နိုင်ငံတောသမ္မတထံတင်ပြစာ

 
သို့
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်

အကြောင်းအရာ။     ။ လောဘဇောတိုက်နေသော အာဏာရှင်တစ်ယောက်အကြောင်းတင်ပြခြင်း



၁။ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်သည် ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ရွှေကြော များထွက်ရှိရာ မြေနေရာအားလုံးကို ၎င်း၏ လုယုံတပည့်ရင်း ဦးသိန်းဟန်(ရွှေပြည်သာ ရွှေတူး ဖော်ရေး ကုမ္ပဏီ)နှင့် ပူးပေါင်း ၍ လက်ဝါးကြီးအုပ် သိမ်းယူထားကြပါသည်။
၂။ ယခုအခါ သိတ်ကျင်းမြို့နယ်အတွင်းရှိ ၀က်သေကျေးရွာနှင့် သက်ရှည်ကျေးရွာမှ ရွာသူရွာသားများ မှာ အလွန်အမင်းနိုင့်ထက်စီးနင်း ပြုမူမှုများကြောင့် မခံမရပ်နိုင်ဖြစ်ကာ ကုမ္ပဏီနှင့် အကြီးအကျယ် ပြဿနာ ဖြစ်ပွား ခဲ့ပါသည်။ သက်ဆိုင်ရာ ဌာနအသီးသီးသို့ တိုင်ကြား အသနားခံခဲ့ကြသော်လည်း မည်သို့မျှ အရေးယူ ဆောင်ရွက်ပေး ခဲ့ခြင်းမရှိပါ။ နောက်ဆုံးကြားသိရသည်မှာ ပြည်ထဲရေးဝန်ကြီးဌာနမှလည်း ယခု ဖြစ်ပွားခဲ့သော အမှုတွဲအား တိုင်းဒေ သကြီးအစိုးရအဖွဲ့သို့ ပြန်လည်လွှဲပြောင်း ချထားပေးလိုက်ပြီဟု သိရ ပါသည်။ သို့အတွက်ကြောင့် ဦးရဲမြင့် လက် ထဲသို့ အမှုတွဲပြန်လည်ရောက်ရှိလာပါက မိမိတို့ ကျေးလက်နေ ဆင်းရဲသားများကို ယခင်ကထက် ဖိနှိပ်ချုပ် ချယ်မှု များ ပိုမိုလုပ်ဆောင်လာမည်ကို စိုးရိမ်နေကြရပါသည်။
၃။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရေတံခွန်တောင် ဂေါက်ကွင်း အနောက် တောင်ဖက်ခြမ်း တွင် ဦးရဲမြင့်၏ ၎င်း စစ်တိုင်းမှူးဘ၀က သိမ်းယူခဲ့သော လယ်ယာမြေ များစွာရှိပါသည်။ သို့သော် အားမရနိုင်သေးဘဲ ယခု ၀န်ကြီး  ချုပ်ဘ၀တွင် ရေတံခွန်တောင်ဂေါက်ကွင်း၏ မြောက်ဖက်ခြမ်း၊ မန္တလေးနည်းပညာတက္ကသိုလ် အရှေ့ ဖက် (ရွှေကျင်၊ ရေထွက်ကျေးရွာအနီး)၀န်းကျင်ရှိ တစ်နှစ်လျင် သုံးသီးစား လယ်မြေဧကများစွာကို ဦးရဲမြင့် ၏ ဇနီး ဒေါ်မြတ်ငွေအမည်ဖြင့် ရယူလွှဲပြောင်းထားပြီး ၀ယ်ယူသူ ရှိပါက အမည်ပေါက်ပါ တခါတည်း လွှဲပြောင်းရောင်း ချနေပါသည်။
၎။ ပုသိမ်ကြီးမြို့နယ်၊ မြေစာရင်းရုံး၌ ဦးရဲမြင့်၏ဇနီး ဒေါ်မြတ်ငွေ၏ အမည်ပေါက် လယ်ယာမြေ ဧက (၁၀၀)   ကျော်ခန့် ပိုင်ဆိုင်ထားကြောင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ ၎င်းပိုင် လယ်ယာမြေများသို့ အလွယ် တကူ ၀င် ထွက်နိုင်ရန်နှင့် ပြန်လည်ရောင်းချပါက ဈေးကောင်းရရှိရန်အတွက် ဦးရဲမြင့်၏ တပည့်ရင်း ဗိုလ်မှူး မျိုးလွင်နှင့် ဦးခိုင်ဇော် လင်း (ဆုလျှံထွန်းကုမ္ပဏီ)တို့အား လမ်းများဖောက်ရန် စေခိုင်းထားပါသည်။ ဦးခိုင်ဇော်လင်း (ဆုလျှံထွန်း ကုမ္ပဏီ)တွင်လည်း ၎င်း၏သား နိုင်လင်းအောင်အတွက် အစုရှယ်ယာများ ထည့်သွင်းပေးထားရပါသည်။
၅။ ဆုလျှံထွန်းကုမ္ပဏီမှာ ၎င်း၏သား နိုင်လင်းအောင်နှင့်ပူးပေါင်း၍ မိတ္ထီလာခရိုင်အတွင်း၌ လမ်းများ ဖောက် လုပ်ခြင်း လုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နေကြပါသည်။
၆။ ဦးခိုင်ဇော်လင်းပိုင်ဆိုင်သော မန္တလေးမြို့ပတ်လမ်းနှင့် ၂၂ လမ်းထောင့်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ View Point ကာရာအိုကေနှင့် စင်တင်စားသောက်ဆိုင်မှာလည်း ဦးရဲမြင့်မှ ၎င်း မန္တလေးတိုင်းမှူးဖြစ်စဉ် က နေရာချထားပေး ခဲ့သော ဆိုင်ဖြစ်ပါသည်။ ၎င်းဆိုင်မြေနေရာမှာ မန္တလေးစည်ပင်ပိုင်မြေ ဖြစ်ပါသည်။

ဒါတွေဟာပြည်သူ့အတွက်ပါလားဗျာ။

ဝန်ထမ်းများ
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မိတ္တူ
သူရ ဦးရွှေမန်း၊ ဥက္ကဋ္ဌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ နေပြည်တော်
ဒေါ်အောင်ဆန်းစုကြည်၊ ဥက္ကဋ္ဌ တရားဥပဒေစိုးမိုးရေးကော်မတီ၊ ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ၊ တိုင်းသံဃာ့မဟာနာယကအဖွဲ့ မန္တလေးတိုင်း၊ မစိုးရိမ်တိုက်မကြီး၊ မန္တလေး
ဥက္ကဋ္ဌ၊ မြို့နယ်သံဃာ့မဟာနာယကအဖွဲ့၊ သပိတ်ကျင်းမြို့

Comments

Popular posts from this blog

တိုင်းရင်းသားလူမျိုးများ

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း