ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပေါ်ခဲ့သောပဋိပက္ခများကို ဖြေရှင်းရာ၌ မည်သည့်နိုင်ငံကမှ ဝင်ရောက် စွက်ဖက် စရာမလိုဟုပြော
- Get link
- X
- Other Apps
မြစ်မခ
ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပေါ်ခဲ့သောပဋိပက္ခများကို ဖြေရှင်းရာ၌
မည်သည့်နိုင်ငံကမှ ဝင်ရောက် စွက်ဖက် စရာမလိုဘဲ ပြည်တွင်းကသာ
ဖြေရှင်းရမည့်ကိစ္စဖြစ်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏
မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်ဗီဂျေနမ်ဘီးယား (Vijay Nambia) က
ပြောကြားလိုက်သည်။ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ်ဗီဂျေနမ်ဘီးယား(Vijay Nambia)၏ စက်တင်ဘာ ၁ရက် ရခိုင်ပြည်နယ်ခရီးစဉ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်
တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ “နိုင်ငံတကာ အသိုင်းအဝိုင်းကို
သူတို့ကစပြီးပြောလာတဲ့အခါ OIC တို့လို နိုင်ငံတကာအဖွဲ့အစည်းတွေက
ပါဝင်လာတဲ့ ကြိုးစား မှုတွေဖြစ်လာတယ်။ တကယ်တမ်း ဒီပြဿနာဆိုတာ
ကိုယ့်ပြည်တွင်းမှာနှစ်ဦးနှစ်ဖ က်ဖြေရှင်း ရမယ့်
ပြဿနာပါ။ နိုင်ငံ တကာ ဘယ်အစိုးရကမှ ဝင်ရောက်စွက်ဖက်တာကို မကြိုက်ပါဘူး’’ဟု
ဗီဂျေနမ်ဘီးယား က ပြောသည်။ ဗီဂျေနမ်ဘီးယား(Vijay Nambia)သည် စက်တင်ဘာ ၁ရက်က
ရခိုင်ပြည်နယ်သို့ရောက်ရှိ လာပြီး မောင်တောမြို့ နယ်နှင့်ပေါက် တောမြိုနယ်များအတွင်းရှိ ရခိုင်နှင့်ဘင်္ဂါလီဒုက္ခသည်စခန်းများသို့
သွားရောက်လေ့လာ ခဲပြီး စစ်တွေမြို့နယ်ရှိ ဘဂါင်္လီဒုက္ခသည် စခန်းများကို
သွားရောက် လေ့လာခဲ့သည်။ စက်တင်ဘာ၁ရက်နံနက်ပိုင်းတွင် ဗီဂျေနမ်ဘီးယား(Vijay
Nambia)နှင့်ရခိုင်ပြည်နယ်အစိုး ရအဖွဲ့တို့ ရခိုင်အရေးကိစ္စ ဆွေးနွေးခဲ့ကြရာ ရခိုင်ပြည်နယ်၏ ပဋိပက္ခသည် ပြည်တွင်းပြည်ပမီဒီယာတချို့က ပိုဆိုးလာအောင်ဖန်တီးမှုများလည်း ရှိနေသည်ဟု ဗီဂျေနမ်ဘီးယား က ဆိုသည်။ ''နောက်ဒီပြဿနာကို ပိုဆိုးလာစေတာ တစ်ခုကတော့နိုင်ငံတကာမီဒီယာတွေနဲ့ပြည်တွင်းမီဒီယာတွေက ပိုဆိုးလာအောင်မီးမွှေး သလိုဖြစ်လာတယ်။ အခုလူမျိုးစုနှစ်ခုကြားမှာရှိနေ တဲ့ မကျေနပ်ချက်တွေ လျော့ကျမသွား ဘဲနဲ့ပိုပြီးဆိုးလာ တာကို တွေ့ရတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ပြဿနာတွေ ဟာတိုးလာမယ်ဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတွေရောက်လာ ပြီးတော့လူမျိုးရေးပြဿနာကနေ ဘာသာ ရေးပြဿနာဖြစ်လာမှာကိုလည်း နိုင်ငံတ ကာ အသိုင်းအဝိုင်းက လက်ခံထားကြတယ်''ဟု ၄င်းက ပြော သည်။ ထို့အပြင်မြန်မာနိုင်ငံ၏အရေးကိစ္စသည်ကုလသမဂ္ဂညီလာခံတွင် ပေါ်ပေါက်လာပါက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ပြောင်းလဲသွားနိုင်သည် ဟုဗီဂျေးန မ်ဘီးယား
(Vijay Nambia)ကသုံးသပ်ပြောဆိုသည်။ ''စက်တင်ဘာ လထဲမှာဆိုလို့ရှိရင် ကုလသမဂ္ဂ
အထွေထွေညီလာခံမှာတော့ မြန်မာအရေးကိုလုပ်မယ့် လူတွေရှိတယ်၊
အဲလိုလုပ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ မှာပြုပြင်ပြောင်း လဲမှုတွေ အများကြီးလုပ်ထားတာတွေ ပြောင်းလဲသွားနိုင်တယ်''ဟု ၄င်းက ဆက်ပြောသည်။ ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားခဲ့သောပဋိပက္ခဖြစ်စဉ်များကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတကာအသိုင်းအဝိုင်းများရခိုင်ပြည် နယ်သို့လာရောက်လေ့ရှိသော်လည်း ပဋိပက္ခဖြေရှင်းမည့်နည်းလမ်းများ
ထွက်ပေါ်လာခြင်းမ ရှိဟု ဒေသခံရခိုင်တိုင်း ရင်းသားတို့က ဆိုသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ရခိုင်နှင့်ဘင်္ဂါလီနှစ် ဖက်ပြန်လည်သင့်မြတ်ရေးအတွက်
ရေတိုရေရှည် စီမံကိန်းများချမှတ်ဆောင်ရွက် ထားသော်လည်း
ကြန့်ကြာမှုများရှိနေကြောင်း အောက်ခြေပိုင်းတွင် သင့်မြတ်သော်လည်း
အပေါ်ပိုင်း၌ ခက်ခဲနေသည်ဟု ဆိုသည်။ ဗီဂျေနမ်ဘီးယား(Vijay Nambia)သည်
စက်တင်ဘာ၁ရက်တွင်စစ်တွေ၌တစ်ညအိပ်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် သံတွဲမြို့သို့ သွားရောက်ကာ သံတွဲမြို့မှအစ္စလာမ် ဘာသာဝင်များနှင့်တွေ့ဆုံမည်ဖြစ် ပြီး သံတွဲခရီးစဉ်အပြီး ရန်ကုန် သို့ပြန်လည်ထွက် ခွာမည်ဟု သိရသည်။ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အ ရေးအထူးအစီရင်ခံစာတင်သွင်းသူ
မစ္စတာကင် တားနားသည် သြဂုတ်၁၁ရက်က ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ရာ
ဘက်လိုက်မှုများရှိသည်ဟုဆိုကာ ရခိုင်လူထုက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
လွန်ခဲ့သည်၂၀၁၂ခုနှစ်က ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောပဋိပက္ခဖြစ်စဉ် များကြောင့် လူပေါ င်း
၁၄၇ ဦး အသက်ဆုံးပါးခဲ့ရပြီး ဒဏ်ရာရသူ၂၈၆ဦင်္းနှင့် အဆောက်အအုံ၁၀၆၉၄လုံး
ပျက်စီးခဲ့ သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
- Get link
- X
- Other Apps
Comments
Post a Comment