“နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် အတွက် တုန့်ပြန်ဆွေးနွေး ချက် များ”

2013 သြဂုတ်လ 23 ရက်မှာ အမေရိကန် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အစီရင်ခံစာမှာ “အဓိကအားဖြင့် ရိုဟင်ဂျာ အရေးနှင့် မူဆလင်များအား အကြမ်း ဖက်မှုဆိုသည့် ကိစ္စများသာ လွှမ်းမိုးနေခဲ့သည်” လို့ 2013 သြဂုတ်လ 15ရက်၊ တနင်္ဂနွေနေ့ထုတ် Daily Eleven သတင်း စာမှာ ဖော်ပြထားပါတယ်။ အစီရင်ခံစာမှာ “ဘင်္ဂါလီများ နိုင်ငံသားဖြစ်ခွင့် ရှိ/မရှိ အဖြေရှာရန် မူဆလင်များအား အကြမ်းဖက်မှုရန်မှ အကာအကွယ်ပေးနိုင်ရန်” စသည်ဖြင့် မြန်မာအစိုးရကို အကြံပေးထား တယ်လို့ ဆိုပါတယ်။ အကြံပေးထားတယ်ဆိုတာထက် ဖိအားပေး ခြိမ်းခြောက်ထားတယ်လို့ ပြောနိုင်ပါတယ်။
 ရိုဟင်ဂျာ များနှင့်ပတ်သက်၍ နိုင်ငံသားဖြစ်ခွင့်နှင့်ပတ်သက်၍ မျှတသော အဖြေတစ်ခုမရခဲ့လျှင် 2015 ရွေးကောက် ပွဲကို မျှတအောင် မကျင်းပနိုင်ခဲ့လျှင် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်နိုင်ရန် အဆင်သင့် ပြင်ထားသင့်ကြောင်းတို့ကို ထည့်သွင်းဖော်ပြခဲ့သည်။
ထို့အပြင် မူဆလင်များအား အကြမ်းဖက်နေမှုများ ရပ်တန့်ရန်အတွက် မြန်မာအစိုးရအား ဖိအားပေး ရန်   အောင်မြင်သော   ဖက်ဒရယ် စနစ်တစ်ခု ဖော်ဆောင်နိုင်ရေး လုပ်ဆောင်နိုင်ရန် ပဋိပက္ခဖြစ်ပွားရာဒေ သများသို့ လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းများ ဝင်ရောက်ခွင့်ပြုရန် မူဆလင် ဆန့်ကျင်ရေးပြုလုပ်ပြီး ခွဲခြား ဆက် ဆံမှုများ ပြုလုပ်ခဲ့သည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ချို့ပါအဝင် ၉၆၉ အဖွဲ့ ဖွဲ့စည်းသူများ၊ အစိုးရ တာဝန်ရှိ သူများအား အမေရိကန်မှ နာမည်စာရင်းတစ်ခုဖြင့် မှတ်တမ်းတင်ထားရန် အစရှိသည့် အချက်များ ကိုလည်း ကော်မရှင်၏ အစီရင်ခံစာထဲတွင် ထည့်သွင်းဖော်ပြခဲ့သည်လို့ Daily Eleven သတင်း စာမှာ ဖတ်လိုက်ရပါတယ်။
ဘာသာရေးဆိုင်ရာ အစီရင်ခံစာသက်သက်မျှသာမဟုတ်ဘဲ နိုင်ငံရေးတောင်းဆိုမှုတွေ ပါလာတာလည်း တွေ့ရ ပါတယ်။ 2015 ရွေးကောက်ပွဲ မျှမျှတတ ကျင်းပရေး အောင်မြင်သော ဖက်ဒရယ် စနစ်တစ်ခု ဖော်ဆောင်ရေး၊ အပစ်အခတ် ရပ်စဲရေးစတဲ့ နိုင်ငံရေးအကြောင်းအရာတွေဟာ ကျွန်တော်တို့ဆန္ဒနဲ့ ထပ်တူ ထပ်မျှ ဖြစ်တဲ့အတွက် ကန့်ကွက်စရာမရှိ၊ ကျေးဇူးတင်ကြောင်းပင် ပြောလိုပါတယ်။
ဒါပေမယ့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဆိုင်ရာတွေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်ရဲ့ အကြံပေးတောင်းဆို ဖိအားပေးမှုတွေအပေါ် တုန့်ပြန်ဆွေးနွေးချင်ပါတယ်။
ရိုဟင်ဂျာ နဲ့ မူဆလင်တွေကို အကြမ်းဖက်မှုဆိုတာက ဗုဒ္ဓဘာသာဝင် အိမ်ရှင်နိုင်ငံသားတွေဘတ်က ခုခံကာကွယ် ခဲ့ခြင်းသာ ဖြစ်တယ်။ (ဥပဒေအရလည်း ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်) သို့သော် ရာဇဝတ်ပြစ်မှု မြောက်သွားတယ် ဆို ရင်တော့ နှစ်ဖက်လုံးကို အရေးယူ အပြစ်ပေးရမှာဖြစ်ပါတယ်။ အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ် ခွင့်ကော်မရှင်ရဲ့ အစီရင်ခံစာမှာ “မျှမျှတတ” ဆိုတဲ့ စကားလုံးတွေ၊ လူကြားကောင်းအောင် သုံးထား ပေးမဲ့ ဒီအစီရင် ခံစာကိုယ်တိုင်က မျှမျှတတ မရှိဘူး။ ရိုဟင်ဂျာ နဲ့ မူဆလင်တွေဘတ်က တစ်ဖက်သက် တစ်ဖက်သက် ပြောဆိုနေတာ ထင်ရှားပါတယ်။
“မူဆလင်များအား အကြမ်းဖက်မှု” ဆိုတာ တိုင်းမ် မဂ္ဂဇင်းမှာ ဟန်နာဘိခ်ျ ရေးခဲ့တာကို ပဲ့တင်လိုက်တာ ဖြစ်ပါတယ်။ ဟန်နာဘိခ်ျကို တပြည်လုံးက ရဟန်းရှင်လူ ပြည်သူတွေက ကန့်ကွက်ဆန့်ကျင်ခဲ့တာကို အရှိအမှန်အတိုင်း သတိပြုစေ  လိုပါတယ်။ မိတ္ထီလာအရေးအခင်းကြီးမှာ မူဆလင်တွေရဲ့ ဘေးရန်ကို သံဃာတော်များက ကယ်တင်စောင့်ရှောက် ခဲ့တဲ့ သာဓုခေါ်ဖွယ် ဖြစ်ရပ်အမှန်ကို ဘာလို့ မသိချင်ယောင် ဆောင်နေရတာလဲ…?။
နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်ရယ်လို့ ကြီးကြီးကျယ်ကျယ် နာမည်ပေးထားပြီး သမိုင်း ဖြစ်ရပ် မှန်တွေကို ဘာဖြစ်လို့ ဖုန်းကွယ်ချင်ရတာလဲ…? 1942 က ရခိုင်တွေ သောင်းချီအသတ်ခံရတဲ့ အတိတ် သမိုင်းကြောင်းကို မဆိုထားနဲ့ မနေ့တစ်နေ့ကမှ ဖြစ်ခဲ့တဲ့ ခေတ်ပြိုင်သမိုင်းကိုတောင် ပြောင်းပြန်ရေးချင်နေ ကြပြီး။
ပြဿနာတွေ ငြိမ်းအေးသွားအောင် ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ ကြိုးပမ်းနေချိန်မှာ ဒီလိုမျိုး မြှောက်ထိုးပင့်ကော် သွေးထိုးလှုံဆော်ပေးတဲ့ တစ်ဖက်သက် စွပ်စွဲချက်တွေကို ကျွန်တော်တို့ လုံးဝ ဆန်ကျင် ကန့်ကွက်ပါတယ်။ ယခု သြဂုတ်လထဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနား   မြန် မာပြည်ရောက်လာတယ်။ ရခိုင်ကိုသွားတယ် ရခိုင်မှာရှိတဲ့ ရိုဟင်ဂျာ တွေဆီ သွားတယ် လို့ ပြောရင် ပိုပြီး မှန်ပါ လိမ့်မယ်။ ဒါကြောင့်လည်း စစ်တွေကို ရောက်ရောက်ခြင်းဆိုသလို ကင်တားနားရဲ့ ကြံစည်ပြောဆို လုပ်ဆောင်မှုတွေ ကို ရခိုင်လူမျိုးများက ကန့်ကွက် ဆန္ဒပြကြတာဖြစ်တယ်။
ရိုဟင်ဂျာ တွေ မူဆလင်တွေကို ခွဲခြားဆက်ဆံနေတယ်လို့ မဟုတ်မမှန် လုပ်ကြံပြီး စွပ်စွဲနေတယ်။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကြီး ကင်တားနားကိုယ်တိုင်က ဘင်္ဂါလီတွေဘက်က ရပ်တည်ပြီး ရခိုင် ဗုဒ္ဓဘာသာတွေ အပေါ် ခွဲခြားဆက်ဆံသွားတာဖြစ်တယ်။ ဒါ အခုမှ မဟုတ်ဘူး။ ကင်တားနား ရောက်လာတိုင်း ဒီလို တစ်ဖက်သက်၊ ဘတ်လိုက် ခွဲခြားဆက်ဆံခဲ့တာဖြစ်တယ်။ ကင်တားနားလို့ လူမျိုးကြောင့် ကုလသမဂ္ဂအဖွဲ့ ကြီးရော လူ့အခွင့်အရေး အဖွဲ့ အသီးသီးရော အင်မတန် ဂုဏ်သိက္ခာမဲ့ပြီး နာမည်ပျက်စရာ ဖြစ်သွားရတော့တယ်။
အစ္စလာမ်ဘာသာဝင် ကင်တားနားဟာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေကို ဒူးတုပ်လျက် တွေ့ဆုံပြီး ဗုဒ္ဓဘာသာရဲ့ ခေါင်းဆောင် သံဃာတော်များကိုတော့ မရိုမသေ မလေးမစား ဆက်ဆံခဲ့ပါတယ်။ ဘုန်းတော်ကြီး က ပြဿ  နာတွေရဲ့ ဇစ်မြစ်ကို သမိုင်းကြောင်း သိသာယုံမျှ ရှင်းပြတာကို လက်မခံဘဲ သမိုင်းကြောင်းတွေ   ပြော မနေ ပါနဲ့ ဆိုပြီး ပိတ်ပင်ဟန့်တားခဲ့တယ်။ ဒီလိုပိတ်ပင် ဟန့်တားပိုင်ခွင့် လုံးဝ မရှိပါဘူး။ ပြဿနာတွေကို မှန်မှန် ကန်ကန် ဖြေးရှင်းချင်တယ်ဆိုရင် သမိုင်းကြောင်း မသိလို့ မရပါဘူး။ ပြီးတော့ ကိုယ်စားလှယ်တစ်ဦးအနေ နဲ့ဖြစ်စေ သံတမန်တစ်ဦးအနေနဲ့ဖြစ်စေ တစ်ဖက်လူရဲ့ ပြောစကားကို လေးလေးစားစား နားထောင်ရပါတယ်။ ကင်တားနား ကိုပြောနေသူဟာ ကလေကချေ ကလေကဝမဟုတ်ဘဲ အများကြည်ညိုလေးစားတဲ့ ဗုဒ္ဓဘာသာရဲ့ ခေါင်းဆောင် ဆရာတော်ကြီးတစ်ပါးဆိုတာလည်း သတိထားသင့်ပါတယ်။
လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကြီးကိုယ်တိုင်က လူ့အခွင့်အရေးကို အထူးချိုးဖောက်ပြီး  ရိုဟင်ဂျာ တွေ ဘက်က တစ်ဖက်သက် ရပ်တည်နေတာ ထင်ရှားတဲ့အတွက် သူ့ရဲ့ ခရီးစဉ် မိတ္ထီလာအရောက်မှာ ဆန္ဒပြ ကန့်ကွက် ပြလိုက်တာဖြစ်တယ်။ မှတ်ပလား ကင်တားနား……။
ကင်တားနားမှာ ဂုဏ်သိက္ခာဆိုတာ ကုန်းကောက်စရာမကျန်တော့လောက်အောင် ဖြစ်ပွားပြီး၊ မိတ္ထီလာမှာ အကြမ်း ဖက်ခံရ ပါတယ်ဆိုပြီး ဘာဘာညာညာ ပလီပလာ လိမ်ညာပြီး ပြောတော့တယ်။ ကုလသမဂ္ဂကိုလည်း မုသာဝါဒ အစီရင် ခံစာ တင်သွင်းလိမ့်ဦးမယ်။ တကယ်တော့ ကင်တားနားကို လူ့အခွင့်အရေး ချိုးဖောက်ပြီး ခွဲခြား ဆက်ဆံ တတ်တဲ့ လူမျိုးကို လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ရွေးချယ်စေလွှတ်ခဲ့တာကိုက ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ မူလအမှားဖြစ်ပါတယ်။ မူလက မှားတဲ့အတွက် မူလီလာလုပ်တဲ့ ကင်တားနားလည်း မှားပြီးရင်း မှားတာ မဆန်းတော့ပေဘူးပေါ့။
လူ့အခွင့်အရေးဘန်းပြပြီး နိုင်ငံငယ်တွေအပေါ် ဘယ်လောက်ထိ ဝင်ရောက် စွက်ဖက် စော်ကားခဲ့သလဲဆိုတာ ကိုယ့်ဟာကို ပြန်ပြီး စစ်တမ်းထုတ်ကြည့်စေချင်တယ်။ အခုလည်း လာပြန်ပြီး နိုင်ငံတကာ ဘာသာရေး လွတ် လပ်ခွင့် ကော်မရှင်တဲ့။ မူဆလင်များအား အကြမ်းဖက်မှု ရန်မှ အကာအကွယ်ပေးရန်….တဲ့။
လောလောဆယ်တော့ ကျွန်တော်တို့ တိုင်းပြည်မှာ မူဆလင်အစွန်းရောက်တွေက ဗုံးခွဲမယ်ဆိုလို့ မြိတ်မှာ၊ ဘူးသီးတောင်  မောင်တောမှာ လုံခြုံရေးတိုးမြှင့်ထားလိုက်ရပြီ။ အမေရိကန်တွေရော လုံခြုံရေးမတိုးမြှင့်ရဘူး လား။ သူတို့ကြတော့ စူပါပါဝါဆိုပြီး ကြောက်တတ်လိုက်တာ။ မူဆလင်က ဘာမှ မလုပ်ရသေးဘူး။ သံရုံးတွေ ပိတ်ပြီး   ပြေးလို့ပြေးနဲ့။ ဂျီ(ချေ) အီးဂျီးလန့် ဆိုတာ ဒါမျိုးကို ပြောတာထင်ပါရဲ့။
ဒီမှာဖြင့် ဟောဒီ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးမှာဖြင့် အစွန်းရောက် မူဆလင်တွေက အကြမ်းဖက်မယ် ဆိုလို့၊ ဗုံးခွဲတိုက်ခိုက်မယ်ဆိုလို့ သံဃာတော်တွေမှာ ဆွမ်းခံတောင် မထွက်ရဲတော့ပါ။ နှစ်စဉ် ဝါတွင်းကာလ ရောက်တိုင်း အာရုံဆွမ်းခံပြီး ဒကာ၊ ဒကာမတွေကို ကုသိုလ်ကောင်းမှုတွေ တိုးပွားစေခဲ့တဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဓလေ့ဟာ ဒီနှစ် မှာ ဒီဝါတွင်းကာလမှာ ဆုံးရှုံးပျောက်ကွယ်ခဲ့ရပါပြီ။ ဒါတွေကို အမေရိကန် ဘာသာရေးလွတ်လပ် ခွင့် ကော်မ ရှင်ရဲ့ အစီရင်ခံစာမှာ ဘာဖြစ်လို့ မဖော်ပြတာလဲ…? ဗုဒ္ဓဘာသာဝင်များ ဘက်က ဆွမ်းလောင်းခွင့် ဆုံးရှုံး လိုက်ခြင်း ဟာ လူ့အခွင့်အရေးထက်မကသော တန်ဖိုးမဖြတ်နိုင်သော ကုသိုလ်ကောင်းမှုတွေ ဆုံးရှုံးလိုက်ရတာပါဘဲ။ ကိုယ့် ဘာသာ၊ ကိုယ့်သာသနာကို သာမက ကိုယ့်လူမျိုးနဲ့ ကိုယ့်တိုင်ပြည်ကြီး မဆုံးရှုံးရလေ့အောင် ကျွန်တော်တို့ အပြင်း အထန် ရုန်းကန်နေရတယ်ဆိုတာကိုလည်း အားလုံးကို သိစေအပ်ပါတယ်။
ကင်တားနားက ရိုဟင်ဂျာ တွေရဲ့ နိုင်ငံသားဖြစ်မှုကို တောင်းဆိုခဲ့သလိုပဲ။ အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်ကလည်း ဘင်္ဂါလီတွေ နိုင်ငံသားဖြစ်ခွင့် ရှိ/မရှိ အဖြေရှာရန်ဆိုပြီး တွန်းအားပေးထား ပါတယ်။ အဖြေကရှင်းပါတယ်။ 1982 နိုင်ငံသား ဥပဒေအတိုင်းပါပဲ။ ဒီမှာလာပြီး အခြေချနေတဲ့ ရိုဟင်ဂျာ များ အတွက် တတိယမျိုးဆက်ဟာ နိုင်ငံသားဖြစ်ခွင့် ရှိပါတယ်။ ဒီလောက် လိုက်လျောထားတဲ့ ဥပဒေကို ပြင်ပေးပါ။ ဘာ ညာပြောနေတဲ့ ပြည်တွင်းက နိုင်ငံရေးခေါင်းဆောင်တွေဟာ သူခိုးဓားရိုးကမ်းသလို ဖြစ်နေတာ သတိထား ဆင်ခြင် စရာဖြစ်ပါတယ်။
ဒီမှာဖြင့် ရိုဟင်ဂျာ များအပါအဝင် နိုင်ငံသားမဟုတ်တဲ့ White Card ကိုင်ဆောင်ထားသူတွေကို နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပေးထားတယ်။ ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရ မရှိနိုင်တဲ့ အထူးအခွင့် အရေးကြီး   ပေးထား ပါတယ်။ နိုင်ငံသားမဟုတ်သူတွေကို “နိုင်ငံသားဖြစ်ခြင်း” နဲ့ အစားထိုးဖို့ ဒေါက်တာအေးမောင်က ဥပဒေကြမ်း တင် သွင်း ရာမှာ အာဏာရ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်ခဲ့ ပါသတဲ့။ 23.8.2013   က အမျိုးသားလွှတ်တော်မှာ ဖြစ်ခဲ့တာ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ် စား  လှယ်ကြီးကလည်း ရိုဟင်ဂျာ တွေဘက်က ပါလားလို့ မှတ်ချက်ချရုံမှတစ်ပါး အခြား မရှိပါပြီ။
အမေရိကန် ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်က မူဆလင် ဆန့်ကျင်ရေးလုပ်ပြီး ခွဲခြား ဆက်ဆံမှု များ ပြု လုပ်ခဲ့သည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ချို့ အပါအဝင် ၉၆၉ အဖွဲ့ ဖွဲ့စည်းသူများ၊ အစိုးရ တာဝန်ရှိသူ များအား အမေရိကန်မှာ နာမည်စာရင်းတစ်ခုဖြင့် မှတ်တမ်းတင်ထားရန် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အသည်းထဲမှာ စွဲနေအောင် မှတ်တမ်းတင်ထားလိုက်ပါ။ ငါတို့ဟာ အမျိုးဘာသာ သာသနာကို ဘယ်တော့မှ အပျောက်မခံဘူးဆိုတာ ကောင်းကောင်းကြီး မှတ်တမ်းပြုစုထားလိုက်ပါ။ ကျွန်တော်တို့ကလည်း တိုင်းဖျက် ပြည် ဖျက် သာသနာဖျက် အမျိုးဖျက်မှန်သမျှကို ခွေးသားရေးနဲ့လုပ်ထားတဲ့ ပုရပိုက်ပေါ်မှာ ထင်ထင်ရှား ရှားကြီး  မှတ် တမ်းရေး ထိုးထားပါကြောင်း သိစေအပ်ပါတယ်။
ကျွန်တော်တို့လုပ်နေတာ မူဆလင်ဆန့်ကျင်ရေးမဟုတ်၊ အကြမ်းဖက်ဆန့်ကျင်ရေးဖြစ်တယ်။ အမျိုးဖျက် အန္တရာယ် ကာကွယ်ရေးဖြစ်တယ်။ မူဆလင်ကို ခွဲခြားမဆက်ဆံ၊ လူဆိုးလူကောင်းကို ခွဲခြားဆက် ဆံတာ ဖြစ် တယ်။   ခွေးရူးနဲ့ခွေးကောင်းကို ခွဲခြားဆက်ဆံသလို ဖြစ်တယ်ဆိုတာလောက်တော့ သဘောပေါက်စေ ချင် ကြောင်း ပါဗျ။
မောင်သွေးချွန်။
1.9.2013 နေ့ထုတ် Reporter ဂျာနယ်မှ။

Comments

Popular posts from this blog

တိုင်းရင်းသားလူမျိုးများ

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း