ရိုဟင်ဂျာများကို ၁၉၈၂ ခုနှစ် ဥပဒေ အတိုင်း အကောင် အထည် ဖော်ရန် ဆန္ဒဖော်ထုတ်သူအချို့အား ထောင်ချ



ရန်ကုန် ၊ စက်တင်ဘာ ၅။ ။ ဘင်္ဂါ လီများကို ၁၉၈၂ ခုနှစ် ဥပဒေအ တိုင်း အမြန်ဆုံး အကောင် အ ထည်   ဖော်ပေးရန် ဆန္ဒထုတ်ဖော်တောင်း ဆိုခဲ့ သည့် ကျောက်တော်ဒေသ ခံ ၃၀၀ အနက် လေးဦးကို စက် တင်ဘာ ၄ ရက်က ထောင်သုံးလ ချမှတ်လိုက်ကြောင်း ယင်းအမှု ကို လိုက်ပါဆောင် ရွက် ခဲ့သူ တရား လွှတ်တော်ရှေ့နေ ဦးသန်းစော က ပြောသည်။

''ဆန္ဒထုတ်ဖော် တောင်း ဆိုခဲ့သူတွေအနက် လေးဦးကို ဒီနေ့ ၃ နာရီကျော်လောက် က ကျောက်တော်မြို့ နယ် တရားရုံး က ထောင်သုံးလစီ ချမှတ်လိုက် ပြီ ဖြစ်ပါတယ်''ဟု ယင်းက ရန် ကုန်တိုင်းမ်နေ့စဉ် သတင်း စာသို့ စက်တင်ဘာ ၄ ရက် ည ၆နာရီက ပြောသည်။

ငြိမ်း/စီ ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ထောင် သုံးလစီ ချမှတ်ခြင်းခံရသူများမှာ ဦးမောင်ဝင်း၊ ဦးမောင်သိန်းလှိုင် ၊ ဒေါ်လှမေနှင့် ဒေါ်တင်တင်အေး တို့ဖြစ်ကာ ယင်းတို့ကို စက်တင် ဘာ ၄ ရက် ညနေ ပိုင်း တွင် စစ် တွေအကျဉ်းထောင်သို့ ခေါ်ဆောင် သွားပြီဖြစ်ကြောင်း ထောင်ဒဏ် ချမှတ်ခြင်းခံရသည့်   ဒေါ်လှမေ က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ စက်တင်ဘာ ၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ် က ပြော သည်။

''၂၀၀၈ ဖွဲ့စည်းပုံမှာ နိုင်ငံ သားတစ်ယောက်ဟာ လွတ်လပ် စွာ ဆန္ဒထုတ်ဖော်ပိုင်ခွင့်ရှိတယ် လို့ပါတယ်။ ခုလိုထောင်ချခံလိုက် ရတော့ နိုင်ငံသားတစ်ဦးရဲ့ အခွင့် အရေး ဆုံးရှုံးခံရခြင်းဖြစ်တယ်'' ဟု ဒေါ်လှမေ ကဆို သည်။

ရခိုင်ပြည်နယ်အတွင်းသို့ တရားမဝင် ခိုးဝင်ရောက်ရှိလာ သည့် ဘင်္ဂလီများကို ၁၉၈၂ ခုနှစ် ဥပဒေအတိုင်း အမြန်ဆုံးအကောင် အထည်ဖော်ပေးရန်နှင့် ယင်းဥပ ဒေအတိုင်း အကောင်အထည် ဖော်ပြီးမှသာ ယင်းတို့ အတွက် နေ အိမ်များ ဆောက် လုပ်ပေးရန် ဒေါ်လှမေ အပါအဝင် ထောင် ဒဏ်ချမှတ်ခြင်းခံရသူ လေးဦး သည် ယခုနှစ် မတ်လအတွင်းက ကျောက်တော်မြို့နယ် ရဲစခန်းသို့ လျှောက်ထားခဲ့ကြောင်းသိရသည်

ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သည့် အချိန်ကာ လဖြစ်သည့် အတွက် ဆန္ဒထုတ်ဖော်တောင်းဆို ခြင်းမပြုကြရန် လာရောက်လျှောက် ထားမှုကို သက်ဆိုင်ရာမှ ပယ်ချ လိုက်ကြောင်း သိရသည်။

ယင်း သို့ ပယ်ချလိုက်သော်လည်းကျောက် တော်မြို့သူမြို့သားတို့၏ စည်း ဝေးဆုံးဖြတ် ချက်အရ မတ် ရ ရက် တွင်ကျောက်တော်မြို့ရှိရွှေကျောင်း ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံမှ စတင်ကာ မြို့ပတ်ဆန္ဒ ထုတ်ဖော်   တောင်း ဆို ခဲ့ကြကြောင်း တရား လွှတ်တော်ရှေ့နေ ဦးသန်းစော၏ ပြောပြချက်အရ သိရသည်။

ထို့ကြောင့် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည့် မတ် ရ ရက် ညနေပိုင်းတွင် ကျောက်တော်မြို့ နယ်ရဲစခန်းမှ ခွင့်ပြုမိန့်လာရောက် လျှောက်ထားခဲ့သူ လေးဦးကို ပုဒ်မ- ၁၈ ဖြင့် တရားစွဲဆိုခဲ့ရာ စက်တင် ဘာ ၄ ရက် တွင် အပြီးသတ်အမိန့် ချမှတ်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

ငြိမ်း/စီ ပုဒ်မ-၁၈အရ ပြစ် မှုထင်ရှားကြောင်း တွေ့ရှိပါက တစ်နှစ်ထက်မပိုသော ထောင် ဒဏ်နှင့် ဒဏ်ငွေ သုံးသောင်းအ ထိ ချမှတ်နိုင်ကြောင်း၊ ယခုအမှု တွင်ဒဏ်ငွေချမှတ်ခြင်းမ ရှိကြောင်း ရှေ့နေဦးသန်းစော  ကရှင်းပြသည်။

''ပုဒ်မ-၁၈နဲ့ တရားစွဲဆို တာကို လက်ခံလို့မရတဲ့ အနေအ ထားတွေ ရှိပါတယ်။ ဒီမိုကရေစီ စံနှုန်းနဲ့ ပုဒ်မ-၁၈ က ကိုက်ညီမှု လုံးဝမရှိပါဘူး။

နိုင်ငံသားတစ်ဦး ရဲ့လုပ်ပိုင်ခွင့်ကို ပြည့်ပြည့်ဝဝ မ ပေးသေးတာ ဒီမိုကရေစီနဲ့ မညီ ပါဘူး''ဟု ကျောက်တော်   ဒေသခံ ဦးထွန်းဝင်းက သုံးသပ်ပြောသည်။

ဘင်္ဂလီများကို ၁၉၈၂ ခုနှစ် ဥပဒေအတိုင်းအမြန်ဆုံးအကောင် အထည်ဖော်ပေးရန်နှင့် ယင်းဥပ ဒေအတိုင်း အကောင်အထည် ဖော်ပြီးမှ သာ ယင်းတို့အတွက် နေ အိမ်များဆောက်လုပ်ပေးရန် တောင်း ဆို ဆန္ဒ ထုတ်   ဖော်ပွဲကို ယခုနှစ် မတ်လ ၇ ရက်က ရခိုင် ပြည်နယ်အ တွင်း ကျောက်တော် အပါအဝင် စစ်တွေ၊   မြောက်ဦး၊ ပေါက်တောနှင့် တခြားမြို့နယ်များ တွင်လည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Comments

Popular posts from this blog

တိုင်းရင်းသားလူမျိုးများ

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း