၁၈၂၆ ခု ဧပြီလ (၂၆) ရက်နေ့ Mr. Charles Paton အစီရင်ခံစာ အရ တိုင်း ပြည် တာ ၀န် ထမ်း ဆောင် ခဲ့ သော မွတ် ဆ လင် အကြီး အ ကဲ များ







ရခိုင်ဒေသရှိမွတဆလင်မ်လူဦးရေအကြောင်း တစ် စေ့ တစ် စောင်း
ရခိုင်ပြည်လူဦးရေအကြောင်းလေ့လာသုံးသပ်ရာတွင် ရခိုင်ပြည်ကို ဗြိတိသျှ East India Company က (၁၈၂၄ ) ခုနှစ်တွင် ပထမ အင်္ဂလိပ်မြန်မာ စစ်ပွဲ အပြီး သိမ်းပိုက်ခဲ့သည်။ East India Company ပိုင်နက် ဖြစ်လာခဲ့ပြီးနောက် ပိုင်း Mr. Charles Paton ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သည်။
Mr. Charles Paton သည် ရခိုင်ပြည်နယ်အနှံ့ သွားရောက် လေ့ လာပြီး
နောက် ရခိုင်ပြည်၏ ပထ၀ီ အနေအထား၊ သမိုင်း ၊ လူဦးရေ ၊ဒေသခံ တို့၏ ဓလေ့ထုံးစံ အလေ့အထ၊ အုပ်ချုပ်ရေးစနစ်နှင့် ကုန်ထုတ် လုပ်မှု စသည် တို့ကို အသေဒစိတ်ဖေါ်ပြထားသည့် Report (အစီရင်ခံစာ) တစ်စောင် ကို ၁၈၂၆ ခု ဧပြီလ (၂၆) ရက်နေ့ ရက်စွဲဖြင့် ရေးသားပြုစုခဲ့သည်။
အဆိုပါ အစီရင်ခံစာသည် Documentary Evidence ဖြစ်ပြီးနှစ်ဖက် အငြင်း ပွားစရာမရှိပါ။ ၎င်း အစီရင်ခံ စာမှာ စာမျက်နှာပေါင်း (၃၆)မျက်နှာ ပါရှိ သည်။ ၁၈၂၆ ခု ဧပြီလ (၂၆) ရက်နေ့ ရက်စွဲဖြင့် ရေး သားပြု စုခဲ့သော ၎င်း Report (အစီရင်ခံစာ) အရ ထိုအချိန်တွင် လူဦးရေ တစ်သိန်း (၁၀၀၀၀၀) ထက် မပို   ကြောင်းဖေါ်ပြ ထားသည်တွေ့ရ သည်။၎င်းအစီရင်ခံ စာပါ အကြောင်း အရာကို အောက်တွင် ဖတ်ရှု လေ့ လာနိုင်ပါသည်။
Mr. Charles Paton ၏ Report (အစီရင်ခံစာ) စာမျက်နှာ (၂၁) မှ (၃၅) ထိ Mr. Robertson က ကျွန်းအုပ်(နယ်မြေခေါင်းဆောင်) အဖြစ်တာဝန်ပေးအပ် ခဲ့သော စာရင်းအသေးစိတ်ဖြစ်တယ်။ အစီရင်ခံစာ ၏ စမျက်နှာ (၂)တွင် ရခိုင်ဒေသကို  မြောက်ဦးမှ အပ ကျန်ဒေသ ကို နယ်မြေ (၅၅) ခုအဖြစ် ပိုင်းခြား သတ်မှတ်ပြီး နယ်မြေတစ်ခုတွင် ရွာပေါင်း (၂) ရွာမှ ရွာ(၆၀) ထိ ပါဝင်ကြောင်းရေး သားထားသည်။
မြို့တော် မြောက်ဦးကိုမူ မြို့သူကြီးတစ်ဦးနှင့် Acherung (အရေးဝန်) တစ်ဦးတို့က အုပ်ချုပ် ကြောင်း   ရေးသား ထားသည်။ ကျန်နယ်မြေကို ကျွန်အုပ်တို့က ကွပ်ကဲသည်။
(၁)။ – Mr. Charles Paton ၏ Report (အစီရင်ခံစာ)၏ စာမျက်နှာ (၂၁) နယ်မြေ (၁)တွင် ကျွန်းအုပ် တာဝန် ယူထားသူမှာ မွတ်ဆလင်အမျိုးသား Sheik Janoo ဖြစ်ကြောင်းဖေါ်ပြထားသည်။
(၂)။ – ၎င်း (အစီရင်ခံစာ) စာမျက်နှာ (၂၂) တွင် နယ်မြေ (၂) ၌ Lal Mohammad တို့ကို Meeneaylong နယ်၏ကျွန်း အုပ် အဖြစ်ခန့် ထားကြောင်း နှင့် ၎င်းတို့သည် ရခိုင်ဒေသ၏ Thanadras (ရဲအရာ ရှိဟောင်း များ) ဖြစ်ကြောင်းဖေဓပြထားသည်။
(၃)။ – ၎င်း (အစီရင်ခံစာ) စာမျက်နှာ (၂၃) တွင် နယ်မြေ (၂၆) ၌ Ibrahim ကို ကျွန်းအုပ် ခန့် ထားကြောင်း ၎င်းသည် ရခိုင်ပြည်ဖွား မွတ်ဆလင် ဖြစ်ကြောင်း ထောက်လှမ်းရေးဌာန ၌လည်း   ခေါင်းဆောင် တစ်ဦး တာဝန်ပေးထားကြောင်းဖေါ်ပြထားသည်။
(၄)။ – ၎င်း (အစီရင်ခံစာ) စာမျက်နှာ (၂၄) တွင် Sheik Soojah Kazee အား နယ်မြေ (၃၅ – ၃၆ – ၃၇) တို့ ၌ကျွန်းအုပ် အဖြစ်ခန့်ထားကြောင်း ၎င်းသည် ရခိုင်ပြည်ဖွားမွတ်ဆလင်တစ်ဦး (Arracan Mussalman) ဖြစ်ကြောင်း ရခိုင်ပြည်ရှိ မွတ်ဆလင် အားလုံး ၏ခေါင်းဆောင် ဖြစ်ကြောင်း နှင်င့ မြန်မာ ဘုရင်လက်ထက် ရခိုင်ပြည်၏နယ်မြေ (၃ ပုံ ၁ ပုံ) အပိုင်စား အဖြစ် ရရှိ Add Mediaထားကြောင်း ဖေါ်ပြ ထား ပါသည်။
(၅)။ – ၎င်း (အစီရင်ခံစာ) စာမျက်နှာ (၂၆) တွင် Sheik Soojah Acherung (အရေးဝန်) အားနယ်မြေ (၄၇) ၌ နယ်မြေ အကြီး အကဲ အဖြစ်ခန့် ထားကြောင်း၊ သူသည် (Arrcan Mussalman) ရခိုင်ပြည်ဖွား မွတ်ဆလင် ဖြစ်ကြောင်း၊ မြန်မာဘုရင်လက်ထက်တွင် ကြီးမားသောဒေသကို အပိုင် စားရ ခဲ့ကြောင်းဖေါ်ပြ ထားသည်။ထိုစာမျက်နှာတွင်ပင် Areer Allee ကိုနယ်မြေ (၄၈) ၌ ကျွန်း အုပ် ခန့် ထားကြောင်း၊ သူသည် မြန်မာဘုရင် လက်ထက် Cox’s Bazar ထက်ပြေးတိမ်းရှောင်ခဲ့ ပြီး ယခု ရခိုင်ပြည်သို့ ပြန်လည်ရောက် ရှိလာသူဖြစ်ကြောင်းဖေါ်ပြထားသည်။
(၆)။ – ၎င်း (အစီရင်ခံစာ) စာမျက်နှာ (၂၇) တွင် Mohamed Haeef (ခ) Bong Naproo နယ်မြေ (၅၂) ကျွန်အုပ် ခန့်ထားကြောင်း၊ ၎င်း သည် Arracan Mussalman (ရခိုင်ပြည်ဖွားမွတ်ဆလင်) တစ်ဦး ဖြစ်ကြောင်း     နှင့် ၎င်းသည် မြန်မာဘုရင်လက်ထက်တွင် လူမျိုး စုခေါင်းဆောင်တစ်ဦး ဖြစ် ကြောင်း   ဖေါ်ပြ ထားသည်။
(၇)။ –  ထိုစာမျက်နှာတွင်ပင် Hassan Allee အားနယ်မြေ (၅၃)၌ ကျွန်းအုပ် ခန့်ထားကြောင်း သူသည် Arracan Mussalman (ရခိုင် ပြည် ဖွားမွတ် ဆလင်) တစ်ဦးဖြစ်ကြောင်း နျင့် ဿည် ရခိုင်မင်း၏ ကိုယ်ရံတော် တပ်မှူး (Sword Bearer) ဓါးပိုင်ကြီးဖြစ် ခဲ့ကြောင်းဖေါ်ပြထားသည်။
(၈)။ –  တစ်ဆက်တည်းမှာပင် Shawayoo (ခေါ်) Sheik Umr Khutob အား နယ်မြေ (၅၄)၌ ကျွန်းအုပ် ခန့် ထားကြောင်း ၎င်းသည် Arracan Mussalman (ရခိုင်ပြည်ဖွားမွတ်ဆလင်) တစ်ဦးဖြစ် ကြောင်းနှင့် မြန်မာ ဘုရင် လက်ထက် တွင် Acherung (အရေးဝန်) တစ်ဦး ဖြစ်ကြောင်း ဖေါ်ပြ ထား သည်။
(၉)။ – ထိုစာမျက်နှာတွင် Areer Allee (ခေါ်) Mong La (မောင်လှ) အားနယ်မြေ (၅၅) ၏ ကျွန်းအုပ် အဖြစ် ခန့် ထားကြောင်း၊၎င်းသည် Arracan Mussalman (ရခိုင်ပြည်ဖွားမွတ်ဆလင်) တစ်ဦးဖြစ်   ကြောင်း နှင့်မြန်မာ ဘုရင် လက်ထက် တွင် ရဲအရာရှိ တစ်ဦး ဖြစ်ကြောင်း ဖေါ်ပြ ထား သည်။
(၁၀)။ –  စာမျက်နှာ (၃၀) တွင် (ရမ်းဗြဲ) Ramree ဒေသနယ်မြေ (၂၄) ၌ Ubidul Kareem နှင့် Napfroo တို့ကိုကျွန်း အုပ် အဖြစ် ခန့်ထားကြောင်း Ubidul Kareem သည် နယ်မြေခံ Mussalman စာမျက်နှာ (၃၀)တွင် (ရမ်းဗြဲ) Ramree မြို့၏ ရပ်ကွက် (၁) ၌တစ် ဦးဖြစ်ကြောင်း  နှင့် လူမျိုးစု ခေါင်ဆောင် တစ်ဦးဖြစ် ကြောင်း ဖေါ်ပြထားသည်။
(၁၁)။ – စာမျက်နှာ (၃၁)တွင် (ရမ်းဗြဲ) Ramree မြို့၏ ရပ်ကွက် (၁) ၌ Namoochay အား တာဝန်ခံ ခန့် ထားကြောင်း ထိုရပ်ကွက် တွင် Mussalman များအား အဓိက နေထိုင်စေခဲ့ကြောင်း နှင့် ထိုအတွက်ကြောင်း Mussalman ထဲမှ တာဝန်ခံ ခန့် ထားကြောင်း ဖေါ်ပြထားသည်။
(၁၂)။ –  Mugh (ရခိုင်) အမျိုးသားများနှင့် Burmese (ဗမာ) အမျိုးသားများ ကိုလည်း ကျွန်းအုပ် ထားကြောင်း အစီရင်ခံစာ တွင်ဖေါ်ပြထားသည်။ ရခိုင်အမျိုးသား ကျွန်အုပ်များ ဖေါ်ပြရာ၌ အသုံး အနုန်း (၃) မျိုး ကိုတွေ့ရသည်။ Arracan Mug ( ရခိုင်ပြည်ဖွား Mug လူမျိုး) Ramoo Mug  ( စစ် တ ကောင်းပြည်ဖွား Mug လူမျိုး) Remigrant Mug ( ရခိုင်ပြည် မှထွက်ပြေးပြီး ပြန်ဝင်ရောက် လာ သူ Mug လူမျိုး) ဟူ၍  (၃) မျိုးဖေါ်ပြထားသည်။ ရခိုင် လူမျိုးကျွန်းအုပ်များအနက် Ramoo Mug  (ရာမူးဖွား ရခိုင်) အများအပြား ပါရှိ သည် ကိုတွေ့ရသည်။

Comments

Popular posts from this blog

တိုင်းရင်းသားလူမျိုးများ

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း