တိုင်းရင်းသားလူမျိုးစုများကိုပင်မကာကွယ် နိုင် သော ဥ ပ ဒေ
အောက်တိုဘာ ၁၊ ၂၀၁၃
M-Media
ရေးသူ -မသိင်္ဂီကျော်
M-Media
ရေးသူ -မသိင်္ဂီကျော်
သံတွဲ ။ ။
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အခြေအနေများမှာ ငြိမ်သက်မှု မရှိဘဲ ပိုမို
ဆိုးရွားလာနေခြင်းမှာ သံတွဲမြို့နေ အာဏာပိုင်များ၏ လျစ်လျူရှူနေမှုမှာ
ပိုမို ထင်ရှား လာနေပြီ ဖြစ် သည်။
သံတွဲမြို့တွင်
နေထိုင်သော ကမန်တိုင်းရင်းသားများအတွက် များစွာ စိုးရိမ်ရသော်လည်း မည်သည့်
အကူအညီမှ ပေးခွင့် မရှိ ဖြစ်နေပါသည်။ နိုင်ငံတော်မှ တိုင်းရင်းသားများအား
ကာကွယ် မှု မပေးနိုင်ဘဲ လျစ်လျှူရှူ ထားသည်မှာ များစွာ စိတ်ထိခိုက်ဖွယ်
ဖြစ်ပါသည်။
ကမန်
တိုင်းရင်းသားများမှာ နှစ်ကာလ ရှည်ကြာကပင် နေထိုင်လာသော လူမျိုးစု
ဖြစ်သော်လည်း အာဏာပိုင်များမှာ မည်သည့် လုံ့ခြုံမှုမှ မပေးနိုင်ခြင်းမှာ
တိုင်းရင်းသား လူမျိုးစု များ အား နိုင်ငံတော်မှ ရက်စက်လွန်းသည်မှာ
ထင်ရှားနေပါသည်။
သံတွဲမြို့တွင်
နေထိုင်သော ကမန်တိုင်းရင်းသားများမှာ အစ္စလာမ် ဘာသာ ကိုးကွယ်သူများ
ဖြစ်ပါသည်။ မည်သို့ပင် ဆိုစေ ထိုတိုင်းရင်းသားများကို အန္တရာယ်ပြု
အကြမ်းဖက်နေသော လူစုအား နိုင်ငံတော်၏ ဥပဒေဖြစ်ပင် မကာကွယ် ပေးနိုင်
ဆိုသည်မှာ တရားဥပဒေသည် နိုင်ငံတော်မှ မပိုင်ပဲ မည်သူများ စိုးမိုးနေသနည်း။
လူနှစ်ဦး
အချင်းများခြင်းမှ စတင်ကာ မည်သည့် အပြစ် တစ်စုံတစ်ရာမှ မရှိသော လူအများ
အသက် အိုးအိမ် စည်းစိမ် ဖျက်ဆီးခံရခြင်းမှာ အဓိပ္ပါယ် အလွန်တရာမှ
ကင်းမဲ့လှပါသည်။
ဓါတ်ပုံ အညွန်း- စက်တင်ဘာ ၃၀ ရက်နေ့တွင် သံတွဲမြို့မှ မွတ်စလင်မ် တဥိးနေအိမ် မီးရှို့ခံထားရပုံ
** မသိင်္ဂီကျော် M-Media သို့ ပေးပို့လာသော ဆောင်းပါးတိုဖြစ်ပါသည်
Comments
Post a Comment