ကမန်မျိုးနွယ်စု သမိုင်းစာအုပ် (မောင်ဆန္ဒ-လယ်ဝေး)
ကမန်မျိုးနွယ်စု သမိုင်းစာအုပ် E-Book -
- Scribd မှ ဖတ်ရန်
- Media Frie မှ Download လုပ်ရန်
(စာအုပ်အမြည်း)
ကမန်မျိုးနွယ်စုစတင်ဖြစ်ပေါ်လာပုံ
ကမန်မျိုးနွယ်စုစတင်ဖြစ်ပေါ်လာပုံ
`ကမန်´ ဟူသောဝေါဟာရသည် ရှေးရခိုင်ဘုရင်
အဆက်ဆက်တို့လက်ထက်ကတည်းကစတင်ခေါ်ဝေါ် သုံး စွဲလာသောရခိုင်ဘုရင့်တပ်မတော်မှ
သူရဲကောင်း လေးသည်တော်တပ်ဖွဲ့၏ အမည်နာမတစ်ခု သာဖြစ် သည်။
`ကမန်´ဆိုသည်မှာရခိုင်သုသေသီတို၏အဆိုအမိန့်များအရ`လေး၊မြားအတက်၌ကျွမ်းကျင်သူ´
`လေး သည်တော် (၀ါ) လေးတော်ပစ်´ ဟူအဓိပ္ပါယ်ရကြောင်းကို ပညာရေးဝန်ကြီးဌာန
အဝေးသင်တက္က သိုလ် စတုတ္တနှစ် မြန်မာစာအထူးပြု သင်ရိုးအမှတ် မ-၄၁၂၊
ရခိုင်မင်းသမီးဧချင်း၊ ပို့ချချက်အပိုဒ် ၃၃ တွင်`ကမန် ဆို သည်မှာ လေးအတတ်တွင်
ကျွမ်းကျင်သော စစ်သည်တော်ကိုခေါ်သည်။ ရခိုင်တပ် မတော် တွင် လေးသည်တော်
တပ်ပါသည်ဖြစ်ရာ ၄င်းတပ်တွင် အမှုထမ်းသူများအား ကမန်ဟုခေါ်သည်´ ဟုဖော်ပြ ထား
သည်။
သမိုင်းသုသေသီတို့၏ အဆိုအရ`ကမန်´ဆိုသည်မှာ သီးခြားလူမျိုးစုမဟုတ်ဘဲ
ဲရခိုင့်ဘုရင့်တပ်မတော်မှ မျိုးနွယ်စုတစ်ခုအဖြစ် ပြောင်းလဲလာသော
ရခိုင်မျိုးနွယ် တစ်ဆက်ပင်ဖြစ်သည်။
သမိုင်းစာအုပ်များ ၌ `ကမန် သူရဲကောင်းတပ်´တွင် `ရခိုင်တိုင်းရင်းသားများသာ
တာဝန်ထမ်းဆောင်ခဲ့ကြသည်´ `ထိုစဉ်အခါ က ဘုရင့်တပ် မတော်တွင်
လူမျိုးခြားများကိုတာဝန်မပေးခဲ့´ ဟူ၍လည်းကောင်းတွေ့ရှိရသည်။
လက်ရှိ ကမန် လူမျိုးအများစုမှာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသော်လည်း
ရခိုင်လူမျိုးမှ ဆင်းသက်လာသည် အလျောက် ဘာသာစကား၊
ဝတ်စားဆင်ယင်ပုံ၊ဓလေ့စရိုက်များမှာ ရခိုင်တိုင်းရင်းသားများနှင့်
ထပ်တူ ပင်ဖြစ် သည်။
ရခိုင်ဆရာတော်ဦးဉာဏရေးသည့်ဓည၀တီရာဇ၀င်သစ် နှင့် သတင်းစာဆရာကြီး
ယခင်နိုင် ငံတော်ကောင် စီ ၀င်ဟောင်း ဦးလှထွန်းဖြူရေးသည့်`ရခိုင်ပြည်နယ်
တိုင်းရင်းသားလူမျိုးစုများ´ စာအုပ်တွင် လည်း `ကမန်´ လူမျိုးများသည်
ရခိုင်များနှင့် ရိုးရာယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်ထုံးဖွဲ့ပုံ၊ စကားအပြောအဆို၊
စိတ်နေ စိတ်ထား ရုပ်ရည် ပုံပန်းသဏ္ဌာန်
စသည်တို့ကွဲပြားခြားနားမှုမရှိကြောင်းကို ဖော်ပြထားသည်။
ရှားရှူဂျာ မင်းသားနှင့် ဆွေမျိုးတစ်စု နိုင်ငံရေးခိုလှုံလာသည့် ခရစ်နှစ်
၁၆၆၀ ပတ်ဝန်း ကျင်မှ သာ`ကမန်´ဝေါဟာရ ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ
ငနှလုံးမင်း(၁၂၃၄-၃၇)လက် ထက်က တည်း ကပင် `ကမန်´ဟူသောဝေါဟာရသည် စတင်
ပေါ်ပေါက်နှင့်ပြီးဖြစ်သည်။
ရခိုင်ဘုရင်များ လက်ထက် ကမန်တိုင်းရင်းသားများ
၁။ငနှလုံးမင်း(၁၂၃၄-၃၇)
ရခိုင်ရာဇ၀င်များတွင်ဒဿရာဇာမင်းဆက်(၂၂)ဆက်မြောက်ဖြစ်သောငနှလုံးမင်းလက်ထက်တွင်ကု လာ နှင့် သက် တို့ ပူးပေါင်းဆိုးသွမ်းကြရာ
ငနုလုံးမင်းသည် ပြည်စိုးကြီးဓမ္မဇေယျကို ရဲမက် ၅၀၀၀၀ ပေး ၍ စစ်သူကြီး
အင်္ဂါလေးပါးနှင့် ပြည့်စုံသောအမတ် ဆင်ကဲကြီးတို့ကို
ကုလားပြည် သို့ချီတက် တိုက်ခိုက်စေရာ ကုလားစစ်တပ်က စစ်တကောင်းမှ
ငါးရက်အတွင်းဆုတ်ခွာရသည်။နောက်တဖန် ဒါ ကာမြို့မှ
ခုခံသော် လည်း စစ်ရှုံး၏။ဘုရင့်အမိန့်အရ ကုလားပြည်တွင်
အမတ်ဆင်ကဲကြီးကိုထား ခဲ့ပြီးစစ် သူကြီး ဓမ္မဇေယျ သည်ကုလားထက်ဝက်ခန့်ကိုသုံ့ပန်းအဖြစ်ခေါ်ဆောင်လာခဲ့သည်
ဟူ၍လည်းကောင်း သုံ့ပန်းများကို ခွဲဝေ ရာ တွင်`ကမန်လေးသည်တော်များအတွက် သုံးပန်း ၁၀၀၀´ ဟူ၍လည်းကောင်း ရခိုင် ရာဇ၀င် သစ် ပထမ စာအုပ်၊စ တုတ္တတွဲတွင်တွေ့ရပေသည်။
ဤအချင်းအရာကား ကမန် ဟူသောဝေါဟာရသည် ၁၂၃၄ ခုနှစ်ဝန်းကျင်ကတည်းကပင်ပေါ်ပေါက် လာ ကြောင်း ထင်ရှားသည်။
၂။အစ္စလာမ်သာသနာတော်နှင့် စတင်ထိတွေ့ခြင်း
G.E.Harvey ရေးသည့် Outline of Burmese History တွင် Kaman(Persian)=
Bow and Arrow ဟုဖော်ပြထားသည်။ ရခိုင်ပြည်သာများနှင့်သာဖွဲ့စည်းထားသော
လေးသည်တော်တပ်သည် အဘယ်ကဲ့သို့ ပါရှန်းအမည်တွင်နေသနည်းဟု မေးစရာရှိသည်။
အကြောင်းမှာ အေဒီ ၇ ရာစုမှ ၁၅ရာစုကြားတွင် ပါရှန်ကုန်သည်၊ အာရပ်ကုန်သည်၊
ရောမကုန်သည်တို့သည်မြန်မာနိုင်ငံအပါအ၀င် ပသျှူးကျွန်းဆွယ်တို့ကို ကူးသန်း
ရောင်းဝယ်နေကြပြီဖြစ်သည်။ နိုင်ငံခြားသားများနှင့် ရောင်းဝယ် ဆက်ဆံရာမှ
ဘာသာစကား၊ ယဉ်ကျေးမှု၊ အသုံးအနှုန်းများသည်လည်း စိမ့်ဝင်ခဲ့သည်။ ၁၅
ရာစုမှစတင်၍ရခိုင်မင်းများ သည်ဗုဒ္ဓ ဘာသာဝင်များဖြစ်သော် လည်းအောက်ပါအတိုင်း
ပါရှန်းအမည်များကို ခံယူခဲ့ကြောင်းသိရသည်။ ငနုလုံး မင်း (အလီခန်)၊
ဘစောဖြူ(ကလီမာရှား)၊ မင်းဒေါ်လျှာ(မေနုလျှား)၊ ဘစောမင်းညို(မိုဟာာမက်ရှား)၊
မင်းရန်အောင် (နရီရှား)၊ စလင်္ကသူ(ရှိတ် အဗ္ဗဒူလာရှား)၊ မင်းရာဇာ(အီလီယမ်ရှား)၊
မင်းစောအို (ဂျလာလ် ရှား)၊ သဇာတ(အလီရှား)၊မင်းဘာကြီး(ဇော ဘောက်ရှား)၊
မင်းဖလောင်း(စကွန်ဒါရှား)၊ မင်းရာဇာ (စွယ်လင် ဆိုလိမ်ရှား)၊
မင်းခမောင်း(ဟူစိန်ရှား)ဤသည်ကိုထောက်ရှု၍ပါရှန် ဘာသာစကားနှင့်ပါရှန် လူမျိုးတို့၏ ဂုဏ်ရှိန်မှရခိုင်မင်းနေပြည်တောာ်များအပေါ်အတော်အတန်လွှမ်းမိုးမှုရှိခဲ့ကြောင်းသိနိုင်သည်။
၃။အစ္စလာမ်သာသနာဆိုက်ရောက်ခြင်း
ဒုတိယမြောက်ဦးမြို့တည်မင်း(၉)ဆက်ဖြစ်သောမင်းဘာကြီး(၁၅၃၁-၅၃)လက်ထက်တွင်ပါရှန်အင်ပါယာ
ဖက်မှ`ကာဒီ´ ဆိုသူဦးဆောင်သောာသံအမက်ကြီးသုံးဦး (ကာဒီ၊မူရှာ၊မောင်နုမျာ)
တို့သည်ဘုရင်မင်းမြတ် ထံလာရောက်၍ ဆည်းကပ်ကြသည်။ ထိုသံအမက်သုံးဦးတို့သည်
အစ္စလာမ်သာသနာ
စည်ပင်ပြန့် ပွားစေခြင်းငှာ `ဗလီ´၀တ်ကျောင်းတော်များကိုမြောက်ဦးမြို့တော်၌
အနှံ့အပြားတည်ဆောက်လျက် ဘာ သာရေးဟော ပြောပွဲများကိုနေ့စဉ်နှင့်
အမျှကျင်းပပြုလုပ်လျှက်ရှိသည်။ ဤသို့ပြုလုပ်ခြင်းကြောင့် အချို့ သော ဗုဒ္ဓဘာသာ
ဝင်အချို့သည် ယုံကြည်သက်ဝင်လာပြီး
အစ္စလာမ်သာသာနာ သို့ကူးပြောင်း ကိုးကွယ်လာခဲ့ကြ၏။ ထို့ပြင်အိန္ဒိ
ယပြည်ဒေလီမြို့မှ အစ္စလာမ်သာသနာပြု တရားဟောဆရာများကိုမှာ
ယူခေါ်ဆောင်စေပြိးအစ္စလာမ်တရား များကိုဟောပြောစေခဲ့သည်။
ဤသို့ဖြင့်အစ္စလာမ်ဘာသာသည် ပိုမို ကျယ်ပြန့် ထွန်းကားလာခဲ့သည်။
posted by – Electric
Comments
Post a Comment