ဂျာမန်အမျိုးသမီး ကို လက်ထပ်လျှင် ရာဇ၀တ်သင့်သည့် နာဇီ အမျိုးစောင့် ဥပဒေ
၁၉၃၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။

ဖက်ဆစ်ဝါဒ ကိုကျုင့်သုံးသော ဂျာမနီပြည် ၏ အာဏာရ နာဇီပါတီ ထူထောင်သည့် နှစ်ပတ်လည် အခါ သမယ တွင် နျူရင်ဘာ့ဂ်မြို့ လူထု ချီတက်ပွဲကြီး ကိုခြိမ့်ခြိမ့်သည်း ကျင်းပခဲ့သည်။
နျူရင်ဘာ့ဂ် ဥပဒေ ဟု ခေါ်တွင်သော လူမျိုးရေးဇောင်းပေး ခွဲခြားယုတ်မာသော ဥပဒေ တစ်ရပ် အား အဒေါ့ဖ်ဟစ်တလာ ဦးဆောင်သည့် နာဇီ ဂျာမန် နိုင်ငံတော်တွင် ထိုနေ့မှာပင် စတင် အသက်သွင်းခဲ့သည်။
ထို ဥပဒေအရ ဂျူးလူမျိုးများအား ဒုတိယတန်းစား နိုင်ငံသားများ အဖြစ် သတ်မှတ်ခဲ့ပြီး ၎င်း တို့၏ အခြေခံ နိုင်ငံသား ရပိုင်ခွင့် အားလုံးလောက် နီးနီးအား ရုပ်သိမ်းပစ်ခဲ့သည်။
၎င်းနောက်၊ ဂျူးလူမျိုးများသည် သူတို့အခေါ် အာရီယန်နွယ်စစ် ကျူတန်အနွယ်ဝင် များ ဖြစ်သည့် ဂျာမန် အမျိုးသမီးများ နှင့် လက်ဆက် ထိမ်းမြားခွင့် မရှိတော့သလို ဂျာမန် သွေးပါသည့် အမျိုးသမီးများ နှင့် လိင်ဆက်ဆံ ခြင်းကိုပင် ကြပ်တည်းစွာ တား မြစ် ထားသည်။
ထိုသို့ပြုလုပ်ခဲ့လျှင် လူမျိုးရေးဆိုင်ရာ ယုတ်မာ အကောက်ကြံမှု ဟု သတ်မှတ်ပြီး ကြီး စွာသော ပြစ်ဒဏ် အဖြစ် သတ်မှတ်ခဲ့သည်။
၎င်း နျူရင်ဘာ့ဂ် ဥပဒေ အရ လူတစ်ဦးသည် သူ၏ အထက် ဘိုးဘွားဆွေမျိုး သုံးလေး ဆက်မြောက် မှ တစ်စုံ တစ်ဦးက ဂျူးလူမျိုး တို့ ကိုးကွယ်သော ရဟူဒီဘာသာ ဓလေ့ ထုံးတမ်းများကို လိုက်နာကျင့်သုံး ခဲ့သည် ဆိုရုံမျှဖြင့် ထိုသူအား အမျိုးမသန့်သော ဂျူး လူမျိုးဟု သတ်မှတ် နိုင်သည်။
ထို လူမျိုးခွဲခြားရေး ဥပဒေ အရ ဂျူးဘာသာ မှ အခြားဘာသာများ သို့ ကူးပြောင်း ကိုးကွယ်ပြီးခဲ့သူ ထောင် ပေါင်း များစွာတို့ မှာ လက်ရှိတွင် ဂျူးဘာသာဝင် များ မဟုတ်သော်ငြားလည်း ဂျူးများအဖြစ် သတ်မှတ်ခြင်း ခံခဲ့ ရပြီး အကျိုးဆက်အားဖြင့် နာဇီ လူသတ်စခန်းများ တွင် ဇီဝိန်ချူပ် ခဲ့ကြ ရသည်။
၎င်း တို့ထဲတွင် ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာဝင် ဘုန်းတော်ကြီးများ၊ သီလရှင် များ နှင့် ပရိုတက်စတင့် ခရစ်ယာန် ဂိုဏ်း မှ တရားဟော ဆရာများပါ မကျန် ၎င်း တို့၏ ဘိုးဘ များထဲမှ တစ်ဦးဦး က ဂျူးများ ဖြစ်ခဲ့ခြင်းကြောင့် နျူရင်ဘာ့ဂ် ဥပဒေ အရ အဆုံးတွင် သုတ်သင်သတ်ဖြတ် ခြင်းကို ခံခဲ့ကြရသည်။
(မှတ်ချက် - ယနေ့ မြန်မာပြည်တွင် တန်ခိုးထွားနေသော ၉၆၉ လှုပ်ရှားမှုများ၊ အစ္စလာမ် ဘာသာဝင်များအား ဒုတိယတန်းစား နိုင်ငံသား အဖြစ် သွတ်သွင်း ရန် ကြိုးပမ်းနေမှုများ၊ အမျိုး စောင့် ဥပဒေ ဆိုပြီး ပြဋ္ဌာန်း ရန် ကြိုးစားအားထုတ် နေမှု များ သည် တကယ်တမ်း တွင် နာဇီဂျာမန် တို့၏ အဆိုပါ နျူရင်ဘာ့ဂ် ဥပဒေ ကို တိုက်ရိုက် နီးပါး တုပ ထားခြင်း ဖြစ်ကြောင်း ကို တွေ့ကြရမည် ဖြစ်သည်။ အကျိုးဆက်ကို စာရှုသူများ စဉ်းစား ဆင်ခြင်နိုင်စေရန် ဖော်ပြလိုက်ရပါသည်။)
အချက်အလက်များကို ရှာဖွေပေးသည့် ပညာရှင် ညီအစ်ကိုတော် တစ်ဦးဖြစ်သည့် ကို Maung Khinအား အထူးကျေးဇူးတင်ရှိပါသည်။)

(ဓါတ်ပုံ - ၁၉၃၅ ခု၊ စက်တင်ဘာ ၁၅ ရက်နေ့က ဂျာမနီ နိုင်ငံ၊ နျူရင်ဘာ့ဂ်မြို့တွင် ၀ှဲချီးကျင်းပ ခဲ့သော နာဇီပါတီ လူထုချီတက်ပွဲကြီး။)
Comments
Post a Comment