ကချင် ခရစ်ယာန်၊ အရပ်သားနှစ်ဦးအား ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်
- Get link
- X
- Other Apps
စက်တင်ဘာ ၂၀ ရက်၊ ၂၀၁၃။
by Kachin Land News
" ဘုရားရှိခိုးကျောင်းအတွင်း တုပ်နှောင်ကာ၊ ဇောက်ထိုးချိပ်ဆွဲထားပြီး မြန်မာစစ်သားများမှ ၀ိုင်းဝန်းရိုက် နက်ခဲ့ "

အင်ခါးဂါးရွာသားနှစ်ဦးဖြစ်သည့် ခရစ်ယာန်သင်းထောက် ခေါဒွပ်နှင့် လူငယ် ယုံခခင်တို့အား မြန်မာအစိုးရ စစ်သားများမှ ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်လိုက်ကြသည်။
ရွာအနီးအနားတွင် ၄င်းတို့ နှစ်ဦး၏ ကိုယ်ခန္ဒာများအား ရှာဖွေတွေ့ရှိသဖြင့် ကောင်းမွန်စွာ မြှုပ်နှံ သင်္ဂြိုဟ် လိုက်ကြောင်း ဒေသခံရွာသားများက ပြောသည်။ ခရစ်ယာန်သင်းအုပ်ဆရာတစ်ပါးနှင့်
သူ၏ သားအပါအ၀င် အခြား ရွာသား(၈)ဦးကို မြန်မာစစ်သားများမှ
ပြန်လွှတ်ပေးလိုက်သည်။ သင်းအုပ်ဆရာ ရမ်မိုင်မှာမူ
ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် ရိုက်နက်ခံရခြင်းတို့ကြောင့် ဝေဒနာပြင်းထန်စွာ ခံစားနေရကာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း သိရသည်။
ကချင်ပြည်သူ့စစ် (MHH)နှင့် ကေအိုင်အေတို့အား အားပေးထောက်ပံ့သည်ဟု သံသယမကင်းဖြစ်ကာ သင်းအုပ် ဆရာ ရမ်မိုင်၊ သားဖြစ်သူ နန်မော်န်ထင်းအောင်၊ သင်းထောက်လူကြီး ခေါဒွပ်နှင့် အခြား ရွာသား(၇)ဦးကို မြန်မာစစ်သားများမှ သြဂတ်စ်လ (၂၉)ရက်နေ့တွင် ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ စစ်ဆေး မေးမြန်း နေစဉ် အတောအတွင်း အမျိုးသား(၁၀)ဦးအား ဘုရားရှိခိုးကျောင်းအတွင်း တုပ်နှောင်ကာ၊ ဇောက် ထိုးချိပ်ဆွဲထားပြီး မြန်မာစစ်သားများမှ ၀ိုင်းဝန်းရိုက်နက်ခဲ့ကြကြောင်း ထွက်ပြေးလွှတ်မြောက်လာသူ အင်ခါးဂါးရွာသားသက်သေတစ်ဦးက ပြောသည်။
ခြေမြန်တပ်မ(၆၆)မှ ဖြစ်ဟန်ရှိသည့် စစ်သားများမှ သင်းထောက်လူကြီး ခေါဒွပ်နှင့် ယုံခခင်တို့အား တုပ် နှောင်ကာ မျက်လုံးများ စည်းပိတ်ကာ မှန်းဆမရနိုင်သည့် နေရာသို့ ခေါ်ဆောင်သွားကြကြောင်း အဆိုပါ သက်သေက ဆက်ပြောပြသည်။ အင်ခါးဂါးရွာမှ အမျိုးသမီးများ၊ မိန်းခလေးများကိုလည်း ရွာအနီးရှိ တောထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ ၀ိုင်းဝန်းမုဒိမ်းပြုကျင့်ပြီး အ၀တ်ဗလာဖြင့် ပြန်လည်လွှတ်ပေးလိုက် ကြောင်း သိရသည်။
ရွာသားများ၏ ပစ္စည်းများ၊ မွေးမြူထားသည့် တိရစ္ဆာန်များ ရှာဖွေ လုယက်ခိုးယူခံခဲ့ရသော်လည်း မည်သည့် အိမ်မှ မွှေနှောက်စစ်ဆေးမခံရကြောင်း၊ မည်သည့် ပစ္စည်းမှ ခိုးယူခြင်းမခံရကြောင်းကို ခံဝန်စာရွက်များတွင် ရွာသားများအား မြန်မာစစ်တပ် ခလရ(၁၃၇)မှ စစ်သားများမှ အတင်းအဓမ္မ လက်မှတ်ရေးထိုးစေခဲ့သည်။
ကေအိုင်အေနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ယခင်လနှောင်းပိုင်းမှ စတင်ကာ ကချင်မျိုး နွယ်စုဝင် နုန်လုန်းမီလူမျိုးများနေထိုင်ရာ
အင်ခါးဂါးကျေးရွာသို့ အစားအစာ၊ ဆေးဝါးကဲ့သို့သော ထောက်ပံ့ ပစ္စည်းများ
ပို့ဆောင်ခြင်းကို ပိတ်ပင်တားမြစ်ခဲ့သည်။ အင်ခါးဂါးရွားသားများအား
သွားရောက် ကူညီထောက်ပံ့လိုသော်လည်း မြန်မာစစ်တပ်မှ အင်ခါးဂါးကျေးရွာသို့
သွားရာလမ်းကို ပိတ်ဆို့ထားသဖြင့် မကူညီနိုင် ကြောင်း မချမ်းဘော ဒေသခံများက
ပြောသည်။
__________________________
(‘Two Kachin civilians tortured and killed by government soldiers’)
__________________________
Kachin Land News- 20-9-2013
Ref: http://kachinlandnews.com/ ?p=23720
by Kachin Land News
" ဘုရားရှိခိုးကျောင်းအတွင်း တုပ်နှောင်ကာ၊ ဇောက်ထိုးချိပ်ဆွဲထားပြီး မြန်မာစစ်သားများမှ ၀ိုင်းဝန်းရိုက် နက်ခဲ့ "

အင်ခါးဂါးရွာသားနှစ်ဦးဖြစ်သည့်
ရွာအနီးအနားတွင် ၄င်းတို့ နှစ်ဦး၏ ကိုယ်ခန္ဒာများအား ရှာဖွေတွေ့ရှိသဖြင့် ကောင်းမွန်စွာ မြှုပ်နှံ သင်္ဂြိုဟ် လိုက်ကြောင်း ဒေသခံရွာသားများက ပြောသည်။ ခရစ်ယာန်သင်းအုပ်ဆရာတစ်ပါးနှင့်
ကချင်ပြည်သူ့စစ် (MHH)နှင့် ကေအိုင်အေတို့အား အားပေးထောက်ပံ့သည်ဟု သံသယမကင်းဖြစ်ကာ သင်းအုပ် ဆရာ ရမ်မိုင်၊ သားဖြစ်သူ နန်မော်န်ထင်းအောင်၊ သင်းထောက်လူကြီး ခေါဒွပ်နှင့် အခြား ရွာသား(၇)ဦးကို မြန်မာစစ်သားများမှ သြဂတ်စ်လ (၂၉)ရက်နေ့တွင် ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ စစ်ဆေး မေးမြန်း နေစဉ် အတောအတွင်း အမျိုးသား(၁၀)ဦးအား ဘုရားရှိခိုးကျောင်းအတွင်း တုပ်နှောင်ကာ၊ ဇောက် ထိုးချိပ်ဆွဲထားပြီး မြန်မာစစ်သားများမှ ၀ိုင်းဝန်းရိုက်နက်ခဲ့ကြကြောင်း
ခြေမြန်တပ်မ(၆၆)မှ ဖြစ်ဟန်ရှိသည့် စစ်သားများမှ သင်းထောက်လူကြီး ခေါဒွပ်နှင့် ယုံခခင်တို့အား တုပ် နှောင်ကာ မျက်လုံးများ စည်းပိတ်ကာ မှန်းဆမရနိုင်သည့် နေရာသို့ ခေါ်ဆောင်သွားကြကြောင်း အဆိုပါ သက်သေက ဆက်ပြောပြသည်။ အင်ခါးဂါးရွာမှ အမျိုးသမီးများ၊ မိန်းခလေးများကိုလည်း ရွာအနီးရှိ တောထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ ၀ိုင်းဝန်းမုဒိမ်းပြုကျင့်ပြီး အ၀တ်ဗလာဖြင့် ပြန်လည်လွှတ်ပေးလိုက် ကြောင်း သိရသည်။
ရွာသားများ၏ ပစ္စည်းများ၊ မွေးမြူထားသည့် တိရစ္ဆာန်များ ရှာဖွေ လုယက်ခိုးယူခံခဲ့ရသော်လည်း မည်သည့် အိမ်မှ မွှေနှောက်စစ်ဆေးမခံရကြောင်း၊ မည်သည့် ပစ္စည်းမှ ခိုးယူခြင်းမခံရကြောင်းကို ခံဝန်စာရွက်များတွင် ရွာသားများအား မြန်မာစစ်တပ် ခလရ(၁၃၇)မှ စစ်သားများမှ အတင်းအဓမ္မ လက်မှတ်ရေးထိုးစေခဲ့သည်။
ကေအိုင်အေနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ယခင်လနှောင်းပိုင်းမှ စတင်ကာ ကချင်မျိုး နွယ်စုဝင် နုန်လုန်းမီလူမျိုးများနေထိုင်ရ
__________________________
(‘Two Kachin civilians tortured and killed by government soldiers’)
__________________________
Kachin Land News- 20-9-2013
Ref: http://kachinlandnews.com/
- Get link
- X
- Other Apps
Comments
Post a Comment