အေးချမ်းနေသော သံတွဲမြို့အား ဆူပူရန် လှုံ့ဆော်နေမှုအပေါ် သမ္မတကြီးထံသို့ မင်းညိုငယ်(သံတွဲ)မှ တိုင်ကြားစာပေးပို့
မတ်လ ၁၂၊ ၂၀၁၃
M-Media
ဇာဏီ

ရန်ကုန် ။ ။ ဘာသာလူမျိုး မခွဲခြားဘဲ ခေတ် အဆက်ဆက် အေးချမ်းစွာနေလာခဲ့သည့် သံတွဲမြို့နယ်တွင် ယခု ၂၀၁၃-ခု မတ်လ(၁၃)ရက်နေ့တွင် ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အစ္စလာမ်ဘာသာ ၀င်နှင့် ဗုဒ္ဓဘာသာဝင်ကလေးများကို စာမေးပွဲအခန်း သီးသန့်ခွဲဖြေရန် ပြည်နယ် အစိုးရမှ ခွဲခြားနေမှုနှင့် စာမေးပွဲအပြီးတွင် လူမှုရေး ဘာသာရေး ဆူပူကြမည်ဟု လှုံ့ဆော်ဝါဒဖြန့် နေမှုကို ဖော်ထုတ် အရေး ယူ ပေးရန် နိုင်ငံတော် သမ္မတကြီးထံသို့ ဦးလှဝင်း(မင်းညိုငယ်-သံတွဲ
သံတွဲမြို့နယ်သည် ခေတ်အဆက်ဆက်ကတည်းက ဘာသာလူမျိုးမခွဲခြားပဲ
အေးချမ်းစွာနေလာခဲ့ပြီး ၁၉၃၀ -ပြည့်နှစ် ၁၉၃၈-ခုနှစ် ကုလားဗမာ
အဓိကရုဏ်းတွင်တွင် သံတွဲခရိုင်နိုင်ငံရေးခေါင်းဆောင် များဖြစ်ခဲ့သည်
သခင်ကျော်ရင်၊ သခင်ဗတင်(လက်သီးပုန်း)၊ သခင်ထွန်းစိန်၊ သခင်သန်းမောင်၊
သခင်ညွန့် စတဲ့ နိုင် ငံရေးခေါင်းဆောင်များ၏
အမျှော်အမြင်ရှိမှု၊ သဘောထားကြီးမှုတို့ကြောင့် ပြဿနာများ မဖြစ်ခဲ့ပဲ
အေး ချမ်း ချစ်ခင်ပြီး စည်းလုံးမှုရှိခဲ့ကြောင်း၊ လွန်ခဲ့တဲ့ ၂၀၁၂-ခု ဇွန်လ
အရေးအခင်းမှစ၍ ရခိုင်ပြည်နယ်၌ စတင်ဖြစ်ပေါ်ခဲ့သော ပြဿနာ ဖန်တီးသူများ၏
ပယောဂများကြောင့် ၂၀၁၂-ခု အောက်တိုဘာလတွင် ဒုတိယအကြိမ် ပြဿနာ
ထပ်မံဖြစ်ပွားခဲ့သော်လည်း ပညာတတ်သိသော သံတွဲ နယ်သားများကြောင့် သံတွဲတွင်
မည်သည့်ပြဿနာမှ မဖြစ်ပွားပဲ ညီညွတ်လျက်ပင် ရှိခဲ့ကြောင်း၊ ဤကဲ့သို့
စည်းလုံးချစ်ခင် ညီညွတ်နေသည်ကို အလိုမကျသူလူစုသည် ယခုလ (၁၃)ရက်နေ့တွင်
ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အစ္စလာမ်နှင့် ဗုဒ္ဓဘာသာဝင်
ကလေးများကို ခွဲခြားမှုဖြင့် စာမေးပွဲခန်းများခွဲ၍ ပြည်နယ် အစိုးရမှ
ခွဲခြားမှုများပြုလုပ်နေကြော င်း၊
စာမေးပွဲပြီးပါက လူမျိုးရေး၊ ဘာသာရေးဆူပူကြမည်ဟု
လှုံ့ဆော် ၀ါဒဖြန့်ချိမှုများ ပြုလုပ်နေကြောင်း၊ သို့ပါ၍ ယင်းကိစ္စများကို
ဖော်ထုတ် အရေးယူပေးရန်နှင့် ခွဲခြား ဆက်ဆံခံနေရသော ကျောင်းသားများ၏
ဝေဒနာများကို ဖြေဖျောက်ကုစား၍ ယခင်အတိုင်း ချစ်ခင်မှုပြန် လည်
တည်ဆောက်ပေးပါရန် တိုင်ကြားစာတွင် ထည့်သွင်း တိုင်ကြားခဲ့ကြောင်းသိရသည်။
ယင်းတိုင်ကြားစာအား နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီး
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး သာသနာရေးဝန်ကြီးဌာန သို့လိပ်မူပြီး၊
အိုလမာ အစ္စလာမ် သာသနာ့ပညာရှင်များ အဖွဲ့၊ အစ္စလာမ် သာသနာရေးရာကောင်စီ၊
မြန်မာနိုင်ငံလုံး ဆိုင်ရာ မော်လ၀ီ အဖွဲ့၊ မြန်မာမွတ်စလင်မ် လူငယ်များ
(ဘာသာရေး)အဖွဲ့၊ မြန်မာမွတ်စလင်မ် အမျိုးသားရေးရာ အဖွဲ့တို့၏
အဖွဲ့ချုပ်များသို့ မိတ္တူများပေး ပို့ခဲ့ကြောင်း သိရသည်။
Comments
Post a Comment