Mr. Charles Paton အစီရင်ခံစာ သုံးသပ်ချက်
ရခိုင်ပြည်လူဦးရေအကြောင်းလေ့လာသုံးသပ်ရာတွင်
ရခိုင်ပြည်ကို ဗြိတိသျှ East India Company က (၁၈၂၄ ) ခုနှစ်တွင် ပထမ
အင်္ဂလိပ်မြန်မာ စစ်ပွဲ အပြီး သိမ်းပိုက်ခဲ့သည်။ East India Company ပိုင်နက်
ဖြစ်လာခဲ့ပြီးနောက်ပိုင်း Mr. Charles Paton ရခိုင်ပြည်နယ်
အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သည်။
Mr. Charles Paton သည် ရခိုင်ပြည်နယ်အနှံ့ သွားရောက် လေ့လာပြီးနောက်
ရခိုင်ပြည်၏ ပထ၀ီအနေအထား၊ သမိုင်း ၊ လူဦးရေ ၊ဒေသခံ တို့၏ ဓလေ့ထုံးစံ
အလေ့အထ၊ အုပ်ချုပ်ရေးစနစ်နှင့် ကုန်ထုတ်လုပ်မှု စသည်တို့ကို
အသေဒစိတ်ဖေါ်ပြထားသည့် Report (အစီရင်ခံစာ) တစ်စောင်ကို ၁၈၂၆ ခု ဧပြီလ (၂၆)
ရက်နေ့ ရက်စွဲဖြင့် ရေးသားပြုစုခဲ့သည်။
အဆိုပါ အစီရင်ခံစာသည် Documentary Evidence ဖြစ်ပြီး
နှစ်ဖက်အငြင်းပွားစရာမရှိပါ။ ၎င်း အစီရင်ခံစာမှာ စာမျက်နှာပေါင်း (၃၆)မျက်နှာ
ပါရှိသည်။ ၁၈၂၆ ခု ဧပြီလ (၂၆) ရက်နေ့ ရက်စွဲဖြင့် ရေး သားပြုစုခဲ့သော ၎င်း
Report (အစီရင်ခံစာ) အရ ထိုအချိန်တွင် လူဦးရေ တစ်သိန်း (၁၀၀၀၀၀) ထက် မပို
ကြောင်းဖေါ် ပြ ထားသည်တွေ့ရသည်။၎င်းအစီရင်ခံစာပါအကြောင်းအရာကို
အောပ်ပါလင့်တွင် ဖတ်ရှု လေ့ လာနိုင်ပါသည်။
Comments
Post a Comment