Mr. Charles Paton ၏ Report (အစီရင်ခံစာ) A SHORT REPORT ON ARAKAN
Mr. Charles Paton ၏ Report (အစီရင်ခံစာ)
ရခိုင်ပြည်လူဦးရေအကြောင်းလေ့လာသုံးသပ်ရာတွင် ရခိုင်ပြည်ကို ဗြိတိသျှ East India Company က (၁၈၂၄ ) ခုနှစ်တွင် ပထမ အင်္ဂလိပ်မြန်မာ စစ်ပွဲ အပြီး သိမ်းပိုက်ခဲ့သည်။ East India Company ပိုင်နက် ဖြစ်လာခဲ့ပြီးနောက် ပိုင်း Mr. Charles Paton ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သည်။
Mr. Charles Paton သည် ရခိုင်ပြည်နယ်အနှံ့ သွားရောက် လေ့ လာပြီးနောက် ရခိုင်ပြည်၏ ပထ၀ီ အနေအထား၊ သမိုင်း ၊ လူဦးရေ ၊ဒေသခံ တို့၏ ဓလေ့ထုံးစံ အလေ့အထ၊ အုပ်ချုပ်ရေးစနစ်နှင့် ကုန်ထုတ် လုပ်မှု စသည် တို့ကို အသေဒစိတ်ဖေါ်ပြထားသည့် Report (အစီရင်ခံစာ) တစ်စောင် ကို ၁၈၂၆ ခု ဧပြီလ (၂၆) ရက်နေ့ ရက်စွဲဖြင့် ရေးသားပြုစုခဲ့သည်။
အဆိုပါ အစီရင်ခံစာသည် Documentary Evidence ဖြစ်ပြီးနှစ်ဖက်အငြင်းပွားစရာမရှိပါ။ ၎င်း အစီရင်ခံ စာမှာ စာမျက်နှာပေါင်း (၃၆)မျက်နှာ ပါရှိသည်။ ၁၈၂၆ ခု ဧပြီလ (၂၆) ရက်နေ့ ရက်စွဲဖြင့် ရေး သားပြု စုခဲ့သော ၎င်း Report (အစီရင်ခံစာ) အရ ထိုအချိန်တွင် လူဦးရေ တစ်သိန်း (၁၀၀၀၀၀) ထက် မပို ကြောင်းဖေါ်ပြ ထားသည်တွေ့ရ သည်။၎င်းအစီရင်ခံစာပါအကြောင်းအရာကို အောက်တွင် ဖတ်ရှု လေ့ လာနိုင်ပါသည်။

အသေစိတ်လေ့လာရန် လင့်

Comments
Post a Comment