နိုင်ငံသား ဥပဒေ လုပ်ကြံမှု ကြီး ဆိုင်ရာ မေးခွန်းအချို့


ဦး Aung Tin ရေးသားသည်။
ဇူလိုင်လ ၄ ရက်၊ ၂၀၁၂

၁။ မူလဘူတက မြန်မာပြည်မှာ တိုင်းရင်းသား (၁၄၄)မျိုးရှိတာကိုသိပါသလား

၂။ ဗိုလ်ချုပ်မှူးကြီးစောမောင်က (၁၃၅)ဖြစ်စေသတည်းလို့မာရှယ်လောနှင့်ဖန်ဆင်း လိုက်တာနှင့် (၁၃၅)မျိုး ဖြစ်သွားရတာကို သိပါသလား။

၃။ မကြာခင်က တိုင်းရင်းသားလူမျိုး (၁၀၁)မျိုးသာရှိတယ်ဆို ကာ ရွေးကောက်ပွဲကော်မရှင်က ဇိုမီးကို တိုင်းရင်း သားမဟုတ်ဘူးဆိုပြီးဇိုမီးတိုင်းရင်းသားတစ်အုပ်စုလုံးကိုအရှင်လတ်လတ် ဖျောက် ဖျက် ပစ်လိုက် တာ ကို သိပါသလား။

၎။ ဇိုမီးတွေက ကန့်ကွက်သဖြင့်လူမိသွားပြီး ဥုံဖွ ဇိုမီးတိုင်းရင်းသား ပြန်ဖြစ်စေလို့ မိန့်ကြားလိုက်ရာ ဇိုမီး လူမျိုးများချက်ချင်း ငေါက်တောက်ထ အသက်ပြန်ရှင်လာရတာကို သိပါသလား။

၅။ မူလ (၁၄၄)မျိုးကို (၁၃၅)မျိုးလို့ သတ်မှတ်လိုက်တုန်းကအပယ်ခံလိုက်ရတဲ့ လူမျိုး (၉)မျိုးက ဘယ်ချောင်မှာ ငုတ်တုတ် ပျောက်သွားပါသလဲ။

၆။တစ်ဖန်လူမျိုး(၁၃၅)မှ(၁၀၁)မျိုးသာဖြစ်စေလို့ဦးသိန်းစိန်အစိုးရကမိန့်ဆိုလိုက်ပြန်တော့ နောက်ထပ် ပယ် လိုက် တဲ့ လူမျိုး (၃၄)မျိုးကိုကောဘယ်ထောင့်မှာ လူမသိ သူမသိ သွားသတ်ပစ် လိုက် ပါသလဲ။

(တစ်ကယ်တော့မျိုးဖြုတ်ခံ(Genocide)လိုက်တဲ့ကာယကံရှင် မြန်မာတိုင်းရင်းသား(၃၄)မျိုးကတော့ သူတို့ ကိုယ် သူ တို့ ဘယ်တုန်းက ဘယ်လိုအရှင်လတ်လတ် ပျောက် ကွယ်သွားပြီ ဆိုတာတောင် ယခုအထိ မသိရှာ သေးပါဘူး။ လူဦးရေ သန်း(၆၀)လောက်ရဲ့တိုင်းရင်းသား (၁၃၅)မျိုး မှာ သိန်း ဂဏန်းသာရှိတဲ့ ချင်းလူမျိုး ကို (၅၃)မျိုးခွဲဖြစ်အောင်ဗရဗွ ခွဲစိတ်ထားတဲ့အတွက် ချင်း၊ ကူကီး၊ ဇိုမီးစ သည့် ကာယ ကံရှင်တွေကပင် မနှစ်သက်ကြပါ။

ညှိနှိုင်းခြင်းဖြင့် အလွယ်တစ်ကူ ဖြေရှင်းနိုင်တဲ့ တိုင်းရင်းသားစာရင်းကိုပင် မလိုအပ်ဘဲတစ်ဖက် သတ် အာ ဏာ သုံး လုပ်ဆောင်နေဆဲဖြစ်သည့် ဦးသိန်းစိန်အစိုးရ၏တိုင်းရင်းသားများအပေါ်ထားရှိသော စေတနာ မှန်ကို မေးခွန်းထုတ်စရာ ဖြစ်သည်။)

၇။လူမျိုး(၁၄၄)ဖြစ်စေ၊(၁၃၅)ဖြစ်စေ၊(၁၀၁)မျိုးဖြစ်စေတစ်ခါဘူးကမှကာယကံရှင်တိုင်းရင်းသားတွေရဲ့ ဆန္ဒ သဘောထားကို တောင်းဆို ညှိနှိုင်းခြင်းမရှိဘဲ အစိုးရဆိုသူတွေကသာ တစ်ဖက်သတ် မိမိထင်သလို သတ် မှတ်ခဲ့တာချည်း ဖြစ်တယ်ဆိုတာကိုကောသိပါသလား။တိုင်းပြည်ရဲ့လုံခြုံရေးအတွက် ဒီလောက် အရေးကြီးတဲ့ တိုင်းရင်းသားကိစ္စကိုအစိုးရဆိုသူတွေက မိမိစိတ်ကြိုက် မှောက်ချည် လှန်ချည်လုပ်နေ တာကို မှန်တယ်လို့ထင်ပါသလား။လုပ်ခွင့်ရှိတယ်လို့ထင်ပါသလား။လက်ခံပေးနိုင် ပါ သလား။

၈။ ဦးနုက မဲရချင်လို့ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ်သတ်မှတ်ပေးခဲ့တယ်လို့ ထောက်ပြပြီး ကန့်ကွက်ကြ တယ်။ ကောင်းပါပြီ။ (ကျနော့အမြင်ကတော့ ရိုဟင်ဂျာတိုင်းရင်းသားဖြစ်မဖြစ် ၊ နိုင်ငံသား ဖြစ်မဖြစ်အပါအဝင်တိုင်းရင်းသားရေးရာကိစ္စအားလုံးကိုအစိုးရနှင့်သမိုင်းပညာရှင်တွေ၊ တိုင်းရင်းသားပေါင်းစုံ နိုင်ငံရေး ခေါင်းဆောင်တွေပါတဲ့ ကော်မရှင်(သို့)ကွန်ဖရင့်တစ်ရပ်ကသာ ဖြေရှင်းသင့်တယ်လို့ ယုံကြည်တယ်။) သို့သော် မြန်မာ့သမိုင်းမှာတစ်ခါဘူးကမှတိုင်းရင်းသားမဖြစ်ခဲ့တဲ့၊

ဒီမိုကရေစီအစိုးရအဆက်ဆက်နှင့်ဦးနေဝင်းခေတ်တစ်လျှောက်လုံးနိုင်ငံခြားသားတွေသာ ဖြစ်တယ်လို့ တ သ မတ်တည်း သတ်မှတ်ခဲ့တဲ့ ကိုးကန့်ကို တရုပ်နဂါးကြောက်ပြီး၁၉၉၀ နောက်ပိုင်းမှ တိုင်းရင်းသား အဖြစ် အာဏာစက်နှင့်သတ်မှတ်လိုက်တာကိုကောအမျိုးပျောက်မှာစိုးကြောက်ပါတယ်ဆိုသူများက ဘယ်ချောင်မှာ အိပ်ပျော်နေဆဲဖြစ်လို့ မကန့်ကွက်ရပါသလဲ။

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးတွေအတွက်တိုက်ပွဲဝင်နေပါတယ်ဆိုတဲ့နိုင်ငံရေး၊လူမှုရေး ခေါင်းဆောင်များ၊ စာပေ ယဉ်ကျေးမှု ပညာရှင်များကကော စံနှစ်ခု(Double Standard) ကိုင်စွဲထားတာ လိပ်ပြာသန့်ပါရဲ့လား။

တရုပ်နဂါးကြောက်လို့ နှာများ စေးသွားတဲ့ ယုန်ကလေးများဖြစ်သွားရှာပြီလား။

ဖြေနိုင်သူများ၊ ဖြေရဲသူများ ဖြေကြပါ။

Credit:အောင်တင်။ဇူလိုင် (၄) ၂၀၁၂

Comments

Popular posts from this blog

တိုင်းရင်းသားလူမျိုးများ

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း