ကမန်တိုင်းရင်းသားလှုမှုကွန်ရက်စာမျက်နှာမှ ကမန်လူဦးရေကို အထောက်အထားမရှိဘဲ ရမ်းဆပြောခဲ့ကြောင်း

ကမန်တိုင်းရင်းသားညီအကိုမောင်နှမများခင်ဗျာ.......
ကမန်တိုင်းရင်းသားလူမှုကွန်ရက်သို့ အပြုသဘောဖြင့် အကြံပြုကြသောညီအကိုမောင်နှမများအား အထူ ကျေး ဇူး တင်ရှိ ပါကြောင်းဦစွာပထမပြောကြားလိုပါတယ်၊ ကျွန်တော်များကမန်တိုင်းရင်းသား လူမှုကွန် ရက် အနေဖြင့်  စတင်ဖွဲ့ စည်းစဉ်ကပင် ကမန်တိုင်းရင်းသားအရေးကိုတစိုက်မတ်မတ်ဆောင်ရွက်လာခဲ့ သည်မှာ တစ်နှစ်ကျော် ကာလ သို့ ရောက်ရှိခဲ့ ပါပြီး ကျွန်တော်များအနေဖြင့် ဒုက္ခသည်များကူညီကယ် ဆယ် ရေး လုပ်ငန်းများကိုမည် သို့    ဆောင် ရွက်ဆောင်ရွက်ခဲ့သည်ကို ရမ်းဗြဲ၊ကျောက်ဖြူဒုက္ခသည် စခန်းများ မှ ကမန် တိုင်ရင်း သား များနှင့် နေ ရပ်ရပ် စွန့် ခွာလာသောကမန်တိုင်ရင်းသားများအား ညီအကိုမောင် နှမများ အနေဖြင့် မေးမြန် စုံစမ်းစေလိုပါသည်။
ထိုပြင် ကမန်တိုင်းရင်းသားများအပေါ်မဟုတ်မမှန်ရေသာဖေါ်ပြမှုများကိုလည်းအစဉ်တစိုက် နိုင်ငံပိုင်သတင်း စာများ သတင် ဂျာနယ်များမှတုန့် ပြန်ချေပခြင်းများ ကိုလည်းအစဉ်တစိုက်ဆောင်ရွက် ခဲ့ပါသည်။ ကမန် တိုင်းရင်းသားများ ဆုံးရှုံ နစ်နာမှုများအတွက်နိုင်ငံတော်မှ အရေးယူဆောင်ရွက်နိုင်ရန်သက်ဆိုင် ရာဝန်ကြီး ဌာန များနှင့် တရားဥပဒေ စိုး မိုးရေးကော်မတီသို့ အသိပေးအကြောင်းကြားမှုများကိုလည်းအချိန်နှင့် တပြေး ညီကြိုး စားဆောင်ရွက်ခဲ့ ပါသည် ။
ကမန်တိုင်းရင်းသားလူမှုကွန်ရက်၏ဆောင်ရက်မှုများအားပါတီနှင့် လက်တွဲဆောင် ရွက်လိုကြောင်း အကြိမ် ကြိမ် ကမ်းလှမ်းခဲ့သော်လည်းမအောင်မြင်သောကြောင့် ပါတီမှ ဒုဥက္ကဌ ဖြစ်သူဦးထွန်းငွေနှင့်  ကမန် အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ်(၉၀)မှာအထွေးထွေးအတွင်းရေးမှု ဦးမင်းနိုင်တို့ သည်ပင် ကွန်ရက်၏ ဥက္ကဌ နှင့် ဒု ဥက္ကဌ တာဝန် များကို ယူ ကာ လာရောက်ဦးဆောင်မှုပေးခဲ့ ပြီကမန်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(၉၀) ဥက္ကဌ ဦးဖေတင် ၊တရား လွှတ်တော်ရှေ့ နေကြီး ဦးမောင်မောင် ၊အငြိမ်းစာတိုင်ပညာဝန် ဦမောင်တင်အငြိမ်းစာကျောင်းဆရာကြီး ဦကျော် မြင့်    ကမန်သာရေးနာရေး(ဗဟို)မှဥက္ကဌဦးကိုကိုကျော် စသောလူကြီးမိဖများမှာ ကွန်ရက်သို့ လမ်းညွန်မှု များပေး ခဲ့    ပါသည်။ အဆိုပါလူကြီမိဘများ၏လမ်းညွန် မှုအောက်တွင် ကွန်ရက်သည် ကမန်အရေးကိုအာကြိုး မာန် တက်ဆောင် ရွက်နေပါတယ်။
ကမန်သန်းခေါင်စာရင်းအားလက်လှမ်းတမီ ကောက်ယူတင်ပြရန်ကိစ္စနှင့်ပတ်သက် ၍ခိုင်လုံသောသမိုင်း ကြောင်း  များအရရှေ့ယခင်ကပင်ရခိုင်ပြည်နယ်တွင်သာမက ပြည်မသို့ ပါရောက်ရှိပျံနှံ့ နေပြီးဖြစ်ရာ မိမိ လက် လှမ်းမှီ သလောက်ကောက် ခံတင်ပြသည့် စာရင်းသည်မည်သို့ မျှမှန်ကန်လိမ့် မည်မဟုတ်ပါ ကမန် တိုင်းရင်း သားတို့   ကို လည်းကိုယ်စားပြုလိမ့် မည်မဟုတ် ၊နောင်တွင်အမျိုးသား အချင်းချင်း မလိုလား အပ်သောပြသနာများ ၊အငြင်း ပွား မှုများဖြစ်လာနိုင်သည် ဟုပါတီသို့ အကြိမ်ကြိမ်တင်ပြသော်လည်း ပါတီအတွင်းရေးမှုးမှလက်မခံခြင်း၊ ရခိုင်ဘုရင် မင်းဘာကြီး လက်ထက် ကပင် ကမန်စစ်သည်သူရဲကောင်း(၇၀၀၀၀)ကျော်နှင့် မှီခိုသူ (၂၀၀၀၀၀)ကျော်ရှိခဲ့ သည့်  လူမျိုး တမျိုးအား ခိုင် လုံသော အထောက်အထားမရှိပဲ ကမန်လူဦးရေး နှစ်သောင်းသာရှိသည်ဟု ရမ်း ဆပြောကြား မှုများမပြု လုပ်ရန် ပါတီသို့ အကြိမ်ကြိမ်မေတ္တာ ရပ်ခံခဲသော်လည်းပါတီအတွင်းရေးမှုး မှလက် မခံခြင်း မရှိဘဲ တမျိုး သား လုံးနှင့်   ဆိုင်သော လူဦးရေစာရင်းကိုသတင်းမီဒီယာများ ။လူမှုအဖွဲ့ အစည်းများ အား ဖြေကြား ခြင်း တို့ ကို အကြိမ်ကြိမ် ပြုလုပ်ခဲသည့် ပြင် N.L.D ၏ဖွဲ့ စည်ပုံအခြေခံဥပဒေပြင်ဆင်ရန် တိုင်ရင်း သား ပါတီများနှင်တွေ့ ဆုံရာ တွင် အစည်း အဝေး၏ရည်ရွယ်ချက်နှင့် မဆိုင်သော မလိုလားအပ်သောစကား များကို ပါတီ ကိုယ် စားပြုပြော ကြားခဲ့ သည့် ပြင် ခိုင်လုံသောအထောက်အထားမရှိဘဲကမန်လူဦးရေး သုံးသောင်း သာ ရှိသည် ဟု ရမ်းဆပြောကြား ခဲ့ သောကြောင့်  ကျွန်တော်များကမန်တိုင်းရင်းသား လူမှုကွန်ရက် သည်လည်းကမန် တိုင်းရင်း သား လူကြီးမိဖများ ၏ သဘော ထားနှင့်   အညီထုတ်ပြန်ကြေငြာခြင်းသာဖြစ်ကြောင်း  အသိပေး အကြောင်း အပ်ပါ သည်။
ကမန်တိုင်းရင်းသားလူမှုကွန်ရက်
(ကမန်တိုင်းရင်းသားလှုမှုကွန်ရက်စာမျက်နှာမှကူးယူဖော်ပြပါသည်)

ကမန်တိုင်းရင်းသားလူမှုကွန်ရက်
 

Comments

Popular posts from this blog

တိုင်းရင်းသားလူမျိုးများ

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း