Posts

Showing posts from October, 2013

ဗိုးတော်ဘုရားလက်အောက်ခံရခိုင်ပြည် (4 photos)

Image

မြောက်ဦးနှင့် မြန်မာနိုင်ငံ မင်းဆက်များ

မြောက်ဦး From Myanmar Online Encyclopedia Jump to: အညွှန်း , ရှာဖွေရန် ရှေးရခိုင် တွေဟာ ကောင်းမှု ကုသိုလ် မှတ်တမ်းကို ဂုပ္တ အက္ခရာကို သုံးပြီး သက္ကတ ဘာသာနဲ့ ရေးထိုး ခဲ့ကြတယ်။ ရှေး အက္ခရာ လေ့လာရေး ပညာ အရ ခေတ်ဦး ရခိုင် ကျောက်စာ တွေဟာ ခရစ် ၆ ရာစု နှစ်ဦးက ဖြစ်တယ်လို့ ဆုံးဖြတ် တယ်။ ကျောက်စာ တွေကို ကျောက်ဖြူ၊ စစ်တွေနဲ့ သံတွဲမှာ တွေ့ရှိပါတယ်။ ဒီအရပ် တွေဟာ အခုခေတ် မှာလို ရှေးကလည်း လူနေ များတဲ့ အရပ်တွေ ဖြစ်ပါတယ်။ လူတွေက တိဗက် – မြန်မာ စကား အနွယ်ဝင်တွေ အမှန် ဖြစ်တယ်။ ဒါပေမဲ့ သူတို့ဟာ မြန်မာတွေ မြန်မာနိုင်ငံ အတွင်းကို ဝင်မလာမီ ကပဲ ရခိုင်ကို ရောက်ရှိ နေပြီလို့ ပြောနိုင်တယ်။ ရခိုင် ဒေသကို အိန္ဒိယ ဘက်က ဝင်တယ်လို့ ယူဆ နိုင်စရာ ရှိပါတယ်။ ရခိုင်မှာ အစောဆုံး နေထိုင် သူတွေက တိဗက် – မြန်မာ အနွယ်ဝင်တွေ ဖြစ်ပေမဲ့ အဲဒီ လူတွေဟာ မြောက်အိန္ဒိယ ဓလေ့ တွေကို နှစ်သက် စွဲလမ်းသူ များတယ်။ တိုင်းပြည် အုပ်ချုပ်တဲ့ မင်းတွေက စဏ္ဍန္ဒ ဆိုတဲ့ ကုလားဘွဲ့ကို ခံယူ ကြတယ်။ လမ်း ဖောက်၊ ဆည်မြောင်းသွယ် စတဲ့ အလုပ် တွေကို အားပေး လုပ်ဆောင် ခဲ့တယ်။ အပေါ်ပုံမှာ ဖော်ပြ ခဲ့သလို သီဝနတ် ကွန်း ပုံစံငယ် ရှေ့မှာ ဘုရင်နဲ့ မှူးမတ...

ရခိုင်အင်ပါယာကျဆုံးခြင်း (8 photos)

Image

ရခိုင်ပြည်နယ်နှင့် မွတ်ဆလင် လူ့အဖွဲ့အစည်း by အာမန် (ပညာရေး)

  (၁) ရခိုင်ပြည်သည် နှစ်ပေါင်း ထောင်ကျော် ကိုယ့်ထီးကိုယ့်နန်းဖြင့် သီးခြားလွတ်လပ်စွာ တင့်တင့် တယ်တယ် ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်။ ရခိုင်ပြည်၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုတို့မှာ ရခိုင် ပြည်သူတို့ အပေါ်သာ မူတည်ခဲ့သည်။ နှစ်ပေါင်း ထောင်ကျော်သော ကာလအတွင်း ရခိုင်ပြည်၏ အဓိက လူမျိုးကြီး နှစ်ရပ်ဖြစ်သော ရခိုင် ဗုဒ္ဓဘာသာဝင်များ နှင့် ရိုဟင်ဂျာ အစ္စလာမ် ဘာသာ ၀င်တို့သည် မြို၊ သက်၊ ဒိုင်းနက်၊ ချင်း၊ ခမိ စသည့် လူမျိုးစုတို့နှင့်အတူ မရှိအတူ၊ ရှိအတူ၊ အေး အတူ၊ ပူအမျှ၊ တရေတည်းသောက်ကာ တလှေတည်းစီးပြီး တမြေတည်း၌ပင် နေထိုင်လာခဲ့သည်။ နိုင်ငံ့ ဦးဆောင် မင်းတို့သည် ပြည်သူ တစ်ရပ်လုံး၏ ခိုင်မာသော ညီညွတ်မှုကို စုစည်းနိုင်ခဲ့တိုင်း နိုင်ငံ၏ အရှိန်အ၀ါ ထွန်းပြောင်နိုင်စေခဲ့ပြီး၊ ညီညွတ်မှု ဖြိုခွဲလေတိုင်း နိုင်ငံ၏ ဂုဏ်ရည် မှေးမှိန် ခဲ့သည်။ ၁၅ – ရာစုမှ ၁၇ – ရာစုနှစ်များသည် ရခိုင်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ စစ်ရေး စသည့်နယ်ပယ်အားလုံးတွင် တိုးတက်ခိုင်မာခဲ့ဘူးသော်လည်း ၁၇ – ရာစုနောက်ပိုင်းတွင် နိုင်ငံ တွင် ညီညွတ်မှု ဖြိုခွဲ ခဲ့သောကြောင့်   နိုင်ငံ့အင်အား တစတစ ယုတ်လျော့လာကာ ဖရိုဖရဲ ဖြစ်ရရှာ သည်။ ၁၆၆၆-ခ...

ရခိုင်မွတ်ဆလင်များ

Image

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း

by Myo Set (ပါးစပ်သမိုင်း၊ ပါးစပ်ရာဇဝင်နဲ့ နိုင်ငံရေးမှာအရေးကြီးတဲ့ကောက်ချက်တွေကို ဆွဲရင် အန္တရာယ် များတတ်တယ်။ ယမန်နေ့က သမိုင်းသုတေသနနဲ့ Political Behavior ကို ဆန်းစစ်ခြင်းကို အနည်း ငယ်ရေးပြခဲ့တယ်။ Research methodology in History ကိုရေးဖို့ရာမှာ ကျယ်ပြန့် လွန်းလို့အချိန်အခက်အခဲရှိလာတယ်။ကိုယ်အကျွမ်းတစ်ဝင်သိပ်ရှိနေတဲ့နယ်မှမဟုတ်တာကိုး။ ဒီတင် ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ စာကိုဖတ်မိတော့ မြန်မာနိုင်ငံကလိုအပ်တာနဲ့ကွက်တိပဲလို့ ခံစားမိတယ်။ ဒါကြောင့် စာပြန်စီပေးလိုက်ပါတယ်။) သမိုင်းသုနေသနအကြောင်းဟာ လူတွေအများကြီးသိရင်အကောင်းဆုံးပဲ။ သိတဲ့သူတွေကလဲ သုတေသန လုပ်သူတွေကို ကူညီရင်အကောင်းဆုံးပဲ။ ကျောင်းသားတွေဆိုရင် သမိုင်းသုတေ သန လုပ်နည်း လုပ်ထုံး သိထားရင် ကိုယ့်နယ်ကိုယ်ပြန်တဲ့အခါ ဘယ်ဟာက သမိုင်းအထောက်အထား ပစ္စည်းဆိုတာကို နား လည်ပြီး သုတေသနလုပ်သူကို ကူညီတတ်လာမှာပါ။ အခုပြောနေတာက အခုနားထောင်သူတွေထံက အကူအညီလိုလို့လဲပါပါတယ်။ မြန်မာနိုင်ငံသမိုင်းသုတေသနနဲ့ပတ်သက်လို့ အပိုင်း ၃ ပိုင်းခွဲခြားထားပါတယ်။ အဲ့ဒါတွေကတော့ (၁)ဘာကြောင့်သုတေသနလုပ်ရသလဲ (၂) သုတေသနနဲ့ပတ်သက်တဲ့ပြဿနာ (၃) သုတေသနနြဲ့...