ကမန်တိုင်းရင်းသားများလုံခြုံရေးအရမသွားလာနိုင်၍ အလုပ်လက်မဲ့၊အငတ်ဘေးနှင့်ရင်ဆိုင်

၁။   
   ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကမန်တိုင်းရင်းသား ကျေးရွာများ ဖြစ်သော သက္ကေပြင်ရွာမ (သက္ကေပြင်ဈေး မဟုတ်ပါ)၊ သာယာကုန်း နှင့် သင်္ဂနက် ကျေးရွာများမှ ကမန် တိုင်းရင်းသားများ စစ်တွေမြို့ပေါ်သို့ လုံခြုံရေးအရ ဝင်ထွက်မသွားလာနိုင်သောကြောင့် အလုပ်လက်မဲ့များဖြစ်ကာ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရ ပါသည်။
၂။  
   စစ်တွေမြို့ပေါ်ရှိ အ.ထ.က ကျောင်းများတွင် ပညာသင်ကြားနေသော အထက်တန်းကျောင်းသား/သူ (၄၅)ဦး ခန့် လုံခြုံရေးအရ မသွားလာနိုင်သောကြောင့် ယခုနှစ် ပညာသင်နှစ် တွင် ကျောင်းမတတ်ရဘဲ ဖြစ်နေပါသည်။
၃။ 
   ၎င်းကမန်တိုင်းရင်းသားကျေးရွာများတွင် ဒုတိယကမ္ဘာစစ်အတွင်းက စစ်တွေမြို့ပေါ်ရှိ ရခိုင်တိုင်းရင်းသားများ အဓိက သွားရောက်နေထိုင်ခဲ့သော ကျေးရွာများဖြစ်ပါသည်။ (လေ့လာကြည့်ပါက သိရှိနိုင်ပါသည်။)
၎။  
  ရခိုင်ဘုရင် အဆက်ဆက်၏ အဖရခိုင်ပြည် ထူထောင်ရေးမှာ ကမန်တွေ တတပ်တအား ပါဝင်ခဲ့ကြောင်း ကို ရခိုင်သမိုင်းမှာ အထင်အရှား တွေ့ရပါသည်။ (ကြည့်ရန် - ရခိုင်ဘုရင်အဆက်ဆက်စစ်ချီသမိုင်း)
၅။ 
  ထို့ကြောင့် စစ်တွေမြို့ ရှိ ကမန်တိုင်းရင်းသားများ၏ ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများ ကို ပြေလည်စေ ရန် ဝန်ကြီးချုပ် ၊ ရခိုင်ပြည်နယ်အစိုးရ ဋ္ဌာနဆိုင်ရာများ ၊ သံဃာတော်များ ၊ ရခိုင်ပါတီများနှင့် ရခိုင်သူ/ရခိုင်သား အ   ပေါင်း   တို့ က အကူညီပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။


ဦးကျော်ငြိမ်း
တွဲဖက်အတွင်းရေးမှူ (၁)
ကမန်အမျိုးသားတိုးတတ်ရေးပါတီ

Comments

Popular posts from this blog

တိုင်းရင်းသားလူမျိုးများ

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း