လူမျိုးစုတိုင်းရဲ့ မွေးရာပါနိုင်ငံသားအခွင့် အ ရေး ကို ခြိမ်း ခြောက် ထား သော ဥပဒေ

September 21, 2013 at 4:32pm
အင်တာနက်နဲ့ အဆက်ပြတ်နေတာကြာပြီဖြစ်လို့ ပျင်းရိရိဖြစ်တုန်း ကျနော့် မိတ်ဆွေတစ်ယောက်နဲ့၈၂ ဥပဒေ အကြောင်း စကားစပ်မိပြီး “တိုင်းရင်းသား” ဆိုတဲ့ သတ်မှတ်ချက်နဲ့ပက်သက်တဲ့ သူ့အထင်ကို နားထောင် မိတော့ ကျနော် ရေးစရာခေါင်းစဉ်တစ်ခု ရသွားတယ်။ ကျနော့်မိတ်ဆွေ ထင်နေတာ က မြန် မာ နိုင်ငံ တွင်း မှာနေထိုင်သူ ဘယ်လူမျိုးမဆို ၁၈၂၃ မတိုင်ခင် ဘိုးစဉ်ဘောင် ဆက် နေ ထိုင်လာ ခဲ့ကြောင်း အထောက်အထားပြနိုင်ရင် ၈၂ ဥပဒေအရ တိုင်းရင်းသားစာရင်းပေါက်ပြီ မှတ်နေ တာ..ဒီတော့ ကိုယ့် မှာ အထောက်အထားပြည့်စုံရင် ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ပြင်၊ မပြင်ပြင်လည်း ဂရုစိုက်စရာမရှိ ဘူး လို့ ဆို လာပါတယ်။ တကယ်တမ်းလည်း ၈၂ နိုင်ငံသားဥပဒေကို အပေါ်ယံဖတ်ကြည့်ရင် သူပြော သလို ထင် မိ မှာ ပဲ .. အဲဒီလို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ထားတာ ကိုး။ ကျနော် အမြင် ကတော့ မြန် မာပြည်မှာ လူမျိုး (၈) မျိုးကလွဲရင် လက် ရှိတိုင်းရင်းသားစာရင်းထဲမှာပါနေတဲ့ ကျန်လူမျိုး စု (၁၂၇) မျိုး နဲ့ တိုင်းရင်း သားစာရင်းထဲက ပယ်ဖျက်ခံထားရတဲ့ ကျန်လူမျိုးစုတွေဟာ ဥပဒေ အရ ရေရာသေ ချာ မှုမရှိတဲ့ အခြေ အနေချင်း အတူတူပါပဲ..။ သေချာထပ်ပြောရရင်၈၂ ဥပဒေအရ တိုင်းရင်းသားစာရင်း မှာပါလို့ တိုင်း ရင်း သားဖြစ်ခွင့်ရနေတဲ့ လူမျိုးစုတွေနဲ့ စာရင်းမှာ မပါ လို့ နိုင်ငံခြားသားအဖြစ် အဓ္ဓမ သတ်မှတ်ခံ ထား တဲ့ လူမျိုးစုတွေရဲ့ မွေးရာပါနိုင်ငံသားဖြစ်ခွင့်အခွင့်အရေးကို ဥပဒေအရ စနစ်တကျ ခြိမ်းခြောက် ခံနေရတဲ့ အခြေအနေ ချင်း အတူတူလို့ပြောရပါမယ်။အောက်မှာ ၁၉၈၂ နိုင်ငံသားဥပဒေ ပုဒ်မ – (၃) ကိုကြည့်ပါ။

“ ၃။    နိုင်ငံတော်တွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ – ခုနှစ်၊ ခရစ်သက္က ရာဇ် ၁၈၂၃ ခုနှစ်မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင် ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများ နှင့် မျိုးနွယ်စုများသည်  မြန်မာနိုင်ငံ သား  ဖြစ် သည်။ ”
သေချာအောင် အင်္ဂလိပ်ဗားရှင်းကိုပါ ကြည့်ပါ။
အောက်ပါ (၁၉၄၈) ခုနှစ် နိုင်ငံသား ဥပဒေနှင့် ယှဉ်ကြည့်ပါ။

ဒီတော့ ၈၂ နိုင်ငံသားဥပဒေ ပုဒ်မ ၃ ကို သာမာန်ဖတ်ကြည့်ရင်တော့ ၄၈ ဥပဒေ ပုဒ်မ – ၃(၁) ကိုပဲပြန် ထည့်သွင်းထားသလိုထင်ရပေမဲ့ တကယ်တမ်းတော့ စာသားတွေ ကို နေရာပြောင်းရေး လိုက်ခြင်းဖြင့် လူသန်းပေါင်းများစွာ၏ မွေးရာပါအခွင့်အရေးများကို ပယ်ဖျက်လိုက်ခြင်းသာ ဖြစ်တယ်။ အထက် ပါ ၁၉၄၈ နိုင်ငံ သားဥပဒေ ပုဒ်မ (၃) က `တိုင်းရင်းသား´ဆိုတဲ့ ဝေါဟာရကို အဓိပ္ပါယ်ဖွင့် ချက်ဖြစ်သော် လည်း၊ ၈၂ ဥပဒေ ပုဒ်မ – ၃ တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း -
ဒီ (၈) မျိုးကိုသာ မြန်မာနိုင်ငံ၏ တိုင်းရင်းသားများအဖြစ် ယတိပြတ်သတ်မှတ်ဖေါ်ပြထား ကာ၊ကျန်မျိုးနွယ်စု များအားလုံးကိုတော့ ၁၈၂၃ ခုနှစ် မတိုင်မီထဲက အစဉ်တစိုက်နေထိုင်ခဲ့တယ်လို့ယူဆခံရပါက `နိုင်ငံသား´   အဖြစ် သာ သတ်မှတ်ကြောင်း ဖေါ်ပြထားတာပါ။ ထိုမျိုးနွယ်စုများကိုထိုစဉ်က ၀န်ကြီးချုပ်ပါ ၀င်သော (၂၉) ဦး ပါ နိုင်ငံတော်ကောင်စီ ဆိုသည့်အဖွဲ့ (ယခုဆိုလျှင်တော့နိုင်ငံသား စိစစ်ရွေးချယ်ရေး အဖွဲ့လိုမျိုး) ကဲ့သို့ လူတစ်စုရဲ့ ဆန္ဒ၊ ဆုံးဖြတ်ချက်ဖြင့်သာ တိုင်းရင်းသားမျိုးနွယ်စု ဟုတ်၊ မဟုတ် ဆုံးဖြတ် မည် ဖြစ်တယ်။
အမှန်တော့ လူမျိုးစုတစ်စု ဤနယ်နိမိတ်အတွင်း ရှိခြင်း၊ မရှိခြင်းကို ဆုံးဖြတ်ဖို့ရန် အာဏာ နှင့်အရည် အချင်း ဟာ ဒီ ဥပဒေအရ သတ်မှတ်ထားသူများတွင် လုံးဝ မရှိပါ။ အာဏာ လက်ကိုင်ထား သူအစိုးရ အနေဖြင့် `တိုင်းရင်းသား´ မည်သူမည်ဝါဖြစ်စေရမည် ဟု ဆုံးဖြတ်ပေးပိုင်ခွင့်ထက်၊ရှေးအစဉ် အဆက် အမှန် တကယ် နေ ထိုင် ခဲ့သောသူများကို အသိအမှတ်ပြုရန် တာဝန်သာရှိပါတယ်။လူမျိုး(၈) မျိုးမှလွဲ၍ ယနေ့ မြန်မာနိုင်ငံဟု ဖြစ်လာသည့် နယ်နိမိတ်အတွင်း ရှေးပဝေသဏီထဲ ကအစဉ် အဆက်နေထိုင်ခဲ့သည့် ကျန် လူမျိုးစုများအားလုံး၏ မွေးရာပါနိုင်ငံသားအခွင့်အရေးသည်ဘယ်လိုမှမသက်ဆိုင်တဲ့ လူတစ်စု၏ စိတ်ကူး ပေါ်တွင် မူတည် ၍ ဖြုတ်နိုင်၊ ဖြည့်နိုင်သည့် စာရင်းရှင်သာ ဖြစ်နေသည်။ ခုလို မိမိကြိုက်သူကို `တိုင်းရင်း သား´၊ မကြိုက် သူဆိုရင် `နိုင်ငံခြားသား´သတ်မှတ်နိုင်သော ၈၂ မြန်မာနိုင်ငံ သားဥပဒေသည်  အမှန်စင်စစ် ရှက်ဖွယ်လိလိ လူမျိုးရေးခွဲခြားသော၊ လူသားမဆန်ဆုံးသော၊ ရယ် စရာ   ကောင်းသော ဥပဒေတစ်ရပ်သာ ဖြစ်နေပါတယ်။ဥပဒေက ရယ်စရာကောင်းသော်လည်း ခံစားလိုက်ရသူတွေအတွက် မူ မွေး ရာ ပါပြစ်ဒဏ် သဖွယ် ဆိုးရွားလှပါတယ်။
နောက်တစ်ချက်ပြောရရင် မြန်မာလူမျိုးအပါအ၀င် လူမျိုး(၈) မျိုးဆိုတာ သူ့အလိုလို ဒီမြေကြီးထဲ ကထွက် လာ တာမဟုတ်၊ မိုးပေါ်က ကျလာတာလည်းမဟုတ်ဘဲ၊ သမိုင်းကြောင်းအရ ရှေး ဘိုးဘေးမြန်မာများဟာ တရုတ်ပြည် အနောက်တောင်ပိုင်းဒေသမှတဆင့် ယနေ့မြန်မာနိုင်ငံလို့ ဖြစ်လာ မဲ့ဒေသများကို ၀င်ရောက် လာပြီး သူတပါးနယ်မြေများကို ကျူးကျော်လုယူသိမ်းပိုက်ခဲ့သူတွေ သာဖြစ်ပါတယ်။ ဒါ ငြင်းစရာ မလိုတဲ့ သမိုင်းပါ။ မြန် မာနိုင်ငံလို့ နယ်နိမိတ်အတွင်းမှာ မြန်မာလူမျိုးတွေ မရောက်လာခင်ထဲက တခြား လူမျိုးတွေ   ကောင်း စွာအခြေချနေထိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဥပမာ -
ရိုဟင်ဂျာ ၊ ပသီ လူမျိုးများသည် ကိုယ့်မင်းကိုယ့်ချင်းနှင့် နေထိုင်ခဲ့သည့် သမိုင်းအထောက်အထား ခိုင်ခိုင် မာမာ ရှိခဲ့ပြီး၊ ကျန် ပရှုး၊ မြေဒူး … အစရှိသည့် လူမျိုးစများ သည်လည်း မြန်မာ့သမိုင်း တလျောက် အစဉ် အဆက် ရှိခဲ့သည့် သမိုင်းကြောင်းများ ရှိပါတယ်။ ဒီ လူမျိုးစုတွေကို ခုချိန်ကျမှ တနေရာကရောက် လာ သူတွေ လိုလို သတ် မှတ်ပြီး အသိအမှတ်မပြုဘဲ နေလို့မရပါ။ “တိုင်းရင်းသား” ဆိုတဲ့ဝေါဟာရ ကို နေ ရာ ကွက်ပြီး သတ်မှတ်ခြင်းသည် လုံးဝအဓိပ္ပါယ်မရှိပါ။ မိုင်ပေါင်း(၂၆၁၂၂၈) မိုင်အတွင်း အကျုံး ၀င်သည့် လူမျိုးစုများထဲမှ သတ်မှတ်ထားသောသက္ကရာဇ် မတိုင်မီ နေ ထိုင်ခဲ့ကြောင်း ခိုင်မာလျှင် တိုင်းရင်းသား အဖြစ် မွေးရာပါနိုင်ငံသား အခွင့် အရေး ပေး ကို ပေးရပါမယ်။ “ဒီလိုသွင်ပြင် သဏ္ဍာန်ရှိတဲ့သူတွေပဲ ဒီနေရာမှာ ရှိနေခဲ့တာ၊ဒါက လွဲရင် တခြားပုံစံနဲ့ ယဉ်ကျေးမှုမ တူတဲ့ လူမျိုးတွေ မရှိခဲ့ဘူး”လို့ တထစ်ချမှတ်ယူထားတဲ့ အမြင်ဟာ အလွန်ရယ်စရာကောင်းတဲ့ အမြင်ပါ။ ဒီလိုငြင်း ဆန်နေခြင်း အားဖြင့် လူပေါင်းများစွာရဲ့အခွင့် အရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို ဖြုန်း တီးလိုက် သလိုဖြစ်ပြီး၊ ပြဿနာတွေထဲတ၀ဲလည်လည်နှင့် ခုလို ခွက်လက်စွဲနိုင်ငံ ဘ၀က ပြောင်းလဲ လာဖို့ မမြင်ပါ။ ဒီလို အခြေအနေဆိုက်နေရခြင်းရဲ့ အဓိက အကျဆုံး အကြောင်းရင်းမှာ ၁၉၈၂ နိုင်ငံသားဥပဒေတွင် `တိုင်း ရင်းသား´ ဆိုသည့် စကားရပ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက် (လုံးဝ) မပါခြင်းပင်ဖြစ်သည်။ ၁၉၄၈ ဥပဒေအရ တိုင်းရင်း သား ဖွင့်ဆိုချက်သည်လည်းပဲ မပြည့်စုံပါ။ အမှန်က`တိုင်းရင်းသား´ ဆိုတဲ့ ဝေါဟာရ ၏ ပြည့် စုံသော အဓိပ္ပါယ် ဖွင့်ဆိုချက်အတွက် ၁၈၂၃ ခုနှစ်မတိုင်မီဆိုတဲ့ သက္ကရာဇ်သတ်မှတ်ချက်အစား အမှန် တကယ် ရှိနေခဲ့သော လူမျိုးစုအားလုံး၏အမည်စာရင်းကို ဥပဒေထဲ မှန်မှန်ကန်ကန် ထည့်သွင်းဖေါ်ပြ ထားခဲ့လျှင် နောင်အခါအထုပ်ရှုပ်တွေဖြစ်လာမည် မဟုတ်ပေ။ အဲဒီခေတ်အခြေအနေအရ တိုင်းရင်း သားမျိုးနွယ် စုစာရင်းကို တိတိ ကျကျ သတ်မှတ်ဖို့ ခက်ခဲနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောလိုတာက ၈၂ နိုင်ငံသားဥပဒေဟာ ခုလက်ရှိ နိုင်ငံသားအခွင့်အရေးဆုံးရှုံးနေ သူ လူနည်းစု ရဲ့ ပြဿနာသက်သက်သာ မဟုတ်ဘဲ လူမျိုး (၈) မျိုးက လွဲရင်မြန်မာပြည်တွင်းရှိ တိုင်းရင်း သား မျိုးနွယ်စု အားလုံးကို ခြိမ်းခြောက်နိုင်အောင် ရည်ရွယ်ချက်ရှိရှိစီမံထားတဲ့ ဥပဒေတစ်ခုပါ။ ဒီဥပဒေရဲ့   ခြိမ်းခြောက် မှုနဲ့ လွတ်တယ်ဆိုတဲ့ လူမျိုး (၈) မျိုးအနေနဲ့ကလည်း ရေရာသေချာမှုမရှိတဲ့ ဥပဒေရဲ့ မျက်နှာ  သာပေး မှုကို စိတ်ချနေလို့ မရနိုင်ပါ။
အခြေအနေပေါ်မူတည်၍ လူမျိုး ပြောင်းသွားနိုင်သေးသည်။ သေချာတာကတော့ လူတစ်ဦးရဲ့မွေးရာပါနိုင်ငံ သား အခွင့်အရေးသည် ဥပဒေအရ ဆိုတာထက် လူတစ်စုရဲ့ လူမျိုးစွဲ၊ ဘာသာစွဲ၊ဆန္ဒစွဲ ပေါ်မှာ ပိုပြီး မူတည်နေတဲ့အတွက် ပြင်ဆင်သင့် (သို့) ဖျက်သိမ်းသင့်သည့်ဥပဒေတစ်ရပ်သာ ဖြစ်ပါကြောင်း ..
ဦးဦး မှော်ဆရာ
(၂၁-၉-၂၀၁၃)

Comments

Popular posts from this blog

တိုင်းရင်းသားလူမျိုးများ

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း