ရခိုင်စုံစမ်းရေးကော်မရှင်အစီရင်ခံစာတွင်ဖေါ်ပြသော က မန် လူဦး ရေ စာ ရင်း မူ လ စာ ရင်း နှင့် ကွဲ လွဲ နေ ကြောင်း သိ ရ

ရခိုင်ဘုရင် မင်းလက်ထက် ကမန်သူရဲကောင်း (၅၀၀၀၀) ကျော် ရှိခဲ့သော်လည်း ရခိုင် အစီ ရင်ခံ စာ တွင်(၇၇၀၂) ဦးသာ ဖေါ်ပြထားသဖြင့်လွန်စွာ ကွဲနေကြောင်း သိရ သည်။
(1)
မင်းဘာကြီး ခရစ်သက္ကရာဇ်(၁၅၃၁ – ၁၅၅၃) နှင့် မင်းရာဇကြီးတို့ လက်ထက် က သောင်းထီး ကျွန်းမှ ကုလားလေးထောင်စီ ဖမ်းဆီးခေါ် လာ ခဲ့ကြောင်း၊ မင်းရာဇာ ပဲခူးသို့ စစ်ချီခဲ့ ရာတွင် ကုလား မွတ်ဆလင် သူရဲကောင်း ၅၀၀၀၀ (ငါးသောင်း)သားတော် အိမ်ရှေ့ မင်းသား မင်းခ မောင်း ပိုမော် တင် ချောင်း၊ သံလျှင်မြို့သို့ စစ်ချီလေသည်ဟု ပါရှိသည်။မောရစ်ကော လစ် ရေး ဒုတိယတွဲ စာမျက်နှာ ၁၂ တွင် (ထို့ကြောင်း ရခိုင်ပြည် သည် ပထမနှစ် (၁၀၀၀) အတွင်း ကုလား မင်းများ အဆက်ဆက် အုပ်ချုပ်ခဲ့သည်) ဟူ၍လည်းကာင်း၊စာမျက်နှာ (၁၃) တွင် ခရစ် ၉၅၇ ခှုစ် နောက် ပိုင်း တွင်ရခိုင် ရာဇဝင် စတင်ခဲ့တောသည် ) ဟု လည်းကောင်း စံရွှေပု ကဆိုသည်ဟူ၍ လည်းကောင်း၊ စာမျက်နှာ ၂၁ တွင် ခရစ်နှစ် ၉၅၇ မတိုင်မီ က ရခိုင်ပြည်သည် ကုလား ပြည် တစ်ပြည်ဖြစ်ခဲ့ သည်ကတော မှန်ပေ ၏ ဟူ၍ လည်းကောင်း – စ သည်ဖြင့် ဖေါ်ပြထားသည် ။ရခိုင်ပြည် ကို ဟိန္ဒူ ဘာသာ ဝင်များ က အေဒီ ၁ ရာစုမှ ၁၁ ရာစု အထိ နှစ်ပေါင်း (၁၀၀၀) ကျော်စိုးမိုး အုပ်ချုပ်ခဲ့သည်ဟု ရေး သားထားသည်။
(2)
ရမ်းဗြဲ တောင်ကျောင်းဆရာတော် ရေး ရခိုင်ရာဇဝင်သစ် ပထမအုပ်စတုတ္ထတွဲ ၊ စာမျက်နှာ ၃၅၁/ ၃၅၂/ ၃၅၃ တို့ တွင်ငနှလုံမင်း(၁၂၃၄ – ၁၂၃၇) လက်ထက် ကုလားပြာည်ကိုစစ်ထိုးရာ သုံ့ပန်းအဖြစ် (၄၇၅၀၀) ဦး ခေါ်လာပြီး မင်းသုံး၊မိဖုရားသုံး၊ မင်းသားသုံး၊ မင်းသမီးသုံး မှူးမတ်သုံး အတွက် အသီးသီး အစုနှင့် ခွဲတော်မူသည်။ ဤကားဓညဝတီအရေးတော်ပုံ`၌ ပါသောငနှလုံမင်း အကြောင်း တည်းဟု ရေးသားဖေါ်ပြ ထားသည်။
ကိုးကား
1 – (ရမ်းဗြဲ တောင်ကျောင်းဆရာတော် ရေး ရခိုင်ရာဇဝင်သစ် ပထမအုပ်စတုတ္ထတွဲ ၊ စာမျက်နှာ ၃၅၁/ ၃၅၂/ ၃၅၃)
2 – (ကိုးကား ။ ။ကစ္စပနဒီမှ ဓညဝတီသစ္စာ – ၂၀၀၈ ခု၊စာပေဗိမာန်ဆုရ စာအုပ်)(သုတပဒေသာ – ဝိဇ္ဇာ) ဆုရ။ ပထမအကြိမ် ထုတ်ဝေသည့်ခုနှစ် ၂၀၁၀ ဇန္နဝါရီလ။ (စာရေးသူ ကလောင် အမည် မောင်မိုးယံ ၊ မူရင်းအမည် ဗိုလ်မှူးမျို့သန့်(ငြိမ်း)။စာပေဗိမာန် စာတည်းမှူးက မှတ်ပုံအမှတ် ၀၇၄၉၂ ဖြင့် ပုံနှိပ်၍ မှတ်ပုံတင်အမှတ် ၀၃၉၁၁ ဖြင့်ထုတ်ဝေ သည်။)



Comments

Popular posts from this blog

တိုင်းရင်းသားလူမျိုးများ

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း