ရခိုင်ပြည်နယ်အတွင်း အစိုးရဆိုင်ရာ ရုံးတစ်ချို့တွင် အချိန်ပိုခိုင်းသည်ကို မကျေနပ်ခြင်း

ရခိုင်ပြည်နယ်အတွင်း အစိုးရဆိုင်ရာ ရုံးတစ်ချို့တွင် ၀န်ထမ်းများအား သတ်မှတ်ချိန်ထက်ပိုမိုအလုပ် ခိုင်း စေခြင်းများ ရှိနေပြီး အချိန်ပိုအတွက်လုပ်အားခမရဘဲ အလုပ်လုပ်ပေးနေရခြင်းအပေါ် ၀န်ထမ်းအများစု မကျေ မနပ်ဖြစ်   နေကြောင်းနှင့်   သတ်မှတ်ထားသော ရုံးတက်ရုံးဆင်းချိန်များကိုလိုက်နာရန်လိုအပ်နေဟုဆို
-------------------------------------စစ်တွေ၊ စက်တင်ဘာ-၅

ထိုကိစ္စများနှင့်ပတ်သက်ပြီး အစိုးရ၀န်ထမ်းတစ်ဦးက “ဌာနမှာ အမျိုးသမီးအရာရှိတစ်ဦးရောက်တယ်။ အဲဒီ နေ့ကစပြီး ရုံးဆင်းရုံးတက်ချိန်မမှန်တော့ဘူး။ ပုံမှန် လေးနာရီခွဲအလုပ်ဆင်းရမှာ ည ၈ နာရီထိုးတဲ့နေ့လည်း ရှိတယ်။ ဒါဟာ တရားသလား။ သူနဲ့ အဆင်ပြေတဲ့ဝန်ထမ်းတွေဆို အလုပ်မလုပ်ပဲနေလဲ အရေးမလုပ်ဘူး။ မျက်နှာလိုက်တယ်။ တကယ်တော့ ရုံးဆင်းချိန်၊ ရုံးတက်ချိန်အတိုင်း အလုပ်လုပ်ခွင့်ပေးစေလိုပါတယ်”ဟု အမည်မဖော်လိုသော ၀န်ထမ်း တစ်ဦး က ရှင်းလင်းပြောကြားခဲ့ပါသည်။
ယင်းနည်းတူစွာပင် အခြားသော ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း ရုံးတက်ချိန်စောပြီးခေါ်ခြင်း၊ ရုံးဆင်း ချိန် လွန်စွာနောက်ကျပြီးမှ ပြန်ခိုင်းခြင်းများကို ၀န်ထမ်းအများစု ရင်ဆိုင်နေရပြီး ၀န်ထမ်းပိုင်းဆိုင်ရာစည်းကမ်း စည်းမျဉ်းများကို လေ့လာရန်လိုအပ်နေသကဲ့သို့ သတိထားရန်လည်းလိုအပ်နေပြီဖြစ်သည်ဟုလည်းပြောဆို ကြသည်။
အခြားဝန်ထမ်းတစ်ဦးကလည်း “ တိုးတက်လာတဲ့ခေတ်လို့ပြောနေကြပေမယ့် ရုံးပိုင်းဆိုင်ရာက လူတွေဟာ အခုတိ ဘာမှ တိုးတက်တယ်လို့မမြင်ဘူး။ ခြစားမှု၊ လာဒ်စားမှုတွေကို အခုတိပြုလုပ်နေကြတယ်။ အတူးသဖြင့် အလုပ်ခန့်၊ ၀န်ထမ်းခန့်ထားရေးအပိုင်းမှာ လာဒ်စားမှုတွေရှိတယ်။ ဒါကလည်း အလုပ်မရှိလို့ အလုပ်လိုချင်ကြတဲ့ လူများ ကို ငွေပေးပြီး ခန့်ဖို့စည်းရုံးတယ်။ ပေးသူမှားလား၊ ယူသူမှားလားဆိုတာတော့ မသိ တော့ဘူး။ စနစ်ဆိုးတွေပျောက်ဖို့ လိုပြီလို့ထင်တယ်။ ဌာနဆိုင်ရာအကြီးအကဲတွေကလည်း လက်အောက်ငယ် သားတွေအပေါ်မှ ဆက်ဆံရေးတွေ   ပြောင်းလဲဖို့ လိုပြီဖြစ်တယ်။ အဲဒါကို ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လူကြီးတွေ သိသင့်တယ်။ အပြစ်ပေးသင့် တယ်လို့ ယူဆပါတယ်”ဟုသူ့အမြင်ကိုသုံးသပ်ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် အတွင်း ဌာနဆိုင်ရာများတွင် အကျင့်ပျက်ခြစားခြင်း၊ အလုပ်ချိန်များကို အတင်းခိုင်းခြင်းများ သည် ခြစားမှုတိုက်ဖျက်နေသော ဦးသိန်းစိန်အစိုးရသစ်လက်ထက်တွင် ထိုသို့ပြုလုပ်နေ ခြင်းမှာ လုံးဝမ သင့်တော်တော့ကြောင်းလည်း ပြောဆိုကြပါသည်။
အချိန်ပိုလုပ်အား ခမရသော ၀န်ထမ်းများအနေဖြင့် အချိန်ပိုဆင်းပေးနေရခြင်းသည် ၀န်ထမ်းဆိုင်ရာစည်းကမ်း စည်းမျဉ်းတွင် မပါကဲ့သို့ နိုင်ထက်စီးနင်းခိုင်းစေခြင်း၊ အရာရှိ အာဏာကိုအလွဲသုံးစားလုပ်ပြီး ခိုင်းခြင်းများသည် ကျင့်ဝတ်ပိုင်းနှင့်သိက္ခာပိုင်းတွင်လည်း ထိခိုက်မှုများရှိကြောင်း ပြောဆိုကြပါသည်။
အရာရှိဆိုသည့်အစွဲဖြင့် လက်အောက်ဝန်ထမ်းများအပေါ် နိုင်ထက်စီးနင်းပြောဆိုခြင်း၊ ခင်မင်သူကို မျက်နှာ သာပေးခြင်းနှင့် စည်းကမ်းပျက်အောင် လုပ်ဆောင်ခြင်းများသည် ယနေ့ခေတ်အထိ သယ်ဆောင်လာရန်မ သင့်တော့ေ ကြာင်းနှင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး ထိရောက်သော အပြစ်ပေးမှုများကို ပြုလုပ်ကာ အကောင်း ဘက် သို့ရောက်အောင်ပြုပြင်ရန်လိုအပ်နေပြီဖြစ်ကြောင်း၊ အထူးသဖြင့် အချိန်ပို အလုပ်လုပ်နေ ရခြင်းများကို ၀န်ထမ်းများ ရင်ဆိုင်နေရခြင်းအပေါ် အလေးထားဆောင်ရွက်သင့်ကြောင်းလည်း လေ့လာသူ များက သုံးသပ်ပြော ဆိုကြပါသည်။

Comments

Popular posts from this blog

တိုင်းရင်းသားလူမျိုးများ

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း