ကမန်အမျိုးသားတိုးတက်ရေးပါတီမှသန်ခေါင်းစာရင်းကောက်ခံ နှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ခြင်း



ပြည်သူကို ကိုယ်စားပြု ပြီးပါတီ ဖွဲ့စည်းထားသည် ဆိုလျှင် ပြည်သူစကားကို နားထောင် ရမည်။ မကြာသေးမီကာလ က သန်ခေါင်စာရင်း ကောက်ခံ ခြင်းပါတ်သက်၍ ကမန်တိုင်းရင်းသား ကွန်ရက်က သဘောထား ထုတ်ထားသည် မှာ ပါတီ အနေ နှင့် ကောက်ခံလျှင် မလိုလားသော ပြသနာ များပေါ် နိုင်၍ လုံဝကောက်ခံ ခြင်းမပြုရန် ကန့်ကွက်ထားသည်။ သို့သော် လည်း ပြည် သူစကား ကို နားမထောင် မိမိတို ကိုယ်ကျိုးကို မျှော်ကိုးပြီး မသိနားမလည်ဘဲ သန်ခေါင်း စာရင်း   ကောက်ခံ ပါတီက ဆုံးဖြတ်ထား သည်ဟု ကျေညာချက်ထုတ်ထားသည် တွေ့ရသည်။

ကမန်အမျိုးသားတိုးတက်ရေးပါတီ(ဗဟို) မှသန်းခေါင်စာရင်း ထပ်မံကောက် ခံမည်ဟု (၂၃-၁၁-၂၀၁၃) ထုတ်ပြန် ထားသည့် ကျေညာချက်အမှတ် - ၀၀၂၄/ကမ/၂၀၁၃ (၂၀၁၃) -


အထောက်အထား
https://www.facebook.com/groups/kyawminoo741/538183409609251/?comment_id=538459766248282&notif_t=group_comment_reply

ရခိုင်ဘုရင်ထက်က ကမန်(၂၇၀၀၀၀) ရှိကြောင်းအထောက်အထား
http://kamannetwork.blogspot.com/2013/11/blog-post_3828.html

ရခိုင်ဘုရင်ထက်က ကမန်(၃၇၀၀၀)ပြည်မသို့ရောက် ရှိကြောင်းအထောက်အထား

http://kamannetwork.blogspot.com/2013/11/blog-post_1685.html

ကမန်အမျိုးသားတိုးတက်ရေးပါတီ သည် ကမန် အမျိုးသားများကို ကိုယ် စားပြု ခြင်း မဟုတ။် ရခိုင်တိုင်းရင်း သား လောင်းရိပ်အောက်မှာ၎င်းတို့အလိုကျလှုပ်ရှားနေသောပါတီဖြစ်သည်။ကမန်အမျိုးသားတိုး တက်  ရေး ပါတီ အတွင်း ရေမှူး ဦးတင်လှိုင်ဝင်းက ရခိုင်အလိုကျ ကမန် (၃၀၀၀၀) သာရှိ ဟု ပြောကြားခြင်း ထောက် ရှု လျှင် ၎င်းသည် အထောက် လည်းမရှိ ၊ သမိုင်းလည်း မသိဘဲ ပြော ဆိုသဖြင့် တနိုင်ငံ လုံးကိစ္စကို အတွေ့ အကြုံ၊ဗဟုသုတ လုံ့ဝ မရှိဘဲ ကန့်ကွက်ထားပါလျက် ဆက် လက် သန်းခေါင် စာရင်း ကောက်ခံ ရန် ဆုံး ဖြတ် ကြောင်း ကျေညာ ပြသူကို အလေးမထားကြောင်း၊ ထင်ရှားသည်။ 
ကမန် လူမျိုး စု အကြောင်း ကိုပေးထားသော လင့် (link)တွင် ဆက်လက်လေ့လာပါ။
http://kamannetwork.blogspot.com/2013/11/blog-post_21.html

ကမန်အမျိုးသားတိုးတက်ရေးပါတီ မှတ်ပုံတင်ခဲ့စဉ်က တင်ပြထားသော ပါတီ၏ ဖွဲ့စည်းပုံ၊မူဝါဒ၊ လူနည်းစု အခွင့် အရေး ကိစ္စကို ပြည်သူအားချပြခြင်းမပြုဘဲ လျှို့ဝှက် ထားသည်မှာလည်း ကမန်အမျိုးသား တိုး တက် ရေးပါတီ ၏ အားနည်းချက် ပင်ဖြစ်သည်။ မိမိတို့ပါတီ၏ ဖွဲ့စည်းပုံကို ရိုသားစွာ ပြည်သူများသိရှိစေရန် ချပြစေ လိုပါသည်။

လက်ရှိအခြေအနေအပေါ်ကမန်အမျိုးသားတိုးတက်ရေးပါတီ ကို လုံ့ဝ မထောက်ခံကြောင်း နှင့် သန်းခေါင် စာရင်း ကောက်ခံခြင်းကို လည်း လုံဝ ကန့်ကွက်ပါသည်။
ကမန်တိုးတက်ရေးပါတီ ကို ကမန်အားလုံးက လက်မခံဘူး၊ကမန်ပါတီ ကိုယ်စားမပြုဘူး ဆိုတာ ကမန်ကွန် ရက်တွေ က သက်သေခံနေတယ်။တဖက်နဲ့ တဖက် အပြောအဆို မတည့်ဘူးဆို တာ ကမန်အား လုံးကို ကိုယ် စားမပြု လို့ဖြစ်ကြောင်း ထင်ရှားတယ်။ ကမန် အကျိုး သယ်ပိုးချင်ရင် ကမန်လူကြီး ပိုင်း   ခေါင်း   ဆောင်တွေ    တနည်းပြောရ လျှင် ကွန်ရက်အဖွဲ့တွင် ပါဝင်သူတွေ နဲ့ ညှိနိုင်းပြီ ပြေလေ သည် အထိ    ဆွေးနွေးပါ။ ဒီလိုမှ မလုပ်နိုင်ရင် ကိုယ့်သဘော ကိုယ် အစွန့်ရောက် ရခိုင်တိုင်းရင်းသား ပူပေါင်းပြီး ထင်ရာ စိုင်းပြီး လုပ်ဆောင်တာ မျိုး လုံ့ဝကန့်ကွက်ပါတယ်။

အစွန့်ရောက် ရခိုင် တိုင်းရင်သားခေါင်းဆောင် ဒေါက်အေးမောင် က ကမန် (၂၀၀၀၀) ဘဲရှိတယ် ဆိုတာ ဘယ်လိုမှ လက်ခံစရာအကြောင်းမရှိဘူး ။တကယ်လို့ အခု သူ(၂၀၀၀၀) ရှိတယ် ဆိုရင် ရခိုင်အစီရင်ခံစာ သူပါနေ တယ်။ဘာဖြစ်လို့ (၇၇၀၂) ဦးဟု ဖေါ်ပြခဲ့တာလဲ။

သူတို့စကားတွေ ရှေ့နောက် မညီတဲ့ အတွက် တခု လက် ခံနိုင်ဘူး။

http://kamannetwork.blogspot.com/2013/11/blog-post_5296.html

မှတ်ချက်။ ။ကမန်အမျိုးသားတိုးတက်ရေးပါတီသည် ပြည်သူစကားနားထောင်လျှင် ပြည်သူအကျိုး သယ်ပိုး လျှင် ဆက်လက် ထောက်ခံသွားမည်ဖြစ်သည်။

Comments

Popular posts from this blog

တိုင်းရင်းသားလူမျိုးများ

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း