ကမန်တိုင်းရင်းသားကွန်ရက်သဘောထားနှင့်ကမန်တိုးတက်ရေးပါတီအတွင်းရေးမှူးက ကမန်(၃၀၀၀၀) သာရှိသည်ဟု သဘောထားကွဲလွဲမှု


 ကမန်ပါတီအတွင်းရေးမှူးကမန်လူမျိုး(၃၀၀၀၀)သာရှိကြောင်းသဘောထား
ဒ်ါအောင်ဆန်းစုကြည် ကို အကူ အညီ   တောင်းနေတယ်။

ကမန်ပါတီအတွင်းရေမှူး ဦးတင်လှိုင်ဝင်း က NLD ရွှေရတု ညီလခံတွင် မိန့်ခွန်ပြောကြားရာတွင် ……
ကမန် လူမျိုးများသည် လူ့အခွင့်ချိုးဖေါက်ခံရကြောင်း၊ပါလီမန်ပေါ်သော
အခါ ဘင်္ဂါလီများကရိုဟင်ဂျာဟူ၍ တောင်းဆို လာကြောင်း ရမ်းဗြဲ၊ကျောက် ဖြူ၊ စစ်တွေမှကမန်များ ကမန်တိုင်ရင်းသားများ ဘင်္ဂါလီ ဒုက္ခသည်စခန်းတွင် ရော၍နေထိုင်ခဲ့ရကြောင်း၊နောက်တစ်ခုက ကမန် အမည်ခံပြီး ဘင်္ဂါလီများ ကမန်မှတ်ပုံ တင်ကိုင်ဆောင် ၂၀၁၄ သန်းခေါင်း စာရင်းကောက် လျှင် ကမန် လူဦးရေ ၃ သိန်းမှ ၅ သိန်းထိ ဖြစ်  လာနိုင်ကြောင်း၊ အဲဒီအချိန်မှာ တရားခံစွပ်စွဲခံ့ရမှာ ကိုကြောက်   နေကြောင်း၊ရခိုင်တွေ အမြင်မှာမိမိတို သစ္စာဖေါက် လိုဖြစ်နေတယ်။ ကမန် (၃၀၀၀၀) သုံးသောင်း  လောက် သာရှိကြောင်း၊ ကမန်သည် ရခိုင် ဘုရင်လက်ထက် မင်းမှုထမ်းခဲ့သော သစ္စာရှိသော လူ တစ်စုဖြစ်ကြောင်း၊ဘိုးဘွားများက သမိုင်းထိန်းသိမ်း ပါလျက် နိုင်ငံရေးရပ်တည်ချက်ကြောင်း လူမျိုးပျောက်ကွယ်မလို ဖြစ်နေကြောင်း၊ ကမန်များကို အမေစု လမ်းမှန်ရောက်အောင် လုပ်ဆောင်ပေး ပါလို့တောင်း ဆို ပါသည် ဟူ၍ မိန့်ခွန်းတွင်ထည့်သွင်းပြောဆို ခဲ့ကြောင်း သိရပါသည်။
ကမန်ပါတီအတွင်းရေမှူး ဦးတင်လှိုင်ဝင်း က NLD ရွှေရတု ညီလခံတွင် မိန့်ခွန်ပြောကြားခဲ့သည် မှစုစာ  ရွက်  ကိုလည်းပူးးတွဲတင်ပြပါသည်။

http://www.mizzimaburmese.com/special/election2010/party-profile/5676-2010-07-08-14-00-09.html

 
 သန်းခေါင်စာရင်း ကောက်ယူမှု ဆိုင်ရာ ကမန်တိုင်းရင်းသား ကွန်ရက် သဘောထား
===================
ကမန် တိုင်းရင်းသား ကွန်ရက် မှ မျှဝေဖော်ပြသည်
အောက်တိုဘာ ၂၃၊ ၂၀၁၃။

ကမန်တိုင်းရင်းသားလူမှုကွန်ရက်၏လစဉ်ပုံမှန်အစည်းအဝေးကို(၂၂.၉.၂၀၁၃)ှနေ့ တွင်ကျင်းပပြုလုပ်ခဲ့ရာ ကမန်သန်းခေါင်စာရင်း ကောက်ယူရန်ကိစ္စနှင့် ပတ်သတ် ၍ တက်ရောက်လာကြသော ကမန်တိုင်း ရင်းသား အဖွဲ့ အစည်းအသီးသီနှင့်ကမန်တိုင်းရင်းသားလူကြီးမိဘများ၏ဆန္ဒသဘောထားများကို့တောင်း ခံခဲရာ အောက်ပါအတိုင်းသိရှိရပါသည်

၁။သန်းခေါင်စာရင်း ကောက်ယူရန်ကိစ္စအားနိုင်ငံတော်ကပြည်လုံးကျွတ်ကောက်ယူရန်ပြင်ဆင်နေပြီးဖြစ်ရာ ကမန်အမျိုးသားတိုး တက်ရေပါတီအနေဖြင့် ဆောင်ရွက်ရန်မလိုဟုထင်မြင် ပါသည်။

၂။ကမန်အမျိုးသားတိုးတက်ရေပါတီအနေဖြင့် ကောက်ခံမည်ဆိုပါကသန်းခေါင်စာရင်းကောက်ယူမှုနှင့် ဆိုင်သော အတတ်ပညာ ၊နည်းပညာများ အာနည်းခြင်းလေ့ကျင့် ထားမှုမရှိခြင်း တို့ ကြောင့် မည်သို့ မျှ ခိုင်လုံတိ ကျ မှန်ကန်သောစာရင်းဖြစ်လာနိုင်မည်မဟုတ်ဟုယုံကြည်ပါသည်။

၃။ကမန်တိုင်းရင်းသားများသည်၊ခိုင်လုံသောသမိုင်းကြောင်းများအရရှေ့ယခင်ကပင်ရခိုင်ပြည်နယ်တွင်သာမက ပြည်မသို့ ပါရောက်ရှိပျံနှံ့ နေပြီးဖြစ်ရာ မိမိလက်လှမ်းမှီသလောက်ကောက်ခံတင်ပြသည့် စာရင်းသည်မည် သို့ မျှမှန်ကန်လိမ့် မည်မဟုတ်ပါလည်းကောင်း အပြင် ကမန်တိုင်းရင်း သားတို့ ကိုလည်းကိုယ် စားပြု လိမ့် မည်မဟုတ၊်နောင်တွင် အမျိုးသားအချင်းချင်းမလိုလားအပ်သောပြသနာများ ၊အငြင်းပွားမှုများ၊ ဆိုး ကျိုး များသာဖြစ်လာနိုင်သည်။

၎။နိုင်ငံရပ်ခြားရောက်ရှိနေသောကမန်တိုင်းရင်းသားများနှင့် ပြည်တွင်ရှိကမန်မျိုးနွယ်များအားနိုင်ငံတော်ကသာ တိကျမှန်ကန်စွာကောက် ယူနိုင်မည်ဟုအပြည့်အ၀ယုံကြည်ပါသည်။

၅။ရခိုင်ဘုရင် ငနှလုံးမင်းမတိုင်မီကပင်စစ်မှုထမ်းခဲ့ ပြီး မင်းဘာကြီး လက်ထက်တွင်ကမန်စစ် သည် သူရဲကောင်း (၇၀၀၀၀)ကျော်နှင့် မှီခိုသူ (၂၀၀၀၀၀)ကျော်ရှိခဲ့သည့် လူမျိုးတစ်မျိုးအား ခိုင်လုံသော အထောက် အထားမရှိပဲ ကမန်လူဦးရေး သုံးသောင်းသာရှိသည် ဟုရမ်းဆပြောကြားမှုများအားအပြင်း အထန်ရှုံ့ ချ ကန့် ကွက်ကြောင်း

၆။ကျွန်တော်များကမန်တိုင်းရင်းသားလူမှုကွန်ရက်သည်လည်းကမန်တိုင်းရင်းသားအဖွဲ့ အစည်းအသီးသီးနှင့်ကမန်တိုင်းရင်း သားလူကြီးမိဖများ၏သဘောထားနှင့် တထပ်တည်းရှိကြောင်း ထုတ်ပြန်ကြေငြာလိုက်သည်။

ကမန်တိုင်းရင်းသားလူမှုကွန်ရက်

Comments

Popular posts from this blog

တိုင်းရင်းသားလူမျိုးများ

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း