ရခိုင်ပြည်နှင့်တိမ်မြှုပ်နေသောကမန် လူဦးရေ အကြောင်း တစ် စေ့ တစ် စောင်း



အမှာစာ

အမှန်တရားပျောက်ကွယ်နေသော ကမန်လူဦးရေသမိုင်း အမှားအယွင်းပြန်လည်စီစစ်မည်။မိမိ၏ ထင်မြင် ချက်နဲ့အာဘော် သာဖြစ်သည်။ မည်သူ့ကိုမျှတိုက်ခိုက်ခြင်းမဟုတ်။တိုက်ဆိုင်မှုရှိလျှင်ခွင့်လွှတ်ပါ။
ကမန်လူဦးရေနှင့်ပါတ်သက်၍ ပုဂ္ဂိုလ်အသီးသီးတို့က အထောက်အထားမရှိဘဲ မိမိထင်မြင်ချက် အမျိုးမျိုး ဖြင့် ကိန်းဂဏန်း ကိုထင်ကြေး ဖြင့်ပြောနေကြသည်မှာ လုံ့ဝမှားယွင်းသည်ဟု ဆိုရပေ မည်။ အဘယ်   ကြောင်း ဆိုသော် ရခိုင်ဘုရင် ငနှလုံမင်း လက်ထက်တွင် ကမန်သူရဲကောင်း (၇၀၀၀၀)၊ မှီခိုသူ (၂၀၀၀၀၀) စုစုပေါင်း (၂၇၀၀၀၀)နှစ်သိန်းခုနှစ်သောင်းရှိကြောင်း သမိုင်း အထောက်အထားအရ ခိုင်လုံ ကြောင်း ကမန်လူဦးရေ အကြောင်းကိုရမ်းဆပြီး ပြောဆိုခြင်းမပြုရန်၊ ကမန်ကွန်ရက် က လည်းကြေငြာ ချက် ထုတ်ထားကြောင်း   တွေ့ရ သည်။ကမန်လူဦးရေ သည်မူလဦးရေထက် တိုးမလာ ဘဲ ထောင်ဂဏန်းသာ ရှိသည် ဆိုခြင်းသည် အလွန်ယုတ္တိ မရှိသော အဖြေဖြစ် သည်။ တစ်နည်းအားဖြင့် ရည်ရွယ်ချက်ရှိရှိနှင့် လျော့ ချခြင်းဖြစ်သည်။ ဤကဲ့သို့ဝေဖန်ပြောဆိုမှုကြောင်း အမှန်တရားပျောက် ကွယ်သွားပြီး ကမန် တစ်မျိုးသားလုံး၏ အခွင့်အရေး ကိုထိခိုက် စေပါသည်။ လူမျိုး တစ်မျိုး၏အရေး ကို မိမိ တစ် ယောက် တည်း သဘောနှင့် မှန်သည်/မှား သည်ကို တိတိကျကျ မသိဘဲ ရမ်းဆပြောဆို၍မရပေ။ ပါတီ ခေါင်း ဆောင်တစ်ဦး က NLD ဖွဲ့စည်း ပုံပြင် ဆင်ရေး အစည်းဝေးညီလာခံ တွင် ကမန်လူဦးရေ သုံးသောင်းသာ ရှိကြောင်း၊ ဘင်္ဂါလီ များက ကမန် အမည်ခံပြီး မှတ်ပုံတင်ထုတ် ယူခဲ့ကြောင်း၊ ၎င်းအတွက် ရခိုင် လူမျိုးရှေ့မှောက် တွင် သူတို့ က သစ္စာဖေါက် သလိုဖြစ်နေ သည်ဟု မိန့်ကြားခဲ့သည်မှာ အလွန် စိတ် တုန်လှုပ်ခဲ့ပါသည်။ ကိုယ့်လူမျိုးသမိုင်းကို အမှန်မသိ၊ ထိုစကားသည် မိမိလူမျိုး အပေါ် မှာ သစ္စာ ဖေါက် ခဲ့ခြင်းဖြစ်သည်။ ဘယ်သူသေသေ ငတေမာ ရင် ပြီးရော ဆိုသလို ကိုယ်ကျိုးတစ်ခု တည်းကို သာ ကြည့်ပြီး ပြောခဲ့ကြောင်း ထင်ရှားနေသည်။ ထိုသူတို့သည် မိမိမလူမျိုး ကို ကူညီရာမရောက်ဘဲ ဂျောက် တွန်း သကဲ့သို့ဖြစ်သည်။ အခြားကမန် ခေါင်း ဆောင် ဟုဆိုသူ ဦးတင်ငွေ ကလည်း ကမန် လူဦးရေ (၃၀၀၀၀)သာရှိသည်ဟု BBC အင်တာဗျူးတွင်လည်ကောင်း၊ တဖန် ပါတီ ဥက္ကဌ ဖြစ်သူက ကမန် လူဦး ရေ သုံးသိန်းခန့်ရှိမည် ဟု၍လည်းကောင်း ထင်ကြေးများပေး ၍ ပြောဆိုပြီး ၎င်းတို့မှာ တိတိကျကျ မသိ ကြောင်း ထင်ရှားနေ ပါသည်။ ပြည်ထဲရေးဝန်ကြီး ဦးခင်ရီက ကမန် လူမျိုးဦးရေ စုစု ပေါင်း (၇၅၆၃) ဦး ဟုလည်းကောင်း၊ ရခိုင် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်ရှင်က ကမန် လူဦးရေ (၇၇၀၂)ဦး သာရှိသည် ဟု လည်းကောင်း   ဖေါ်ပြချက်မှာလည်း ကွဲလွဲနေပါသည်။

နိုင်ငံတစ်နိုင်ငံတွင် လူသားအရင်းအမြစ်သည် အလွန်အရေးကြီးသော ကဏ္ဍတွင် ပါဝင်သည်။ ကမ္ဘာ့ ကုလသမဂ္ဂမှဘာသာစကား၊လူမျိုးစုတစ်စု ပြုံးတီးမ သွားစေ ရန် ဂရုတစ်စိုက်ထိန်းသိမ်းစောက်ရှောက် နေ ချိန် တွင် မိမိရဲ့ တကယ်ရှိနေသော လူမျိုးကို ပင် မရှိဘူး၊မဖြစ်နိုင်ဘူး၊ ဘင်္ဂါလီတွေ ကမန်အမည် ခံခြင်းဖြစ် သည် ဟု အမျိုးမျိုးဝါဒဖြန့် ခြင်းသည် ဗဟုသုတ အလွန်ခေါင်းပါး၍ပြော ဆိုနေခြင်းဖြစ် ကြောင်း၊ ထို ကဲ့သို့သော စကားမှာ အတည်မပြုနိုင်ပေ။

မြန်မာနိုင်ငံတွင် ၁၉၇၃ ခုနှစ်တွင် လူဦးရေ (၂၈)သန်းရှိခဲ့ ပြီး၊ ယခုအခါ သန်း(၆၀)အဖြစ်သို့ လူဦးရေ တိုးပွား လာ သည်။အလားတူ ကမန်လူမျိုးများကလည်း အခြားလူမျိုးများကဲ့သို့ အိမ်ထောင်ပြုခြင်း၊ သား၊သမီးမွေး ဖွါးခြင်း စသည်တို့ တန်းတူပြု လုပ်ကြသူများဖြစ်သဖြင့် ကမန်လူမျိုးများသည်လည်း မူလ လူဦးရေ ထက် ပို၍ များပြားလာမည် စောဒက တက်စရာအကြောင်းမရှိဘဲ။

အကယ်၍ ကမန်လူမျိုးများသည် အိမ်ထောင်မပြု၊သား၊သမီးလည်းမမွေး ဟုဆိုမှသာ ကမန်လူမျိုး တိုး မလာဘဲ တဖြေးဖြေးလျှော့နည်း ပျောက် ကွယ်သွား မည်ဖြစ်သည်။ ယခင်က တိုင်းရင်းသား(၁၄၄)မျိုး ရှိခဲ့ရာမှ (၁၃၅) မျိုးသို့လျော့ချခဲ့ရာ တွင် လူမျိုးစု(၉)စုကို ဖြုတ်ချရာတွင် အစ္စလာမ်ဘာသာ ကိုးကွယ်သော လူမျိုး(၅)မျိုးကို တိုင်းရင်းသား အဖြစ်မှ ထုတ်ပယ်ခဲ့ကြသည်။ထိုကဲ့သို့ ထုတ်ပယ်ခဲ့ သည့် အကြောင်းလည်း မဖေါ်ပြခြင်း၊ ထုတ်ပယ်ခံရသူကို ထုချေ ရှင်းလင်းခွင့် မပေးဘဲ တစ်ဖက် အာဏာ ဥပဒေဖြင့် အတည်ပြု   စေခဲ့သည်။


-အပိုင်း(၁) - 
 
ရခိုင်ပြည်ကို အင်္ဂလိပ်တို့သိမ်းပိုက်ပြီးနောက် လူဦးရေကို မှတ်တမ်းတင်ရာတွင် Mr. Charles Patonက Mug(ရခိုင်) 60% , Mussalman(မွတ်ဆလင်) 30% , Burmese (ဗမာ) 10% ဟူ၍ ဖေါ်ပြ ထားကြောင်း ရှိရ သည်။ Mussalman(မွတ်ဆလင်) 30% တွင် ကမန်နှင့်သီးခြားဖေါ်ပြထားခြင်း မတွေ့ရ သဖြင့် ကမန်နှင့် ရိုဟင်ဂျာခွဲခြား သိရှိနိုင်ရန် အခြားအထောက်အထားများ ကိုးကားရန်လိုအပ် မည်ဖြစ်သည်။ မူလက ရှိနေသော ရိုဟင်ဂျာမွတ် ဆလင် များနှင့် လေးသည်တော် ကမန် မွတ်ဆလင်များသည် အစ္စလာမ် ဘာသာ ကိုးကွယ် သူများဖြစ်သည့် အလျောက် ကမန်နှင့်ရိုဟင်ဂျာတို့သည် အိမ်ထောင်ပြုကြ သည်။ ဘာသာရေး၊ လူမှုရေးကိစ္စတို့တွင် မခွဲခြား ပူးပေါင်းလုပ်ကြသည်။ ယနေ့ကမန် လူမျိုး (၇၅%) မှာ ရိုဟင်ဂျားများနှင့် အိမ်ထောင်ပြုကြပြီး မွေးလာသော သားသမီးများမှာ ကမန်ရိုဟင်ဂျာ ကပြား များဖြစ် လာသည်။ထိုကပြား များ ကမန်နှင့်နီးကပ်စွာနေလျှင် ကမန်ဟူ၍လည်းကောင်း၊ရိုဟင်ဂျာနှင့် ရိုဟင်ဂျာ ၊ ဘင်္ဂါလီ၊ ကုလား တစ်ခုခု ခေါ် ဆိုကြောင်း လေ့လာတွေ့ရှိ ရသည်။

ရခိုင်အစီရင်ခံစာ စာအုပ်စာမျက်နှာနောက်ဆက်တွဲ (က ၁) ၂၀၁၂ ခုတွင် ရခိုင်ပြည်နယ်ရှိ စုစု ပေါင်း လူဦးရေမှာ (၃၃၃၈၆၆၉) ရှိကြောင်းဖေါ်ပြထားသည်။ ၎င်းအစီရင်ခံစာ အရ ကမန် (၇၇၀၂)၊ချင်း (၁၁၀၀၅၇)၊ ဗမာ (၃၀၃၃၇)၊ ကချင် (၁၉၈)၊ ကရင် (၇၀၀)၊ ကယား(၈)၊ မွန် (၂၂ရ)၊ ရှမ်း (၂၇၅)၊ ရခိုင် (၂၁၁၅၃၀၁)၊ ခမီး၊ (၃၀၈၆၅)၊ ဒိုင်းနက် (၁၆၅၁၄)၊မြို (၄၀၁၆၇)၊သက် (၂၆၆၅)၊ မာရမာ (၉၁၄၆) ဖြစ် ကြောင်း ဖေါ်ပြထားသည်။

အထက်ပါ လူမျိုးများထဲတွင် ဗုဒ္ဓ ဘာသာ ကိုးကွယ်သူ မှာ (၂၃၃၃၆၇၀)ဖြစ်ပြီး၊ အစ္စလာမ် ဘာသာ ကိုးကွယ် သူမှာ(၉၆၈၂၁၈)၊ ခရစ်ယာန် (၂၅၂၀၆)၊ ဟိန္ဒူ (၈၆၇၀)၊ နတ် (၂၉၀၅) စုစုပေါင်း (၃၃၃၈၆၆၉) ဟုဖေါ်ပြ ထားသည်။

အထက်ပါ စာရင်းအရ ကမန် (၇၇၀၂) ဖြစ်ပြီး အစ္စလာမ် ဘာသာ ကိုးကွယ်သူမှာ (၉၆၈၂၁၈) ဦး ဟု ဖေါ်ပြ ထားသည်။ အစ္စလာမ်ဘာသာဝင် ကမန် လူဦးရေကို နုတ်ပယ်လျှင် (၉၆၀၅၁၆) ဦး ကျန်နေ သည်။ ထိုစာရင်း အရ ရိုဟင်ဂျာ လူဦးရေ စာရင်းကို ဖေါ်ပြထားခြင်း မရှိပေ။ ၎င်း စာရင်း တွင် ( ရိုဟင်ဂျာ- ကမန်) လည်းပါ ရှိရာ ထို စာရင်းကိုခွဲခြား ဖေါ်ပြရန် အလွန်အရေးကြီးပေ သည်။ ထို ကမန်-ရိုဟင်ကပြားမှာ တိုင်းရင်း သား အခွင့်အရေး ရရှိရန် ဆုံးရှုံးသူများဖြစ် သည်။ လက်တွေ့ အားဖြင့် ရခိုင်ပဋိပက္ခအရင်ခံစာပါ လူဦးရေ သည် ပကတိ လူဦးရေ နှင့်ကွဲလွဲနေကြောင်း သုံးသပ်ရရှိသည်။

ကမန်သူရဲကောင်းခုနှစ်သောင်းကျော်နှင့်မှီခိုသူနှစ်သိန်းရှိကြောင်းအထောက်အထား 
ကိုးကား။    ။ http://kamannetwork.blogspot.com/2013/11/blog-post_3828.html

(၁)။ - ကမန်သမိုင်းအကျဉ်း

“ကမန်”ဆိုသည့် အဓိပ္ပါယ်မှာ သုတေသီတို့က လေးပစ်ရာတွင် ကျွမ်းကျင်သူ “လေးသည်တော် (သို့) လေး ပစ်တော်သူ”ဟု ဆိုသည်။ ကမန်လူမျိုးများကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရမ်းဗြဲမြို့ နယ်နှင့် သံတွဲမြို့ နယ် တို့တွင် တွေ့ ရ သည်။ ကမန်လူမျိုးသည် အစ္စလာမ် ဘာသာကို ကိုးကွယ် သော် လည်း နေထိုင် မှုတွင် ရခိုင်လူမျိုးများနှင့် ရိုးရာယဉ်ကျေးမှု၊ ၀တ်စားဆင်ယင် ထုံးဖွဲ့မှု၊ စကား အပြောအဆို၊ စိတ်နေစိတ် ထား၊ ရုပ်ရည်၊ ပုံပန်းသဏ္ဍာန်စသည့် တို့မှာ တော်တော် နီးစပ်သည်။

သမိုင်းတွင် အန္ဒိယနိုင်ငံကို စိုးမိုးအုပ်ချုပ်တော်မူသော မဂိုဧကရာဇ် တစ်ပါးဖြစ်သည့် “ရှာဂျီဟန်” သည် ၁၆၅၇ ခုနှစ်တွင် နာမကျန်းဖြစ်ပြီး သားလေးဦးဖြစ်သော (၁)ဒါရာရှူကို (၂) ဒုတိယသား ရှားရှူဂျာ (၃) တတိယ သား သြရန့် ဇစ်နှင့် (၄) သားအငယ်ဆုံး မူရဲ(ဒ်)တို့ နန်းလုခဲ့ကြသည်။ ဖခင် “ရှာဂျီဟန်” မကွယ်လွန်မှီ သားနှစ်ပါးဖြစ်သည့် ရှာရှူဂျာ(Shah Shuja)နှင့် သြရန့်ဇစ်တို့ နန်း လုပ်ကြပြီး ရှာရှူဂျာသည် စစ်ရှုံးကာ ရခိုင်ပြည် မြောက်ဦးနန်းတော် ဘုရင် စန္ဒသုဓမ္မရာဇာ ဘုရင်ထံ (AD 1652- 74) ပိုင် စစ်တကောင်းတွင် ခိုလုံလာ သည်။ နောက်ပိုင်းတွင် ဘုရင်နေပြည် တော် မြောက် ဦးမြို့ ရွှေနန်းတောင် ထိ ပြောင်းရွေ့ခဲ့သည်။ ရှာရှူဂျာနှင့်အတူ မိဖုရားပါရီဘာနု၊ သားတော် စူလ တန်ဘန့်၊ သမီးတော်ကြီး ၀ူလ်ရာပ်ရာ၊ သမီးတော် လတ် ရော်ချန်အာရ်ဘီဂမ်၊ သမီး ထွေး အမိနာ ဘာနု နှင့် အခြွေအရံ (၂၀၀) တို့ပါဝင်ခဲ့သည်ဟု ဆိုသည်။ ရှာရှူဂျာသည် နန်းကျဘုရင် တပါးဖြစ်သော လည်း အလွန်မာန်မကြီး သူဖြစ်သည်။ ရခိုင်ဘုရင်ဖြင့် တိုက်ရိုက် မဆက်ဆံဘဲ သားတော်ကိုသာ ကိုယ်စား စီးစေသည်။ ဤသည် ပင်လျှင် သူတွင် အကြံအစဉ်များ ရှိခဲ့သည်ဟု ဆိုသည်။ ရှာရှူဂျာကို လက်ခံခဲ့သည့်ဘုရင် စန္ဒသုဓမ္မရာဇာ သည် ဗြဟ္မာဦးခေါင်းကို လက်ခံထား ရသကဲ့သို့ ပြသာ နာပေါင်းမြောက်မြားစွာကို ရှင်းနေရသည်။

ဘင်္ဂလားကို အပိုင်စားရခဲ့သော ရှာရှူဂျာနေရာတွင် မဂိုဘုရင် သြရန်ဇစ်သည် အသစ်ဘုရင် တစ်ဦးကို ခန့်အပ်ခဲ့သည်။ ထိုဘုရင်ခံသစ်သည် ကာကွယ်ရေးကို အကြောင်းပြကာ ဟူဂလီရှိ ဒတ်ခ်ျ သင်္ဘော များကို သိမ်းယူခဲ့သည်။ ထို့ပြင် ရှာရှူဂျာအား ပြန်လည်ပေးအပ်ရန် ရခိုင်ဘုရင် အား ရာဇသံပေး ခဲ့ကြောင်း၊ ရခိုင် ဘုရင်မှ မပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်။ ရှာရှူဂျာ အကြောင်းပင် ရခိုင်ထီးနန်း ကို နှစ်ကြိမ် တိုင်းတိုင်း ရှာရှူဂျာတို့၏ ပုန်ကန်မှုကို ခံခဲ့ရကြောင်း သမိုင်းတွင် အခိုင် အမာဖော်ပြ ထားသည်။ ဒုတိယ အကြိမ်တွင် ရှာရှူဂျာသမီး မဂိုမင်းသမီးကို ဘုရင်သုဓမ္မချစ်ကြိုက်မိပြီး မိဖုရားအဖြစ် ချီးမြောက် ခဲ့သည်။ ရှာရှူဂျာသား သုံးယောက်ကိုလည်း နန်းတော်ထဲတွင် စိတ်ကြိုက်နေထိုင်ခွင့်ပြုခဲ့ သည်။ ရှာရှူဂျာတို့၏ သားသမီး များကြောင်း ပင် “ဝေဇယန္တာနှင့် ၊ ပမာမျှ၊ တူမောလှချင့်”ဟူသော ပဲခူးမင်း သမီးရှင်ထွေးနှောင်း ချီးမွမ်းခံ သည် ရခိုင် နန်း တော်ကြီး တစ်ခု လုံး ပြပုံဘ၀ကို   ရောက်ခဲ့ ရသည်။ နောက်ဆုံးတွင် ဘုရင်သုဓမ္မ သည် အချစ် ရေး ထက် အမျိုးသားရေးကို ဦးစားပေးသောကြောင့် အပြီးအပြတ် ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်း တွင် မဂိုတို့ဖြင့် ဆက်ဆံရေး တင်းမာခဲ့ရသည်။ လူမျိုးခြားကို ယုံကြည်ခဲ့သော ရခိုင် ဘုရင်သည် နောက် ဆုံးကောင်းကောင်းသင်္ခန်းစာ ရလိုက်ခြင်းပင်ဖြစ်သည်။

ရှာရှူဂျာနှင့် အတူပါလာသော စစ်သည်များအား သစ္စာရေသောက်ခိုင်းပြီး ရခိုင်ဘုရင် စန္ဒသုဓမ္မ ရာဇာ သည် ရခိုင်စစ်တပ်တွင် “ကမန်စစ် သည်”အဖြစ် အမှုတော် ထမ်းစေသည်ဟု ပါရှိသည်။ ရခိုင်ဘုရင် တို့သည် သဘော တရားကြီးခြင်းကို တွေ့ရှိရသည်။ မဂို ဘုရင် ရှာရှူဂျာကို လက်ခံသကဲ့သို့ ကျန်စစ်သည် များကို လည်း စစ်သည်အဖြစ် လက်ခံပြီး မဟာမေဒင်ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုခဲ့သည်။

“ကမန်”ဟူသော ဝေါဟာရမှာ ရှေ့ရခိုင်ဘုရင်များ လက်ထက်ကတည်းက ခေါ်ဝေါ်ခဲ့သည့် နာမည် တစ်ခုဖြစ်ကြောင်း ကို တွေ့ ရှိရသည်။

ကမန်လူမျိုးသည် ရခိုင်တို့၏ မြောက်ဦးခေတ်တွင် ရခိုင်ဘုရင်တပ်မတော်ထဲတွင် သစ္စာရှိရှိ အမှုထမ်းခဲ့ကြ သည့် စစ်သည်တော် များဖြစ်သည်။ ရခိုင်လူမျိုးနှင့် မြန်မာနိုင်ငံအပေါ်တွင် အမှန် တကယ် သစ္စာ ရှိခဲ့သည့် လူမျိုးဖြစ်သည်။

(၂)။ - Mr. Charles Paton ၏ Report (အစီရင်ခံစာ) သုံးသပ်ချက်


ရခိုင်ပြည်လူဦးရေအကြောင်းလေ့လာသုံးသပ်ရာတွင် ရခိုင်ပြည်ကို ဗြိတိသျှ East India Companyက(၁၈၂၄ ) ခုနှစ်တွင် ပထမ အင်္ဂလိပ်မြန်မာ စစ်ပွဲ အပြီး သိမ်းပိုက်ခဲ့သည်။ East India Company ပိုင်နက် ဖြစ်လာ ခဲ့ပြီးနောက်ပိုင်း Mr. Charles Paton ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သည်။

Mr. Charles Paton သည် ရခိုင်ပြည်နယ်အနှံ့ သွားရောက် လေ့လာပြီးနောက် ရခိုင်ပြည်၏ ပထ၀ီအနေ အထား၊ သမိုင်း ၊ လူဦးရေ ၊ဒေသခံ တို့၏ ဓလေ့ထုံးစံ အလေ့အထ၊ အုပ်ချုပ်ရေးစနစ်နှင့် ကုန်ထုတ်လုပ်မှု စသည်တို့ကို အသေဒစိတ်ဖေါ်ပြထားသည့် Report (အစီရင်ခံစာ) တစ်စောင်ကို ၁၈၂၆ ခု ဧပြီလ (၂၆) ရက်နေ့ ရက်စွဲဖြင့် ရေးသားပြုစုခဲ့သည်။
ကိုးကား။     ။ http://kamannetwork.blogspot.com/2013/10/blog-post_22.html
အဆိုပါ အစီရင်ခံစာသည် Documentary Evidence ဖြစ်ပြီး နှစ်ဖက် အငြင်းပွားစရာမရှိပါ။ ၎င်း အစီ ရင်ခံစာမှာ စာမျက်နှာပေါင်း (၃၆)မျက်နှာ ပါရှိသည်။ ၁၈၂၆ ခု ဧပြီလ (၂၆) ရက်နေ့ ရက်စွဲဖြင့် ရေး သားပြုစု ခဲ့သော ၎င်း Report (အစီရင်ခံစာ) အရ ထိုအချိန်တွင် လူဦးရေ တစ်သိန်း (၁၀၀၀၀၀) ထက် မပို ကြောင်းဖေါ်ပြထားသည်တွေ့ရသည်။ ၎င်းအစီရင်ခံစာပါ အကြောင်းအရာကို အောက်တွင် ဖတ်ရှု လေ့ လာနိုင်ပါသည်။
ရခိုင်ဒေသပဋိပက္ခနှင့်ငြိမ်းချမ်းစွာပူးတွဲနေထိုင်ရေး၊Rakhine Conflict & Peaceful Coexistence
ကိုးကား။      ။http://kamannetwork.blogspot.com/2013/09/blog-post_16.html




-အပိုင်း(၂) -


         ရခိုင်ပြည်ကို မြန်မာမင်း ဘိုးတော်ဘုရားက (၁၇၈၄) ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီးနောက် ရခိုင်ပြည် သား နှစ်သိန်း (၂၀၀၀၀၀)ကျော်ကို သိမ်းပိုက် ခေါ်ယူသွားခဲ့သည်ဟု ရမ်းဗြဲ ကျောင်းဆရာတော် စန္ဒမာလာ လင်္ကာရ က ဆိုထားသည်။ ထို့အပြင် ရခိုင်လူမျိုးထဲမှ “ချင်းပြန်” နှင့် အပေါင်းပါတို့ မြန်မာမင်းကို ပုန်ကန် မှုကြောင်းနောက်ဆက်တွဲစစ်ပွဲများစွာ အကြိမ်ကြိမ်ဖြစ်ခဲ့ရသည်။ ထိုစစ်ပွတွင် ရခိုင်ပြည်သားများစွာ သေ ဆုံး သွားပြီး၊ များစွာသောပြည်သူတို့သည် စစ်တကောင်းဒေသသို့ ထွက်ပြေးခိုလှုံကြသည်။ ၁၇၈၆ ခု နောက် ပိုင်း တွင် ရခိုင်ပြည်၏ လူဦးရေသည် သိသိသာသာ လျော့နည်း သွားခဲ့သည်ဟုဆိုသည်။
      အင်္ဂလိပ်တို့သည် ပထမအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ရန်တန္တပို ချုပ်ဆိုကာ ရခိုင်နှင့်တနင်္သာရီ အင်္ဂလိပ် ပထမ အင်္ဂလိပ်- မြန်မာစစ်ပွဲ (၁၈၂၄- ၁၈၂၅) ပေးအပ် လိုက်ရသည်။(အသေးစိတ်ကိုလင့်တွင်ဖတ်ပါ။
 ၁၉၆၂ ခု၊ ပဌမနှိပ်၊ ရန်ကုန် တက္ကသိုလ်၊ မြန်မာနှင့် အရှေ့တိုင်း ရာဇဝင် ပါမောက္ခ   ဒေါက်တာ   ကျော်သက် ရေးသားတဲ့ 'ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်း'
ရခိုင်ပြည်ကို ဗြိတိသျှ East India Company က (၁၈၂၄ ) ခုနှစ်တွင် ပထမ အင်္ဂလိပ်မြန်မာ စစ်ပွဲ အပြီး သိမ်းပိုက်ခဲ့၍ East India Company ပိုင်နက် ဖြစ်လာခဲ့ပြီးနောက်ပိုင်း Mr. Charles Paton ရခိုင်ပြည် နယ် အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သည်။
         Mr. Charles Paton သည် ရခိုင်ပြည်နယ်အနှံ့ သွားရောက် လေ့လာပြီးနောက် ရခိုင်ပြည်၏ ပထ၀ီ အနေအထား၊ သမိုင်း ၊ လူဦးရေ ၊ဒေသခံ တို့၏ ဓလေ့ထုံးစံ အလေ့အထ၊ အုပ်ချုပ်ရေးစနစ်နှင့် ကုန်ထုတ် လုပ်မှု စသည်တို့ကို အသေးစိတ်ဖေါ်ပြထားသည့် Report (အစီရင်ခံစာ) တစ်စောင်ကို ၁၈၂၆ ခု ဧပြီလ (၂၆) ရက်နေ့ ရက်စွဲဖြင့် ရေးသားပြုစုခဲ့သည်။
အဆိုပါ အစီရင်ခံစာသည် Documentary Evidence ဖြစ်ပြီးနှစ်ဖက်အငြင်းပွားစရာမရှိပါ။ ၎င်း Report (အစီရင်ခံစာ) အရ ထိုအချိန်တွင်ရခိုင်ပြည် လူဦးရေ တစ်သိန်း (၁၀၀၀၀၀) ထက် မပို   ကြောင်းဖေါ်ပြ ထားသည်တွေ့ရ သည်။
၎င်းအစီရင်ခံစာထဲက အချို့ကို ကောက်နုတ်တင်ပြရလျှင် Mr. Charles Paton ၏ Report (အစီရင်ခံစာ) အရ ထိုအချိန်တွင် လူဦးရေ တစ်သိန်း (၁၀၀၀၀၀) သာရှိသည်ဟု ဖေါ်ပြထားသဖြင့် အလွန် နည်းသည်ဟု ဆိုရမည်။
တနည်းပြောရလျှင် တိုင်းတစ်ပါးသို့ထွက်ပြေးခိုလှုံ ခဲ့သူများ ၏ စာရင်းများ ဤအစီရင်ခံစာတွင် ပါဝင်ခြင်း မရှိကြောင်း သုံးသပ်ရရှိသည်။
Mr. Charles Paton ၏ Report (အစီရင်ခံစာ) စာမျက်နှာ (၂၁) မှ (၃၅) ထိ Mr. Robertson က ကျွန်းအုပ်(နယ်မြေခေါင်းဆောင်) အဖြစ်တာဝန်ပေးအပ်ခဲ့သော စာရင်းအသေးစိတ်ဖြစ်တယ်။ အစီရင်ခံစာ ၏ စမျက်နှာ (၂)တွင် ရခိုင်ဒေသကို  မြောက်ဦးမှ အပ ကျန်ဒေသ ကို နယ်မြေ (၅၅) ခုအဖြစ် ပိုင်းခြားသတ် မှတ်ပြီး နယ်မြေတစ်ခုတွင် ရွာပေါင်း (၂) ရွာမှ ရွာ(၆၀) ထိပါဝင်ကြောင်းရေး သားထား သည်။ မြို့တော် မြောက်ဦးကိုမူ မြို့သူကြီးတစ်ဦးနှင့် Acherung (အရေးဝန်) တစ်ဦးတို့က အုပ်ချုပ် ကြောင်း ရေး သားထား သည်။ ကျန်နယ်မြေကို ကျွန်အုပ်တို့က ကွပ်ကဲသည်။ ထို့ကြောင်း ထိုအချိန်က ရခိုင်ပြည်ရှိ မွတ်ဆလင် များသည် ရခိုင်ဘုရင်လက်ထက် ကတည်းက ပင်ရင်းနိုင် အဖြစ်နေထိုင် ကာတိုင်းပြည်၏ အုပ်ချုပ်သူလူ တန်း စားဖြစ် ကြောင်းထင်ရှားသည်။အချို့ ကိုကောက် နုတ် တင်ရြလျှင် -

(၁)။ - Mr. Charles Paton ၏ Report (အစီရင်ခံစာ)၏ စာမျက်နှာ (၂၁) နယ်မြေ (၁)တွင် ကျွန်းအုပ် တာဝန်ယူထားသူမှာ မွတ်ဆလင်အမျိုးသား Sheik Janoo ဖြစ်ကြောင်းဖေါ်ပြထားသည်။

(၂)။ - ၎င်း (အစီရင်ခံစာ) စာမျက်နှာ (၂၂) တွင် နယ်မြေ (၂) ၌ Lal Mohammad တို့ကို Meeneaylong နယ်၏ ကျွန်းအုပ်အဖြစ်ခန့်ထားကြောင်း နှင့် ၎င်းတို့သည် ရခိုင်ဒေသ၏ Thanadras (ရဲအရာရှိဟောင်းများ) ဖြစ်ကြောင်းဖေါ်ြ ပထားသည်။

(၃)။ - ၎င်း (အစီရင်ခံစာ) စာမျက်နှာ (၂၃) တွင် နယ်မြေ (၂၆) ၌ Ibrahim ကို ကျွန်းအုပ် ခန့် ထားကြောင်း ၎င်းသည် ရခိုင်ပြည်ဖွားမွတ်ဆလင်ဖြစ်ကြောင်း ထောက်လှမ်းရေးဌာန ၌လည်း   ခေါင်းဆောင် တစ်ဦး တာဝန်ပေးထားကြောင်းဖေါ်ပြထားသည်။

(၄)။ - ၎င်း (အစီရင်ခံစာ) စာမျက်နှာ (၂၄) တွင် Sheik Soojah Kazee အား နယ်မြေ (၃၅ - ၃၆ - ၃၇) တို့ ၌ကျွန်းအုပ်အဖြစ်ခန့်ထားကြောင်း ၎င်းသည် ရခိုင်ပြည်ဖွားမွတ်ဆလင်တစ်ဦး (Arracan Mussalman) ဖြစ်ကြောင်း ရခိုင်ပြည်ရှိ မွတ်ဆလင်အားလုံး၏ခေါင်းဆောင်ဖြစ်ကြောင်း နှင်င့ မြန်မာ ဘုရင်လက်ထက် ရခိုင်ပြည်၏နယ်မြေ (၃ ပုံ ၁ ပုံ) အပိုင်စားအဖြစ်ရရှိထားကြောင်း ဖေါ်ပြ ထား ပါသည်။

(၅)။ - ၎င်း (အစီရင်ခံစာ) စာမျက်နှာ (၂၆) တွင် Sheik Soojah Acherung (အရေးဝန်) အားနယ်မြေ (၄၇) ၌ နယ်မြေ အကြီးအကဲအဖြစ်ခန့်ထားကြောင်း၊ သူသည် (Arrcan Mussalman) ရခိုင်ပြည်ဖွား မွတ်ဆလင်ဖြစ်ကြောင်း၊ မြန်မာဘုရင်လက်ထက်တွင် ကြီးမားသော ဒေသကို အပိုင် စားရ ခဲ့ကြောင်းဖေါ်ပြ ထားသည်။ထိုစာမျက်နှာတွင်ပင် Areer Allee ကိုနယ်မြေ (၄၈) ၌ ကျွန်း အုပ် ခန့်ထားကြောင်း၊ သူသည် မြန်မာဘုရင်လက်ထက် Cox’s Bazar ထက်ပြေး တိမ်းရှောင်ခဲ့ ပြီး ယခု ရခိုင်ပြည်သို့ ပြန်လည်ရောက် ရှိလာသူဖြစ်ကြောင်း ဖေါ်ပြထား သည်။
         
(၆)။ - ၎င်း (အစီရင်ခံစာ) စာမျက်နှာ (၂၇) တွင် Mohamed Haeef (ခ) Bong Naproo နယ်မြေ (၅၂) ကျွန်အုပ်ခန့်ထားကြောင်း၊ ၎င်းသည် Arracan Mussalman (ရခိုင်ပြည်ဖွားမွတ်ဆလင်) တစ်ဦးဖြစ်ကြောင်း   နှင့် ၎င်းသည် မြန်မာဘုရင်လက်ထက်တွင် လူမျိုးစုခေါင်းဆောင်တစ်ဦး ဖြစ် ကြောင်း ဖေါ်ပြ ထားသည်။

(၇)။ -  ထိုစာမျက်နှာတွင်ပင် Hassan Allee အားနယ်မြေ (၅၃)၌ ကျွန်းအုပ်ခန့်ထားကြောင်း သူသည် Arracan Mussalman (ရခိုင်ပြည်ဖွားမွတ်ဆလင်) တစ်ဦးဖြစ်ကြောင်း နျင့် ဿည် ရခိုင်မင်း၏ ကိုယ်ရံတော် တပ်မှူး (Sword Bearer) ဓါးပိုင်ကြီးညဖစ်ခဲ့ကြောင်းဖေါ်ပြထားသည်။

(၈)။ -  တစ်ဆက်တည်းမှာပင် Shawayoo (ခေါ်) Sheik Umr Khutob အား နယ်မြေ (၅၄)၌ ကျွန်းအုပ်ခန့်ထားကြောင်း ၎င်းသည် Arracan Mussalman (ရခိုင်ပြည်ဖွားမွတ်ဆလင်) တစ် ဦးဖြစ် ကြောင်းနှင့် မြန်မာ ဘုရင် လက်ထက် တွင် Acherung (အရေးဝန်) တစ်ဦး ဖြစ်ကြောင်း ဖေါ်ပြ ထား သည်။

 (၉)။ - ထိုစာမျက်နှာတွင် Areer Allee (ခေါ်) Mong La (မောင်လှ) အားနယ်မြေ (၅၅) ၏ ကျွန်းအုပ် အဖြစ်ခန့်ထားကြောင်း၊၎င်းသည် Arracan Mussalman (ရခိုင်ပြည်ဖွားမွတ်ဆလင်) တစ်ဦးဖြစ် ကြောင်း   နှင့် မြန်မာ ဘုရင် လက်ထက် တွင် ရဲအရာရှိ တစ်ဦး ဖြစ်ကြောင်း ဖေါ်ပြ ထား သည်။

(၁၀)။ -  စာမျက်နှာ (၃၀) တွင် (ရမ်းဗြဲ) Ramree ဒေသနယ်မြေ (၂၄) ၌ Ubidul Kareem နှင့် Napfroo တို့ကိုကျွန်းအုပ်အဖြစ်ခန့်ထားကြောင်းUbidul Kareem သည် နယ်မြေခံ Mussalman စာမျက်နှာ (၃၀) တွင် (ရမ်းဗြဲ) Ramree မြို့၏ ရပ်ကွက် (၁) ၌တစ်ဦးဖြစ်ကြောင်း  နှင့် လူမျိုးစု ခေါင်ဆောင် တစ်ဦးဖြစ် ကြောင်း ဖေါ်ပြထားသည်။

 (၁၁)။ - စာမျက်နှာ (၃)တွင် (ရမ်းဗြဲ) Ramree မြို့၏ ရပ်ကွက် (၁) ၌ Namoochay အား တာဝန်ခံ ခန့် ထားကြောင်း ထိုရပ်ကွက် တွင် Mussalman များအား အဓိက နေထိုင်စေခဲ့ကြောင်း နှင့် ထို အတွက်ကြောင်း Mussalman ထဲမှ တာဝန်ခံ ခန့်ထားကြောင်း ဖေါ်ပြထားသည်။

(၁၂)။ -  Mugh (ရခိုင်) အမျိုးသားများနှင့် Burmese (ဗမာ) အမျိုးသားများ ကိုလည်း ကျွန်းအုပ် ထားကြောင်း အစီရင်ခံစာတွင်ဖေါ်ပြထားသည်။ ရခိုင်အမျိုးသား ကျွန်အုပ်များ ဖေါ်ပြရာ၌ အသုံး အနုန်း (၃) မျိုး ကိုတွေ့ရသည်။ Arracan Mug ( ရခိုင်ပြည်ဖွား Mug လူမျိုး) Ramoo Mug  ( စစ် တ ကောင်းပြည်ဖွား Mug လူမျိုး) Remigrant Mug ( ရခိုင်ပြည် မှထွက်ပြေးပြီး ပြန်ဝင်ရောက် လာ သူ Mug လူမျိုး) ဟူ၍  (၃) မျိုးဖေါ်ပြထားသည်။ ရခိုင် လူမျိုးကျွန်းအုပ်များအနက် Ramoo Mug  (ရာမူးဖွား ရခိုင်) အများအပြား ပါရှိသည် ကိုတွေ့ရသည်။
မူရင်း လင့်ကိုလေ့လာရန် -

          မွတ်ဆလင် (၃၀၀၀၀) ရှိသည်ဖေါ်ပြခဲ့သဖြင့် ၎င်းတို့လူဦးရေမှာ မွေးတိုး (သဘာဝတိုး)နုန်း ဖြင့် ၂၀၁၂ ခုနှစ်တွင် ရှိမည့် အောက်ပါအတိုင်းဖြစ်ပါသည်။
Continuous increment formula = S(1+r)n 
[ S(1+0.024) to the power n ] ဟုဆိုလိုခြင်းဖြစ် သည်။                                                                  
No. of Arakan Muslim  (Rohingya and Kaman ) in 1826 = S= 30000
Duration 1826 – 2012 = 186 years = n
Birth rate 2.4 %
By Continuous increment  formula    = S(1+r)n
                                                    =30000(1+0.024) to the power 186
                                                                 =  30000(1+o.024)186
   Arakan Muslim                               = 2,471,230
ကိုးကား။  ။(၂၀-၂-၂၀၁၃)နေ့ ပြည်သူလွှတ်တော်ကိုယ်စားလှယ်များ၊ပြည်ထောင် စုမြန်မာနိုင် ငံတော်၊ နေပြည်တော်(အထက်ပါဖေါ်မြူလာကို ပြည်သူ့လွှတ်တော်အမတ် MP ဦးရွှေမောင်အပေါင်းပါ ၃ ဦး ကပြည်သူ့ လွှတ် တော် သို့ တင်ပြသော - "ရခိုင်ဒေသပဋိပက္ခနှင့်ငြိမ်းချမ်းစွာနေထိုင်ရေး" ကန့်သတ် စာအုပ် စာ မျက် နှာ (၁၀) ကို ကိုး ကား သည်။)
မှတ်ချက်မှာ။    ။၂၀၁၂ ခုနှစ် သြဂုတ်လ (၂၀)ရက်နေ့စွဲဖြင့်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သ၀ဏ်လွှာ သတင်းသုံးသပ်ချက်စာမျက်နှာ (၄)တွင် ဖေါ်ညပထားသကဲ့သို့ ၎င်းတို့၏ လူဦးရေ သည် သာမန် ထက် ပိုနိုင်ပါသည်။ ၎င်းတို့၏ လူဦးရေကို အသင့်အတင့် လူဦးရေနုန်းဖြစ်သည့် (၂.၄%) ဖြင့်အထက်ပါ အတိုင်း Continuous increment  formula ကိုသုံး၍ တွက်ချက်ခြင်းဖြစ်ပါသည်။     
            အထက်ပါတွက်ချက်မှုအရ Arakan Muslim      = 2,471,230
       ရခိုင်တိုင်းရင်းသားများနှင့် အာဏာရှင်များ ၁၈၂၄ နောက် ပိုင်း ရခိုင်ပြည်ခိုးဝင်လာသူများသည် ယနေ့ရိုဟင်ဂျာ အမည် ဘင်္ဂါလီဖြစ်သည်။၎င်းတို့အခုစီစစ်ပြီးမှ အိမ်ဆောက်ခွင့်ပြုရန်၊ဒုက္ခသည် တွင်ဆက် လက်ထား ရှိရန် အမြဲကြွေးကြော်နေဆဲဖြစ်သည်။
ပြည်မသို့ ကမန်လူဦးရေ (၃၇၀၀) ကို (၁၂) မြို့သို့ နေရာခွဲဝေချထားခြင်းလည်းရှိပါသေးသည်။၎င်းလူဥိရေ ကို အထက် ဖေါ်မြူလာနှင့်တွက်ချက်လျှင် -  Duration 1826 – 2012 = 186 years = n    
Birth rate 2.4 %
ကမန်လူဦးရေ (၃၇၀၀) ကို ရခိုင်ဘုရင် လက်ထက်တွက်ယခြင်းမဟုတ် မစ္စတာ ပါတန်ပေါ်အခြေခံ၍ ခန့်မှန်း ခြင်းဖြစ်သည်။
By Continuous increment  formula = S(1+r)n
                                                  =3700(1+0.024) to the power 186
                                                               =  3700(1+o.024)186 
   Arakan Muslim                                 =  304783
 နှစ်ရပ်ပေါင်း စုစုပေါင်း လူဦးရေ           = 2,471,230 + 304783 = 2776013
အချုပ်ပြောရလျှင် -
မူလက ကမန်လူဦးရေ (၂၇၀၀၀၀) စာရင်းဖျောက်ပြီး သုံးသိန်းသာရှိသည်၊သုံးသောင်းသာရှိသည်၊ (၇၇၀၂) သာရှိသည်၊(၇၅၆၃)သာရှိသည်ဟု စသဖြင့် ပြော ဆိုခဲ့မှု အားလုံးသည် နဂိုမူလ လူဦးရေ ထက် အဆပေါင်း   မြောက်များစွာ လျှော့နည်း နေ သည့်အတွက် မည်သည့်နည်းနှင့် လက်မခံနိုင်၊ ယုတ္တိဗေဒအရလည်း အလွန်ဆန့်ကျင်နေသည်။အဓမ္မ လျော့ချပြီး လုပ်ကြံဖေါ်ပြခြင်းဖြစ် ကြောင်း ထိုကဲ့သို့ အဓမ္မဖေါ်ပြသော ကိန်းဂဏန်းမှာ မှန်ကန်မှုမရှိကြောင်းသုံး သပ် ရရှိသည်။
ရခိုင်အစီရင်ခံစာ စာအုပ်စာမျက်နှာနောက်ဆက်တွဲ (က ၁) ၂၀၁၂ ခုတွင် ရခိုင်ပြည်နယ်ရှိ စုစု ပေါင်း လူဦးရေ မှာ (၃၃၃၈၆၆၉) ရှိကြောင်းဖေါ်ပြထားသည်။

၎င်းအနက်မှ ဗုဒ္ဓ ဘာသာ ကိုးကွယ်သူ မှာ (၂၃၃၃၆၇၀)ဖြစ်ပြီး၊ အစ္စလာမ် ဘာသာ ကိုးကွယ်သူမှာ (၉၆၈၂၁၈)၊ ခရစ်ယာန် (၂၅၂၀၆)၊ ဟိန္ဒူ (၈၆၇၀)၊ နတ် (၂၉၀၅) စုစုပေါင်း (၃၃၃၈၆၆၉) ဟု ဖေါ်ပြ ထား သည်။
      ထို့ကြောင်း ရခိုင်ပြည်တွင် အစ္စလာမ် ဘာသာ ကိုးကွယ်သူမှာ (၉၆၈၂၁၈) ဦးဟုဖေါ်ပြ ထားဖြင့် တွက်ချက်၍ရရှိ သောစုစုပေါင်း ကမန် လူဦး ရေ = 2776013 ဦးထက် လျှော့နည်း နေပါသည်။ကျန် ကမန် လူမျိုးများ ရခိုင်ပြည်သာမက ပြည်မထိ ရေကြည်ရာ၊မြက်နုရာသို့ ပျံ့နှံ့နေထိုင် သည်ဟု သုံးနိုင်ပါသည်။

 အပိုင်း ( ၃) 

သမိုင်းသုတေသီ မောင်မောင်ကြီး မန်း ၏ ဒေါက်မောင်မောင်ထံတင်ပြသော အကြံပြုလွှာ အရ ကမန် လူဦးရေ (၁၀၆၄၈) ဦး ဖေါ်ပြခြင်း


စာရေးဆရာ သမိုင်းသုတေသီ မှ တင်ပြခဲ့သော ဥက္ကဌ – ဒေါက်တာ မောင်မောင် (နိုင်ငံတော် ကောင် စီ)၊ မြန်မာနိုင်ငံသားဥပဒေ မူကြမ်းပြုစုရေး အဖွဲ့-၁၉၈၂ ခုနှစ် ထံသို့ အကြံပြုလွှာတွင် ကမန် လူဦးရေ စုစု ပေါင်း တစ်သောင်းခြောက်ရာလေးဆယ်ရှစ် (၁၀၆၄၈) ဦး ဟူ၍ဖေါ် ပြထားတွေ့ရှိရသည်။ ၎င်းအကြံပြု လွှာ   အောက် ပါ လင့်တွင်ဖတ်ရှုနိုင်ပါသည်။

ကမန် လူဦးရေ စုစု ပေါင်း တစ်သောင်းခြောက်ရာလေးဆယ်ရှစ် (၁၀၆၄၈) ဦးအပေါ်တွက်ချက် ကြည့် လျှင် အောက်ပါအတိုင်းဖြစ်သည်။
၂၀၁၂ ခုနှစ်ထိ ကမန်လူဦးရေစုစုပေါင်း = 10648 (1+o.024)186

                                                 = 10648(1+0.024) to the power 186
၎င်းကိန်းဂဏန်းအပေါ်တွက်ယူလျှင် -
၂၀၁၂ ခုနှစ်ထိ ကမန်လူဦးရေစုစုပေါင်း = 877122 ဦးဖြစ် ရမည်။

ထို့ကြောင်း သမိုင်းသုတေသီ အဆိုအရ ၂၀၁၂ ခုနှစ်ထိ ကမန်လူဦးရေစုစုပေါင်း = 877122 ဦးရှိ သည် ဟုဆိုရပေမည်။

ဤအကြံပြုလွှာ ပါစာမျက်နှာ (၈) စာကြောင်းရေ (၃) တွင် ကမန် လူဦးရေ (၁၀၆၄၈) ဦးဖေါ်ပြ ထားတွေ့ ရှိရသည်။ သို့သော်ရခိုင် ဘုရင်လက်ထက် ကမန် လူဥင်္ီးရေ (၂၇၀၀၀၀) ထက်လျှော့နည်းသဖြင့် သမိုင်း သုတေသီ မောင်မောင်ကြီး မန်း၏ ကမန် လူဦးရေ (၁၀၆၄၈) ဦးအတည် မပြုနိုင်ကြောင်း သုံးသပ် ရရှိသည်။



>>> အပိုင်း ( ၄ ) မျှော် >>>>>>ဆက်လက်ဖေါ်ပြမည်။ (ရွှေညာဏ်ချယ်)


Comments

Popular posts from this blog

တိုင်းရင်းသားလူမျိုးများ

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း