ကြောင့်  မည်သို့ မျှခိုင်လုံတိကျမှန်ကန်သောစာရင်းဖြစ်လာနိုင်မည်မဟုတ်ဟုယုံကြည်ပါသည်။

    ၃။ကမန်တိုင်းရင်းသားများသည်၊ခိုင်လုံသောသမိုင်းကြောင်းများအရရှေ့ယခင်ကပင်ရခိုင်ပြည်နယ် တွင် သာမက ပြည်မသို့ ပါရောက်ရှိပျံနှံ့ နေပြီးဖြစ်ရာ မိမိလက်လှမ်းမှီသလောက်ကောက်ခံ တင်ပြ သည့် စာရင်းသည်မည်သို့ မျှမှန်ကန်လိမ့် မည်မဟုတ်ပါလည်းကောင်းအပြင် ကမန်တိုင်းရင်း သား တို့ ကိုလည်းကိုယ်စားပြုလိမ့် မည်မဟုတ၊် နောင်တွင်အမျိုးသားအချင်းချင်းမလိုလား အပ်သော ပြ သနာ များ ၊အငြင်းပွားမှုများ၊ဆိုးကျိုးများသာဖြစ်လာနိုင်သည်။

    ၄။နိုင်ငံရပ်ခြားရောက်ရှိနေသောကမန်တိုင်းရင်းသားများနှင့် ပြည်တွင်ရှိကမန်မျိုးနွယ် များအားနိုင် ငံ   တော် ကသာ တိကျမှန်ကန်စွာကောက်ယူနိုင်မည်ဟုအပြည့်အ၀ယုံကြည် ပါသည်။

    ၅။ရခိုင်ဘုရင် ငနှလုံးမင်းမတိုင်မီကပင်စစ်မှုထမ်းခဲ့ ပြီး မင်းဘာကြီးလက်ထက်တွင် ကမန်စစ်သည် သူရဲကောင်း(၇၀၀၀၀)ကျော်နှင့် မှီခိုသူ (၂၀၀၀၀၀)ကျော်ရှိခဲ့သည့် လူမျိုးတစ်မျိုးအား ခိုင်လုံသော အထောက် အထားမရှိပဲ ကမန်လူဦးရေး သုံးသောင်းသာရှိသည်ဟု ရမ်းဆပြောကြားမှုများ အားအပြင် အထန်ရှုံ့ချကန့် ကွက်ကြောင်း

    ၆။ကျွန်တော်များကမန်တိုင်းရင်းသားလူမှုကွန်ရက်သည်လည်းကမန်တိုင်းရင်းသားအဖွဲ့  အစည်း အ သီး သီးနှင့် ကမန်တိုင်းရင်းသားလူကြီးမိဖများ၏သဘောထားနှင့် တထပ် တည်း ရှိကြောင်း ထုတ် ပြန်ကြေ ငြာ လိုက်သည်။

    ကမန်တိုင်းရင်းသားလူမှုကွန်ရက်

Comments

Popular posts from this blog

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း

တိုင်းရင်းသားလူမျိုးများ