ရခိုင်ဒေသရှိမွတ်ဆလင်မ်လူဦးရေအကြောင်း တစ် စေ့ တစ် စောင်း
Charles Paton’s a Short Report on Arakan အစီရင်ခံစာအရ
(၁)။ - မွတ်ဆလင်များသည် အင်္ဂလိပ်မတိုင်မီက ရခိုင်ဘုရင်လက်ထက်တွင် အုပ်ချုပ်သူလူတန်း စားဖြစ် ခြင်း။
(၂)။ - မွတ်ဆလင်များသည် အင်္ဂလိပ်လက်ထက်၌ လယ်ကူလီအဖြစ်ဝင်လာ သူ မဟုတ်ခြင်း။

(၃)အင်္ဂလိပ်လက်ထက် မတိုင်မီကပင် ၁၈၂၆ ခု Charles Paton's Report အစီရင်ခံစာအရ မွတ်လင် လူ ဦးရေ (၃၀၀၀၀) ရှိကြောင်း အထောက်အထား ခိုင်လုံကြောင်း မငြင်းနိုင်သော အထောက်အထားဖြစ် သည်။
(၄)။ - Charles Paton’s a Short Report တွင် Massulman ဟူ၍တွေ့ရ သည်။၎င်းတို့ ဘုရင်လက်ထက် ကတည်းက တိုင်းပြည်တာဝန်ကို ထမ်းဆောင်သူများဖြစ်သည်။ ထိုသူတို့သည် မည်သည် လူမျိုးစာရင်း တွင် ပါဝင်သနည်း။
Mr. Charles
Paton သည် ရခိုင်ပြည်နယ်အနှံ့ သွားရောက် လေ့ လာပြီးနောက် ရခိုင်ပြည်၏
ပထ၀ီ အနေ အထား၊ သမိုင်း ၊ လူဦးရေ ၊ဒေသခံ တို့၏ ဓလေ့ထုံးစံ အလေ့အထ၊
အုပ်ချုပ်ရေးစနစ်နှင့် ကုန်ထုတ်လုပ်မှု စသည် တို့ကို အသေဒစိတ်ဖေါ်ပြထားသည့်
Report (အစီရင်ခံစာ) တစ်စောင် ကို ၁၈၂၆ ခု ဧပြီလ (၂၆) ရက်နေ့ ရက်စွဲဖြင့်
ရေးသားပြုစုခဲ့သည်။
အဆိုပါ အစီရင်ခံစာသည် Documentary Evidence ဖြစ်ပြီးနှစ်ဖက်အငြင်းပွားစရာ မရှိပါ။ ၎င်း အစီရင် ခံ စာ မှာ စာမျက်နှာပေါင်း (၃၆)မျက်နှာ ပါရှိသည်။ ၁၈၂၆ ခု ဧပြီလ (၂၆) ရက်နေ့ ရက်စွဲဖြင့် ရေး သားပြုစု ခဲ့သော ၎င်း Report (အစီရင်ခံစာ) အရ ထိုအချိန်တွင် လူဦးရေ တစ်သိန်း (၁၀၀၀၀၀) ထက် မပို ကြောင်း ဖေါ်ပြ ထားသည်တွေ့ရ သည်။၎င်းအစီရင်ခံစာပါအကြောင်းအရာကို အောက်တွင် ဖတ်ရှု လေ့ လာနိုင်ပါသည်။
http://www.worldstatesmen.org/Myanmar.htm
See more: http://www.rvisiontv.com/charles-patons-a-short-report-on-arakan/

Comments
Post a Comment